KIC News
တိုက်ပွဲထပ်ဖြစ်မည်စိုး၍ လိပ်သိုဒေသခံ ထောင်နှင့်ချီ ဆက်လက်တိမ်းရှောင်နေ
ဖေဖော်ဝါရီလ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသအတွင်း ဖေဖော်ဝါရီလဆန်းပိုင်းက လိပ်သိုမြို့ပေါ်ရဲစခန်းနှင့်တပ်ရင်းများ တိုက်ခိုက်ခံရစဥ် မြို့တွင်းပစ်ခတ်မှုကြောင့် နေရပ်ရှောင်နေထိုင်ရသော ဒေသခံထောင်နှင့်ချီ ယနေ့အထိ နေအိမ်မပြန်ရဲဘဲ ဆက်လက်တိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းတွင်လည်း စစ်တပ်ဘက်က လက်နက်ကြီးပစ်ခတ်မှုများရှိနေခြင်းနှင့် တိုက်ပွဲထပ်မံဖြစ်ပွားမည်ကို စိုးရိမ်သဖြင့်...
ရေး-ထားဝယ်လမ်းပိုင်းတွင် ကျပ်သိန်း(၉၀၀၀)ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
ဖေဖော်ဝါရီလ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကျပ်သိန်း (၉၀၀၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ဗထူးတပ်မတော်-BHA က ထုတ်ပြန်ထားသည်။
ရေဖြူမြို့နယ်၊ ရန်ကုန်-ထားဝယ် ပြည်ထောင်စုလမ်းမပေါ် ရေး-ထားဝယ်လမ်းပိုင်းတွင် ဒေသအခြေစိုက်...
လေကြောင်းခရီး သွားလာနိုင်ရန် အုပ်ချုပ်ရေးမှူးများအား ငွေကြေးပေးဆောင်နေရ
ဖေဖော်ဝါရီလ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်ရှိဒေသခံများအနေဖြင့် လေကြောင်းခရီးဖြင့် သွားလာနိုင်ရန်အတွက် သက် ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံမှ ထောက်ခံစာများကို ငွေကြေးပေးဆောင်၍ ပြုလုပ်နေရကြောင်း ဒေသခံများက ပြောသည်။
မြိတ်မြို့နယ်အတွင်းရှိ အစိုးရဝန်ထမ်း မဟုတ်သူများအနေဖြင့် လေယာဉ်လက်မှတ်ဝယ်ယူမည်ဆိုပါက ရပ်ကွက် ၏ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများထံတွင် ထောက်ခံစာပြုလုပ်ပြီးမှသာ...
စစ်အာဏာရှင်စနစ်သာမက အစွန်းရောက် ဘာသာရေး၊ လူမျိုးရေးနှင့် လိင်ခွဲခြားဆက်ဆံမှုတို့ကိုလည်း ပြောင်းလဲရမည်ဖြစ်ကြောင်း GSCN ပြော
ဖေဖော်ဝါရီလ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
နွေဦးတော်လှန်ရေးသည် စစ်အာဏာရှင်စနစ်အဆုံးသတ်ရေးသာမက နိုင်ငံ၏ အစွန်းရောက် ဘာသာရေး၊ လူမျိုးရေး၊ လိင်ပိုင်းဆိုင်ရာခွဲခြားဆက်ဆံခံရမှုများနှင့် ဖိုဝါဒီလွှမ်းမိုးမှုများအားလည်း ပြောင်းလဲရမည့် တော်လှန် ရေးဖြစ်ကြောင်း လူမျိုးပေါင်းစုံအထွေထွေ သပိတ်ကော်မတီ-GSCN က ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၁၁)ရက်နေ့က GSCN အဖွဲ့တည်ထောင်ခြင်း(၃)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားတွင်...
ဖားအံမြို့ စစ်ကောင်စီရုံးနေရာများတွင် ခံစစ်ပြင်ဆင်မှုများ အခိုင်အမာလုပ်ဆောင်နေ
ဖေဖော်ဝါရီလ ၁၃ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေသော် လည်း ပြည်နယ်၏ မြို့တော် ဖားအံတွင် ပုံမှန်လည်ပတ်သွားလာ၍ရနေပြီဟု စစ်ကောင်စီ ထောက်ခံသူများမှ သတင်းများဖြန့်ဝေနေသော်လည်း ၎င်းတို့လက်အောက်ခံရုံးဝင်း၊ တပ် ဝင်းနေ ရာများတွင် အခိုင်အမာခံစစ်ပြင်ဆင်မှုများလုပ်ဆောင်နေကြောင်း ဖားအံမြို့ခံများက ပြောသည်။
လက်ရှိ ဖားအံမြို့တွင်း...














