Home သတင်း တောင်ကြာအင်းရွာသူတစ်ဦး လက်နက်ကြီးအစ ထိမှန်၍ သေဆုံး

တောင်ကြာအင်းရွာသူတစ်ဦး လက်နက်ကြီးအစ ထိမှန်၍ သေဆုံး

883

ဒီဇင်ဘာ ၁၉ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်မြို့နယ်ရှိ တောင်ကြာအင်းကျေးရွာနေ ရွာသူတစ်ဦးမှာ ဒီဇင်ဘာလ ၁၈ရက်နေ့က နေအိမ်အနီးသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲရာ အစထိမှန်သဖြင့် ပွဲချင်းပြီး သေဆုံးသွားကြောင်း ဒေသခံတစ်ဦးက အတည်ပြု ပြောဆိုသည်။

ဒေသခံတစ်ဦးက “အလုံးကြီး အစထိမှန်တာ။ သူ့အိမ်နား ၂လုံး ဆက်တိုက်ကျတာ ပထမဆုံး အလုံးမှာပဲထိပြီး ပွဲချင်းပြီး ပဲ”ဟု ကေအိုင်စီသို့ ပြောသည်။

သေဆုံးသွားသူမှာ တောင်ကြာအင်းကျေးရွာ အလယ်ပိုင်းတွင်နေထိုင်သည့် အသက် ၄၈နှစ်အရွယ် နန်းဆုလေးမွန်ဖြစ် ပြီး သူမ၏ ရုပ်အလောင်းကို ကျေးရွာသုဿာန်တွင် ပို့ဆောင်မရသောကြောင့် ရွာခေါင်းရင်းရှိ ကျွန်းတောရွာကလေး၏ သုဿာန်၌သာ ပို့ဆောင်ခဲ့ရသည်ဟု သိရသည်။