အသံမဲ့ကမ္ဘာကို ရောင်စုံစုတ်ချက်တို့ဖြင့် သက်ဝင်စေသူ အနုပညာရှင်မလေး
နော်ချားချား
(၉ စက်တင်ဘာ၊ ၂၀၂၆)
ကော်သူးလေနယ်မြေ တောတောင်ထဲက အစည်းအဝေးတစ်ခုမှာ တက်ကြွစွာ မနားမနေ လှုပ်ရှားနေတဲ့ အသားဖြူ ဖြူနဲ့ သွယ်လျလျ ကရင်အမျိုးသမီးငယ်တစ်ဦး။ သူမကတော့ ကရင်အမျိုးသမီးအစည်းအရုံး(KWO)ရဲ့ သက်တမ်း ရင့်ဝန်ထမ်းတစ်ဦးဖြစ်တဲ့ နော်ဒီးဖောပါ။
သူမဟာ ကရင်အမျိုးသမီးအစည်းအရုံးရဲ့ ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေးအတွက်ဖြစ်စေ၊ ဗဟိုအလုပ်အမှု...