KIC News
ဓါတ်ဆီပြတ်လပ်ခြင်းနှင့်တိုက်ပွဲဖြစ်ပွားခြင်းကြောင့် ကော့ကရိတ်မြို့နယ်ရှိကျေးရွာအချို့ ဆေးဝါး ပြတ်လပ်နေ
ဒီဇင်ဘာလ ၁၁ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ဒေသအတွင်း ဓါတ်ဆီပြတ်လပ်မှုနှင့် တိုက်ပွဲများကြောင့် လမ်များပိတ်ကာ သွားလာရေးခက်ခဲလာသည့်အတွက် ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ဆေးဝါးပြတ်လပ်မှုများ ကြုံတွေ့နေရသည်ဟု ကျေးရွာအတွင်း ကျန်းမာရေးဝန်ဆောင်မှုပေးနေသူများကပြောသည်။
လတ်တလော ကျေးရွာများတွင် ဓါတ်ဆီဝယ်ယူ၍မရသည့်အပြင် ကော့ကရိတ်မြို့အနီး စစ်ကောင်စီ နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များအကြား နှစ်ဖက်တိုက်ပွဲများကြောင့် လမ်းများ...
စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြတ်ပြတ်သားသားအရေးယူရန် KHRG တောင်းဆို
ဒီဇင်ဘာ ၁၀ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
စစ်အာဏာသိမ်းပြီး နောက်ပိုင်း ဖြစ်ပေါ်လာသည့် လက်နက်ကိုင် ပဋိပက္ခအတွင်း စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှု မြင့်တက်လာသည့်အပေါ် အပြစ်ကင်းလွတ်ခွင့်မပေးဘဲ နိုင်ငံတကာမှ ပြတ်ပြတ်သားသား အရေး ယူသွားရန် ယနေ့ ကျရောက်သည့် ၇၅ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် ကရင်လူ့ အခွင့်အရေးအဖွဲ့-KHRG...
တောင်ကလေးအကျဉ်းထောင်ရှိ စစ်သည်အကျဉ်းသား ၄၅ ဦး စစ်မှုပြန်လည်ထမ်းဆောင်ရန် ခေါ်ထုတ်ခဲ့
ဒီဇင်ဘာလ ၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံတောင်ကလေးအကျဉ်းထောင်ရှိ စစ်သည်အကျဉ်းသား ၄၅ ဦးအား ပြီးခဲ့သည့် ဒီဇင်ဘာလ ၇ ရက်က လွတ်ငြိမ်းသက်သာခွင့်ပေးပြီး စစ်မှုပြန်လည်ထမ်းဆောင်ရန် လာရောက်ခေါ် ဆောင်သွားခဲ့သည်ဟု စစ်သည်အကျဉ်းသားမိသားစုဝင်ထံမှ သိရသည်။
အဆိုပါ စစ်သည်အကျဉ်းသား ၄၅ ဦးအား လာရောက်ခေါ်ထုတ်ပြီးနောက်...
တိုက်ပွဲကြောင့် မီးသွေးဝယ်ယူသူမရှိ၍ ကော့ကရိတ်မြို့နယ်အတွင်း မီးသွေးလုပ်ကိုင်သူများ အခက်ကြုံ
ဒီဇင်ဘာလ ၉ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် တိုက်ပွဲပြင်းထန်လာပြီး လမ်းများပိတ်သည့်အတွက် ဒေသတွင်း မီး သွေးအရောင်းအဝယ်လုပ်ကိုင်သူများက လာရောက်ဝယ်ယူခြင်းမရှိသောကြောင့် တပိုင်တနိုင်မီး သွေးလုပ်ငန်း လုပ်ကိုင်သူများ အခက်ကြုံနေရသည်ဟု ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
လက်ရှိ စက်သုံးဆီနှင့် အိမ်သုံးဂက်စ်များ ဝယ်ယူ၍ မရသည့်ကာလဖြစ်၍...
ကျိုက်ဒုံမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်း၌ မနေရဲတော့ဘဲ ပုန်းခိုနေရ
ဒီဇင်ဘာလ ၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်/တပ်မဟာ-၆၊ ကျိုက်ဒုံမြို့ရှိ စစ်ကောင်စီ တပ်ဖွဲ့သည် တော်လှန်းရေးပူးပေါင်းတပ်များက ဒရုန်းနှင့် လက်နက်ကြီးများ နေ့စဉ်လိုလို သွားရောက်တိုက်ခိုက်သဖြင့် လက်ရှိတွင် စခန်းထဲ၌ မနေရဲတော့ဘဲ စခန်းအပြင်ဘက်ကို ပုန်းခိုနေထိုင်ကြရကြောင်း ဒေသခံများက ပြောသည်။
ကျိုက်ဒုံမြို့ စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA...














