မိသားစုရွေးချယ်မှုနောက်ကွယ်က ဆယ်ကျော်သက် မိန်းကလေးတစ်ဦးရဲ့ ပညာရေးအိပ်မက်
(စက်တင်ဘာ ၇ ရက်၊ ၂၀၂၆ ခုနှစ်။)
နော်ချားချား
အချိန်က မနက်(၈) နာရီဝန်းကျင်၊ မိုးရာသီဖြစ်သည့်အလျောက် ကရင်ပြည်နယ်၊ ဒေါန တောင်တန်းဒေသမှာ လေထုစိုထိုင်းဆမြင့်တက်နေပြီး မြူခိုးမြူမှုန်တို့ ဝေနေ၏။ အဖြူရောင် မြူများကြောင့် တောင်ပေါ်နေရာတွင် အခြေတည်ထားသည့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၇)နယ်မြေထဲရှိ စာသင်ကျောင်း...