KIC News
စစ်အုပ်ချုပ်ရေးသက်တမ်းထပ်တိုးသည့် မြို့နယ်(၆၃)ခုတွင် ကော့ကရိတ်နှင့်ကြာအင်းဆိပ်ကြီးတို့ပါဝင်
ဇန်နဝါရီ ၃၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
အာဏာသိမ်းစစ်အုပ်စု၏ ယနေ့(ဇန်နဝါရီ ၂၉)ရက်နေ့စွဲဖြင့် စစ်အုပ်ချုပ်ရေးနှင့်အရေးပေါ်အခြေအနေ သက်တမ်း(၃)လ ထပ်တိုးကြေညာချက်တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)၊ ဒူးပလာယာခရိုင်ရှိ ကော့ကရိတ်နှင့်ကြာအင်းဆိပ်ကြီးမြို့နယ်တို့ ဆက်လက်ပါဝင်လာသည်။
လက်နက်ကိုင်များကိုနှိမ်နင်းရန်နှင့် နယ်မြေငြိမ်းချမ်းရေးအတွက်ဆိုကာ စစ်အုပ်စုက ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်(၃၁)ရက်ဖြင့် ကရင်အပါအဝင် တိုင်းနှင့်ပြည်နယ်ရှိ...
ဒရုန်းဗုံးကြောင့် ဘီးလင်း၊ ဖိုးဝသိမ်စာသင်ကျောင်း ထိခိုက်ပျက်စီးမှုများ
ဇန်နဝါရီ (၃၀)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁) သထုံခရိုင်၊ ကျိုက်ထို(ဘီးလင်းမြို့နယ်)၊ ဖိုးဝသိမ်စာသင်ကျောင်းကို ယမန်နေ့(ဇန်နဝါရီ ၂၉ရက်)က စစ်အုပ်စုဒရုန်းဗုံးကြဲတိုက်ခိုက်သဖြင့် ထိခိုက်ပျက်စီးမှုများပြားခဲ့ကြောင်း ဒေသခံများကပြောသည်။
သံတံတားဂိတ်အထိုင်ချ စစ်အုပ်စုက ယမန်နေ့ နေ့လည်(၁၂)နာရီဝန်းကျင်တွင် ဒရုန်းဗုံးသုံးလုံးဖြင့် ကြဲချတိုက်ခိုက်ခြင်းဖြစ်ပြီး ဗုံးနှစ်လုံးကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။ ကျောင်းပိတ်ထားရသည့်ကာလဖြစ်သောကြောင့် ကျောင်းခေါင်မိုးနှင့်စာသင်ကျောင်းအဆောက်အဦးများ ထိခိုက်ပျက်စီးမှုများပြားသည်မှလွဲ၍...
ပိတ်ဆို့ဖမ်းဆီးမည့် သတင်းကြောင့် ဖားအံ-မြဝတီအတက်အဆင်း ထိုင်းကုန်စည်တင် ကားများ တိမ်းရှောင်နေရ
ဇန်နဝါရီ ၂၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှ ပြည်တွင်းသို့ တရားမဝင် ဝင်ရောက်လာမည့် ကုန်စည်များအား စစ်အုပ်စုက ဖမ်းဆီးစစ်ဆေးမည့် သတင်းကြောင့် မြဝတီ-ဖားအံ လမ်းပိုင်းမှ ကုန်စည်ကားများ တိမ်းရှောင်နေကြရကြောင်း သိရသည်။
ယနေ့ ဇန်နဝါရီ ၂၈ ရက်တွင် စစ်အုပ်စုခန့်...
Karen Organization of America အဖွဲ့ဝင် စောကနေဒီနှင့်ဆက်သွယ်မေးမြန်းခြင်း
“ကားပေါ်မှာ ဘယ်အချိန်ဆွဲသွားမလဲ။ အိမ်တံခါးကို ဘယ်ချိန်လာခေါက်မလဲ။ ဘယ်နေရာပဲနေနေ မလုံခြုံဘူးလို့ စိတ်ခံစားရတယ်”
Karen Organization of America အဖွဲ့ဝင် စောကနေဒီနှင့်ဆက်သွယ်မေးမြန်းခြင်း
ပြီးခဲ့သည့်နှစ်ကုန်ပိုင်းကစတင်ကာ မင်နီဆိုးတားရောက် ရွှေ့ပြောင်းနေထိုင်သူများကို ICE အဖွဲ့ဝင် အာဏာပိုင် များက တဖြည်းဖြည်းအရှိန်မြှင့် လာရောက်စစ်ဆေးမှုများပြုလုပ်နေခြင်းအပေါ် ကရင်အပါ အဝင် မြန်မာနိုင်ငံမှရွှေ့ပြောင်းနေထိုင်သူများကြား ရင်ဆိုင်နေရသည့်...
နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု ပေါ်ထွန်းလာနိုင်ရေး 7 EAO Alliance အဖွဲ့ ဆွေးနွေးခဲ့
ဇန်နဝါရီ ၂၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
စစ်အုပ်စု၏ ရွေးကောက်ပွဲအလွန် အသစ်တက်လာသည့် အစိုးရနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး နိုင်ရေးအတွက် ယမန်နေ့ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ပြုလုပ်သည့် NCA အပစ်ရပ် မဟာမိတ် 7 EAO Alliance ၏...
အကျဥ်းထောင်လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်မည်ဟု IEC ပြော
ဇန်နဝါရီ ၂၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကြားကာလကရင်နီပြည် အုပ်ချုပ်ရေးကောင်စီ-IEC က ဝန်ထမ်းအင်အားဖြည့်တင်းရေးနှင့် ထောင်အဆောက်အဦးတည်ဆောက်ရေးအပါအဝင် အကျဥ်းထောင်လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယနေ့(ဇန်နဝါရီ ၂၉)ရက်နေ့တွင် ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ(၁၈)ရက်နေ့က ကရင်နီပြည်နယ်၊ မယ်စဲ့အကျဥ်းထောင်မှ စစ်သုံ့ပန်းနှင့်အကျဥ်းသားများ ထောင်ဖောက်ထွက်ပြေးသွားသည့် ဖြစ်စဥ်နှင့်ပတ်သက်ပြီး IEC က...
၂၀၂၅ ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆု KNU တရားရေးဌာနမှူး ပဒိုနော်လွဲထူးစေးရရှိ
ဇန်နဝါရီ ၂၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
၂၀၂၅ ခုနှစ်အတွက် ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလားဖန်း၏ လူငယ်ခေါင်းဆောင်ဆုကို ကေအဲန်ယူ ဗဟိုတရားရေးဌာနမှူး ပဒိုနော်လွဲထူးစေးအား ပေးအပ်ချီးမြှင့်ကြောင်း ဖန်းရှောင်ဒေးရှင်းမှ ယနေ့ (ဇန်နဝါရီလ ၂၉ ရက်)တွင် ထုတ်ပြန်ကြေညာလိုက်သည်။
ပဒိုနော်လွဲထူးစေးသည် ဗဟိုတရားရေးဌာန၏...
ရန်ကုန်-မော်လမြိုင်လမ်းမှ မွန်၊ ကရင်ဘက် စစ်အုပ်စုမော်တော်ယာဥ်အစီးရေအများအပြား တက်လာ
ဇန်နဝါရီ ၂၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ တပ်မဟာ(၁)နယ်မြေ/သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်း မကြီးအတိုင်း ကရင်ပြည်နယ် ဖားအံ၊ ကော့ကရိတ်၊ မြဝတီဘက်သို့ စစ်အုပ်စုမော်တော်ယာဥ်တန်းအများအပြား တက်လာကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များက ပြောသည်။
ယမန်နေ့ (ဇန်နဝါရီ ၂၈ရက်နေ့)က တင့်ကားအချို့ပါဝင်သည့် စစ်အုပ်စုမော်တော်ယာဥ်အစီးရေ (၅၀)ထက်မနည်း မွန်ပြည်နယ်မှတဆင့်...
မဲဆောက်မြို့၌ ဆိုင်ကယ်ခိုးမှု များလာသဖြင့် နယ်မြေခံရဲများက ယာဉ်လုံခြုံရေး သတိပေး
ဇန်နဝါရီ ၂၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် မဲဆောက်မြို့တွင် ဆိုင်ကယ်အခိုးခံရမှု များလာနေသဖြင့် မိမိပိုင်ဆိုင်သည့် ယာဉ်များကို သော့ပိတ်ထားရန် ထိုင်းရဲများမှ ရပ်ကွက်အတွင်း လိုက်လံ သတိပေးလျက်ရှိသည်ဟု သိရသည်။
မဲဆောက်ဧရိယာအတွင်း ဆိုင်ကယ်ခိုးခံရမှု ယခင်ထက် များလာသည့်အတွက် ဆိုင်ကယ်များကို သော့အဆင့်ဆင့် ပိတ်ရန် အာဏာပိုင်ထိုင်းရဲများမှ...
ပုလောတွင် စစ်အုပ်စု စစ်ကြောင်းနှင့် ဂိတ်စခန်းများ တိုက်ခိုက်ခံရ၊ အရာရှိ ၂ ဦးအပါအဝင် ၃ ဦးသေ
ဇန်နဝါရီ ၂၈ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ် စစ်ကြောင်း နှင့် ဂိတ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်၏ ကြားဖြတ်တိုက်ခိုက်မှုနှင့် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်မှုကြောင့် စစ်အုပ်စုဘက်မှ အရာရှိ ၂ ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့သည်ဟု...















