Home Authors Posts by KIC News

KIC News

22475 POSTS 0 COMMENTS

စစ်တပ်လေကြောင်းက သင်္ဃန်းညီနောင် ရပ်ကျေးနယ်အတွင်း ၄ ရက် ဆက်တိုက် ဗုံးကြီးကြဲတိုက်ခိုက်နေ

မတ်လ ၁၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA မဟာမိတ်ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည့် မြဝတီသင်္ဃန်းညီနောင်ရှိ စစ်ကောင်စီတပ်စခန်းနေရာများကို စစ်တပ် က လေကြောင်း စစ်ဆင်ရေးပြုလုပ်တိုက်ခိုက်ပစ်ကူပေးနေဆဲဖြစ်ကြောင်း စစ်မြေပြင် သတင်းအရင်းအမြစ်များက ပြောသည်။ မတ်လ ၇ ရက်နေ့ကတည်းက စတင်တိုက်ပွဲဖြစ်ပွားသည့် သင်္ဃန်းညီနောင် စစ်ဗျူဟာနှင့်...

ပိတခကျေးရွာက ဂုဏ်ပြုပွဲနဲ့ ပတ်သက်လို့

ပိတခကျေးရွာက ဂုဏ်ပြုပွဲနဲ့ ပတ်သက်လို့ မောင်ကျော်စွာ (၂၀၂၄ ခုနှစ်၊ မတ်လ ၁၁ ရက်) ပြီးခဲ့သော မတ်လ ၇ရက် နေ့စွဲနဲ့ ကျနော်တို့ (KIC)သတင်းဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ သတင်းတစ်ပုဒ်ကို စာဖတ်သူများ သတိပြုမိလိုက်ကြလိမ့်မယ်လို့ ထင်ပါတယ်။ သတင်းခေါင်းစဉ် “ကေအဲန်ယူနှင့် ကရင်လက်နက်ကိုင်အ ဖွဲ့များက ဥက္ကဌဟောင်း...

ဒိုက်ဦးမြို့နယ်တွင် စစ်မှုထမ်းတိမ်းရှောင်သည့် နေအိမ်များ ချိတ်ပိတ်ခံရ

မတ်လ ၁၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်ရှိ ကျေးရွာအချို့တွင် စစ်ကောင်စီထုတ်ပြန်သည့် စစ်မှုထမ်းဥပဒေမှ တိမ်း ရှောင်ရန် နေရပ်စွန့်ခွာထွက်ပြေးသည့် နေအိမ်အချို့ကို စစ်ကောင်စီတပ်က ချိတ်ပိတ်လိုက်ကြောင့် ဒေသခံများ ကပြောသည်။ ဒိုက်ဦးမြို့နယ်ရှိ ကျေးရွာများတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလပိုင်းကတည်းက စစ်တပ်က စစ်မှုထမ်းရန် ဒေသခံ...

သင်္ဃန်းညီနောင်တိုက်ပွဲကြောင့် မြဝတီမြို့ဘက်စစ်ရှောင်သူ (၃၀၀၀) ဝန်းကျင်ရှိပြီးအကူအညီများလိုအပ်နေ

မတ်လ ၁၀ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ စစ်ကောင်စီ၏ သင်္ဃန်းညီနောင် စစ်ဗျူဟာကုန်းနှင့် အခြေစိုက်တပ်ရင်းစခန်းများတွင် ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်-KNLA နှင့် နှစ်ဖက်တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသောကြောင့် အနီးဝန်းကျင်ကျေးရွာ ၁၀ ရွာမှ ဒေသခံ (၃,၀၀၀) ဝန်းကျင် မြဝတီမြို့ ပေါ် ရှိ ဘုန်းကြီးကျောင်းများ နှင့်...

သင်္ဃန်းညီနောင် စစ်ဗျူဟာစခန်းမကျစေရေး လေကြောင်းထိုးစစ်အပြင် လေကြောင်းဖြင့် စစ်ကူပို့ဆောင်ပြီး မြေပြင်ပါ ခုခံကာကွယ်နေရ

မတ်လ ၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA မဟာမိတ်ပူးပေါင်းတပ်များ တိုက်ခိုက်ခြင်းခံနေရသည့် မြဝတီ သင်္ဃန်းညီနောင် စစ်ဗျူဟာကုန်းစခန်းကို လေကြောင်းမှ ၃ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက် ပစ်ကူပေးနေသလို မြေပြင်မှ ခုခံပစ်ခတ်ရန် ဖားအံတပ်နယ်က စစ်သားစစ်ကူနှင့် လက်နက်ခဲယမ်းများ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်စစ်ကူပေးတိုက်ခိုက်နေရကြာင်း...

နတ်သံကွင်းတွင် လက်နက်ကြီး နေ့စဥ်ပစ်ခတ်ခံရပြီး ဒေသခံများ ၃ လနီးပါး နေအိမ်မပြန်နိုင်သေး

မတ်လ ၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ(၃)နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ နတ်သံ ကွင်းဒေသတွင် စစ်ကောင်စီ၏လက်နက်ကြီးပစ်ခတ်မှုများ နေ့စဥ်ဆက်ရှိနေပြီး လက်ရှိအချိန်ထိ ဒေသခံများ နေရပ်မပြန်နိုင်သည်မှာ ၃ လနီးပါး ရှိလာပြီးဖြစ်ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းက နတ်သံကွင်းမြို့အတွင်းနှင့် အပြင်ရှိ...

ခမရ ၃၅၅ တပ်ရင်းနှင့် သင်္ဃန်းညီနောင်ရဲစခန်းတိုက်ခိုက်ရှင်းလင်းခံရပြီးနောက် ဗျူဟာကုန်း စစ်စခန်းဘက် တိုက်ပွဲဆက်ဖြစ်နေ

မတ်လ ၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ မြဝတီမြို့၊ သင်္ဃန်းညီနောင်အနီးရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (ခမရ-၃၅၅) စခန်းနှင့် ရဲစခန်းကို ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရှင်းလင်းပြီးနောက် သင်္ဃန်းညီနောင် အခြေချ စစ်ဗျူဟာစစ်စခန်းတွင် တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း စစ်ရေး သတင်းအရင်းအမြစ်များက ပြောသည်။ ...
Donate