KIC News
စစ်တပ်လက်ကိုင်တုတ်များအဖြစ် ကျရောက်နေသူများ လူထုနှင့်ပူးပေါင်းကြရန် PNFC ပန်ကြား
ဒီဇင်ဘာလ(၁၁)ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီ၏လက်ကိုင်တုတ်အဖြစ်သို့ ကျရောက်နေသူများ ၎င်းတို့လက်အောက်မှရုန်းထွက်၍ ပြည်သူလူထု နှင့်ပူးပေါင်းကြရန် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) က ယနေ့ ဒီဇင်ဘာလ (၁၁) ရက်နေ့တွင် ကျ ရောက်သော ပအိုဝ်းအမျိုးသားများ၏ ပဒေသရာဇ်စနစ်ဆိုး ဆန့်ကျင်တော်လှန်ရေးနေ့တွင် ကြေညာချက်ထုတ် ပြန်ပန်ကြားလိုက်သည်။
၁၉၆၂ ခုနှစ်မှစတင်၍ စစ်အုပ်ချုပ်မှုသက်ဆိုးရှည်စေသည့် အာဏာရှင်စနစ်ကို...
စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား နေအိမ်နှင့် ဘုရားကျောင်း စပါးကျီများထိခိုက် ပျက်စီး
ဒီဇင်ဘာလ ၁၁ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ (၅)နယ်မြေ၊ လူသောမြို့နယ်အတွင်း ပြီးခဲ့သည့် ဒီဇင် ဘာလ ၉ ရက်နေ့က စစ်ကောင်စီမှ လေကြောင်းဖြင့် သွားရောက် တိုက်ခိုက်မှုကြောင့် မုပယ်ထ နှင့်တဘိုးထ ကျေးရွာအတွင်းရှိ အရပ်သားနေအိမ် ၃ လုံး အပြင် ဘုရားကျောင်းနှင့်...
ဖားအံခရိုင်အတွင်း စစ်ရှောင်ဦးရေတိုးလာသောကြောင့် နေထိုင်မှုနှင့် စားနပ်ရိက္ခာပိုမို လိုအပ်လာ
ဒီဇင်ဘာ ၁၁ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့နယ်တွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသောကြောင့် ဒေသခံပြည်သူ လူထုများ အနေဖြင့် ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၇)နယ်မြေ၊ ဖားအံခရိုင်အတွင်းသို့ ထောင်နှင့်ချီ၍ ဝင်ရောက်ခိုလှုံလာကြပြီး စစ်ရှောင်ဦးရေးဆက်တိုးလာသောကြောင့် နေထိုင်မှုနှင့် စားနပ်ရိက္ခာလိုအပ်ချက်များ ပိုမိုမြင့်တက်လာကြောင်း စစ်ရှောင်ကူညီသူများကပြောသည်။
ကေအဲန်ယူ တပ်မဟာ(၆) နယ်မြေဖြစ်သည့် ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီ၊ နယ်ခြားစောင့်(BGF)...














