KIC News
မုန်းမြို့နယ်တွင် လေကြောင်းပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁ဦးသေ၊ ၇ဦးဒဏ်ရာရ
ဒီဇင်ဘာလ(၁၅)ရက်၊၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)နယ်မြေ၊ ခလယ်လွီးထူ(ညောင်လေးပင်)ခရိုင်၊ မုန်းမြို့ နယ်အတွင်းယခု ဒီဇင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက်နေ့၌ အာဏာသိမ်းစစ်ကောင်စီ မှ ၂ရက်ဆက်တိုက် လေ ကြောင်း ရမ်းသမ်းပစ်ခတ်မှုများကြောင်း အပစ်မဲ့ပြည်သူ(၁)ဦးသေဆုံးပြီး (၇)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကေအဲန်ယူ ဗဟိုမှ ယနေ့ထုတ်ပြန်ထားသည်။
မုန်းမြို့နယ်အတွင်း...
သင်္ကန်းညီနောင် လျှပ်စစ်ဓာတ်အားခွဲ တိုက်ခိုက်ခံရပြီးနောက် မြဝတီမြို့တွင် လျှပ်စစ်မီးပြတ်တောက်နေ
ဒီဇင်ဘာလ ၁၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့အနီး သင်္ကန်းညီနောင်ရှိ လျှပ်စစ်ဓာတ်အားခွဲ(Transformer) ကို ပြီးခဲ့သည့်ဒီဇင်ဘာလ ၁၂ ရက်နေ့ ညပိုင်းအချိန်က အမည်မသိလက်နက်ကိုင်အုပ်စုက တိုက်ခိုက်ဖျက်ဆီးခဲ့ခြင်းကြောင့် မြဝတီမြို့ အတွင်း လျှပ်စစ်ဓာတ်အားပြတ်တောက်နေကြောင်း မြဝတီမြို့ခံ တစ်ဦးက ပြောသည်။
အဆိုပါ လျှပ်စစ်ဓာတ်အားခွဲထရမ်စဖော်မာကို...
စစ်ရေးအရှိန်မြင့်ရန် တောင်ပိုင်းအဖွဲ့အစည်းများနှင့် NUG ကာကွယ်ရေးဒုဝန်ကြီး တွေ့ဆုံဆွေးနွေးခဲ့
ဒီဇင်ဘာလ ၁၄ ရက်၊ ၂၀၂၃ ခုနှစ်။ကေအိုင်စီ
မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ အခြေပြုလှုပ်ရှားနေသည့် တောင်ပိုင်းဒေသ တော်လှန်ရေး အဖွဲ့အစည်း များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး နိုင်ကောင်းရွက်တို့ ဒီဇင်ဘာလ ၁၁ ရက် နေ့တွင် တွေ့ဆုံခဲ့ပြီး စစ်ရေးအရှိန်မြင့်လုပ်ဆောင်သွားနိုင်ရေး ပြောဆို...
ကော့ကရိတ်တိုက်ပွဲတွင်း အရပ်သား ၂၀ဦး ကျော် သေဆုံးသွားကြောင်း စစ်ရှောင်ကူညီသူများကဆို
ဒီဇင်ဘာ ၁၄ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့နယ်၌ ဖြစ်ပွားနေဆဲ နှစ်ဖက်တိုက်ပွဲအတွင်း ရက်သတ္တပတ် နှစ်ပတ်ကြာမြင့်လာပြီးနောက် တိုက်ပွဲအတွင်း အရပ်သားပြည်သူ ထိခိုက်သေဆုံးသူဦးရေ(၂၀)ဦးကျော်အထိ ရှိနေသည်ဟု စစ်ဘေးရှောင်ကူညီ သူများ၏ ကောက်ယူရရှိထားသည့် စာရင်းများအရ သိရသည်။
နိုဝင်ဘာလ ၃၀ ရက်နေ့ ညကစ၍ ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီအခြေစိုက်ရာ တပ်စခန်း...














