Home Authors Posts by KIC News

KIC News

22508 POSTS 0 COMMENTS

လက်နက်နှင့်အတူ အလင်းဝင်လာသော စစ်ကောင်စီတပ်သား ၄ ဦးကို ကျပ် ၁၅ သိန်းစီ ကေအဲန်ယူချီးမြှင့်

နိုဝင်ဘာလ ၂၀ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ မူတြော်(ဖာပွန်)ခရိုင်/တပ်မဟာ(၅)တွင် လက်နက်အပြည့်အစုံနှင့်အတူ ဘက်ပြောင်းအလင်းဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်(၄)ဦးကို တစ်ဦး လျှင် ငွေကျပ် ၁၅ သိန်းစီချီးမြှင့်ပေးအပ်ခဲ့ကြောင်း ကေအဲန်ယူ မူတြော်ခရိုင်က နိုဝင်ဘာလ ၁၉ရက်၊ ယမန်နေ့တွင် ထုတ်ပြန်ထားသည်။ အဆိုပါ လက်နက်ချအလင်းဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်(၄)ဦးသည် တပ်မဟာ...

ဖားအံ-မြဝတီလမ်းပိုင်းတွင် ကျွဲနွားတင်ကားများဖြင့် စစ်ကောင်စီတပ် လက်နက်ခဲယမ်းသယ်ဆောင်နေ

နိုဝင်ဘာလ ၂၀ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ စစ်ကောင်စီတပ်က ဖားအံအခြေစိုက် တပ်မ ၂၂ ကနေ မြဝတီမြို့ဘက် ပို့ဆောင်မည့် ကျွဲနွားတင်ကုန် ကားများဖြင့် ကျုံဒိုး၊ ကော့ကရိတ်၊ မြဝတီလမ်းပိုင်းရှိ စစ်တပ်စစ်စခန်းများကို လက်နက်ခဲယမ်း ပို့ဆောင် ခိုင်းမှုများ လုပ်နေသည်ဟု စစ်တပ်နှင့် နီးစပ်သည့် ကုန်ကားသမားသတင်းအရင်းအမြစ်က...

တောင်ငူမြို့ပေါ် အိမ်ငှားနေထိုင်သည့် စစ်ရှောင်နေအိမ်များ ဧည့်စာရင်းနှင့် ဖုန်းစစ်ဆေးခံရမှု ပိုများနေ

နိုဝင်ဘာလ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့ရှိ အချို့ရပ်ကွက်များတွင် အခြားမြို့များမှ လာ ရောက်စစ်ဘေးတိမ်းရှောင်နေရသည့် အိမ်ငှားနေထိုင်သူများအား စစ်ကောင်စီက ဧည့်စာရင်းနှင့် ဖုန်းစစ်ဆေးမှုများ လုပ်ဆောင်နေသည်မှာ ယခုနိုဝင်ဘာလအတွင်း ပိုမိုများပြားလာနေကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။ သံတောင်ကြီး၊ ရေတာရှည်၊ မုန်း၊ ကျောက်ကြီးနှင့်...

နတ်သံကွင်းဘုန်းကြီးကျောင်းရှိ စစ်ကောင်စီတပ်များအတွက် ကူပစ်ပေးသောလက်နက်ကြီးကြောင့် ဒေသခံတစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

နိုဝင်ဘာလ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် နတ်သံကွင်းမြို့ရှိ စိန်ပန်းဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်များ နိုဝင်ဘာလ(၁၈)ရက်၊ ယမန်နေ့တွင် ဒရုန်းဗုံးဖြင့် တိုက်ခိုက်ခံရသဖြင့် အနီးရှိစစ်တပ်ဂိတ်မှ လက်နက်ကြီးများပစ်ကူတိုက်ခိုက်ပေးမှုကြောင့် နတ်သံကွင်းမြို့နေ ဒေသခံတစ်ဦး သေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယမန်နေ့ ညနေပိုင်းက...

ကရင်နီစစ်ဘေးရှောင်များ မိမိတို့ ထိန်းချုပ်နယ်မြေအတွင်း လာရောက်ခိုလှုံနိုင်ကြောင်း PNLO ထုတ်ပြန်

နိုဝင်ဘာလ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့ ဖြစ်ပွားနေသော တိုက်ပွဲကြောင့် ရှမ်းပြည်နယ်အတွင်းသို့ စစ်ဘေးတိမ်းရှောင်လာကြသူများအနေဖြင့် ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၏ ထိန်းချုပ်နယ်မြေအတွင်း လာရောက်ခိုလှုံနိုင်ကြောင်း ယမန် နေ့ နိုဝင်ဘာလ(၁၇)ရက်စွဲဖြင့် ထုတ်ပြန်ပြောဆိုသည်။ ကရင်နီစစ်ဘေးရှောင်များအတွက် PNLO အနေဖြင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး...

KNU ဝင်းရေး မြို့နယ်ရုံးအနီး လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ

နိုဝင်ဘာလ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်ရုံးအနီး နို့ပလော (မြေနီကုန်း)ကျေးရွာထဲသို့ ယနေ့ နံနက် ၁၁ နာရီကျော်အချိန်တွင် စစ်ကောင်စီက လေကြောင်းဖြင့် ၂ ကြိမ် တိုင်တိုင် လာရောက်ဗုံးကြဲချသွားခဲ့သည်ဟု ဒေသခံရွာသားများက ပြောသည်။ အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုတွင် လူနေအိမ်တစ်လုံးပျက်စီးသွားပြီး...

တောင်ငူ (၄)မိုင် လေကြောင်းပစ်ခတ်မှုအတွင်း ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အပါအဝင် (၄)ဦးသေဆုံး

နိုဝင်ဘာလ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ပဲခူးတိုင်းဒေသကြီး၊ ‌တောင်ငူခရိုင်၊ တောင်ငူမြို့နယ် (၄)မိုင်စခန်းသို့ ယမန်နေ့ နိုဝင်ဘာလ(၁၇)ရက်နေ့က လေကြောင်းပစ်ကူလာသော စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆိတ်ဖူးတောင်ကျေးရွာအုပ်စု၊ စပါးလင်ကုန်းရွာရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံ(၄)ဦး သေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ ယမန်နေ့က တောင်ငူမြို့(၄)မိုင်အခြေစိုက် စစ်ကောင်စီ၏...

တောင်ငူမြို့အရှေ့ဘက် တိုက်ပွဲကြောင့် (၄)မိုင်လမ်း ဖြတ်သန်းသွားလာခွင့် စစ်တပ်ပိတ်ထား

နိုဝင်ဘာလ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့အရှေ့ဘက် (၄)မိုင်ရှိ စစ်ကောင်စီတပ်ရင်းစခန်းတွင် နိုဝင်ဘာလ(၁၇)ရက်၊ ယမန်နေ့ ညပိုင်းမှစတင်၍ တိုက်ပွဲဖြစ်ပွားပြီးနောက် တောင်ငူ-သံတောင် (၄)မိုင် လမ်းအား ဖြတ်သန်းခွင့်မပြုဘဲ စစ်တပ်ကပိတ်ဆို့လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ-၃၉ နှင့်...
Donate