Home Authors Posts by KIC News

KIC News

22508 POSTS 0 COMMENTS

ဘုရားသုံးဆူမြို့တွင် ‌စစ်‌ကောင်စီတပ် ဒုတပ်ရင်းမှူးတစ်ဦး ပစ်သတ်ခံရ

နိုဝင်ဘာလ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် နိုဝင်ဘာလ ၂၃ ရက်၊ ယနေ့နံနက် ၉ နာရီဝန်းကျင်က စစ်ကောင်စီတပ်၏ ဒုတပ်ရင်းမှူးအဆင့်ရှိ ဗိုလ်မှူး အေးချမ်းဆိုသူ ပစ်သတ်ခံရ၍ သေဆုံးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။ အဆိုပါ ပစ်ခတ်ရှင်းလင်းခံရသည့် ဒုတပ်ရင်းမှူး...

လောင်းကစား(အံဂလုံ)ဝိုင်းများကို ကျေးရွာကထိန်ပွဲများတွင် လှည့်လည်ကျင်းပနေ

နိုဝင်ဘာ ၂၃ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်/ တပ်မဟာ(၇)နယ်မြေအတွင်းရှိ မြို့နယ်များတွင် ယခု ကထိန်ရာသီကာလအတွင်း ကျေးရွာဘုန်းကြီးကျောင်းများ၌ ပြုလုပ်သည့် ကထိန်ပွဲများတွင် အန်ဂလုံ လောင်းကစားဝိုင်းများ လာရောက်လုပ်ကိုင်သူများရှိနေသည်ဟု ဒေသခံများထံမှသိရသည်။ ဖားအံခရိုင်အတွင်းရှိ မြို့နယ်များတွင် အာဝါဒေးလောင်းကစားဝိုင်းများ မပြုလုပ်ရန် ကရင့်လက်နက်ကိုင် စည်းလုံးညီညွတ်ရေးကော်မတီက ယခုနှစ်အစောပိုင်းတွင်...

ရန်ကုန်ရေတပ်သင်္ဘောကျင်းမှ တပ်ကြပ်ကြီးတစ်ဦး ပုလောပြည်သူ့ကာကွယ်ရေးတပ်ထံ ဘက်ပြောင်း ခိုလှုံ

နိုဝင်ဘာလ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော်ထံသို့ ရန်ကုန်ရေ တပ်သင်္ဘောကျင်းမှ တပ်ကြပ်ကြီးတစ်ဦး ဘက်ပြောင်းခိုလှုံလာကြောင်း မြိတ်ခရိုင်အမှတ် (၁)တပ် ရင်းက နိုဝင်ဘာလ (၂၂)ရက်၊ ယမန်နေ့ညတွင် သတင်းထုတ်ပြန်ထားသည်။ အဆိုပါ ရေတပ်သင်္ဘောကျင်းမှ တပ်ကြပ်ကြီးသည် ပြီးခဲ့သည့် နိုဝင်ဘာလ(၂၀)ရက်နေ့တွင် ပုလောမြို့နယ်အခြေစိုက်မြိတ်ခရိုင်အမှတ်...

တောင်ငူမြို့ပေါ်တွင် စစ်ကောင်စီတပ်က စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာ

နိုဝင်ဘာလ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ပဲခူတိုင်းဒေသကြီး၊ တောင်ငူမြို့ပေါ်ရပ်ကွက်နှင့် လမ်းမကြီးပေါ်တွင် ယခုရက်ပိုင်း အတွင်း စစ်ကောင်စီတပ်က စစ်ဆေးမှုတင်းကြပ်ကာ ကင်းပုန်းချထားမှုများ ပိုမိုလုပ်ဆောင်လာနေကြောင်း ဒေသခံများက ပြောသည်။ တောင်ငူမြို့ ကားလမ်းမပေါ်တွင် ယခုတလော တိုက်ပွဲများငြိမ်သက်နေသော်လည်း စစ်ကောင်စီတပ်သည် တပ်အင်အားအများအပြား မြို့ပေါ်ရပ်ကွက်များအထိ ကင်းပုန်းချထားပြီး စစ်ဆေးမေးမြန်းမှုများပိုမိုလုပ်ဆောင်လာနေကြောင်း...

တောင်ငူဒေသ စစ်ရှောင်ပြည်သူ ၁,၀၀၀ ကျော် ဆေးဝါးနှင့် စားနပ်ရိက္ခာ အကူအညီလိုအပ်နေ

နိုဝင်ဘာလ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာလ တတိယအပတ်အတွင်းက စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသော ကျေးရွာ(၅)မှ ဒေသခံစစ် ရှောင် ၁,၀၀၀ ကျော် စားနပ်ရိက္ခာနှင့် ဆေးဝါးများအကူအညီလိုအပ်နေကြောင်း ထိုစစ်ရှောင်များကို အကူအညီပေးနေသူများထံမှ သိရသည်။ တောင်ငူ(၄)မိုင်ရှိ...
Donate