KIC News
အရှေ့တောနယ်ဒေသတွင် စစ်ဘေးရှောင်ဦးရေ တစ်သောင်းကျော်အထိ ရှိလာ
မတ်လ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ အရှေ့တောနယ်ဒေသတွင် စစ်ဘေးတိမ်းရှောင်နေရသည့် ဒေသခံစုစုပေါင်း (၁၀,၀၀၀)ကျော်ထိရှိလာကြောင်း စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်နေသည့် ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ထံမှ သိရသည်။
အရှေ့တောနယ်ဒေသတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၁)ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များကြား စတင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် ကျောက်မဲတောင်၊...
ဖလူးတပ်စခန်း သိမ်းယူခံရသဖြင့် စစ်ကောင်စီက လေယာဉ်ဖြင့် အဆက်မပြတ် ဗုံးကျဲနေ
မတ်လ ၁၁ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ
မြဝတီမြို့တောင်ဘက်ရှိ စစ်ကောင်စီ၏ ဖလူးတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ယနေ့ မတ်လ ၁၁ရက်၊ ညနေပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေ ကြောင်း ဒေသခံများက ပြောသည်။
“မနက် ၉နာရီဝန်းကျင်မှာ စဖြစ်တာ။ အခုတော့ စခန်းရသွားပြီး ပစ်ခတ်သံတော့ကြားနေရတုန်းပဲ။...
ဂေဘားတပ်မတော်အမည်ခံဖြင့် အကျိုးစီးပွားရှာနေသူများအား ထိရောက်စွာအရေးယူမည်ဟု KNU တပ်မဟာ(၂) သတိပေး
မတ်လ ၁၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
လူတစ်ဦးကောင်းစားရေးနှင့် စစ်ကောင်စီတပ်အကျိုးရှိစေရန် ဂေဘားတပ်မတော်အမည်ခံကာ ဦးဆောင် နေသူများ၊ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၏ အုပ်ချုပ်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို နှောင့်ယှက်ဖျက်ဆီးနေသူများအား ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း KNU တပ်မဟာ(၂)ဘက် သတိပေးထုတ်ပြန်သည်။
ဂေဘားတပ်မတော်ဖွဲ့၍ စစ်သင်တန်းပေးနေသည့်ကိစ္စတွင် ဦးဆောင်လုပ်ကိုင်နေသူများအား KNU အနေဖြင့် သိရှိထားပြီးဖြစ်သလို သတိပေးချက်ထုတ်ပြန်ထားသော်လည်း...
ထားဝယ်မြို့ပေါ် ရပ်ကွက်ရှိ နေအိမ်အလုံး ၇၀ ကျော် ဖျက်သိမ်းပြီး ဒေသခံများ ပြောင်းရွှေ့နေထိုင်ရ
မတ်လ ၁၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့ပေါ် စောမိညိုလမ်းပိုင်းရှိ နေအိမ်များကို ဖျက်သိမ်းရန် စစ်ကောင်စီတပ်က ထပ်မံသတိပေးပြောဆိုလာသောကြောင့် နေအိမ်အလုံးပေါင်း ၇၀ ကျော် ဖျက်သိမ်းပြီး ပြောင်းရွှေ့နေထိုင်ကြရကြောင်း မြို့ခံများထံမှ သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်အခြေချနေထိုင်ရန် အကြောင်းပြချက်ဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ...
စစ်ရေးဖော်ဆောင်မည်ဖြစ်၍ မွန်ပြည်နယ်ရှိ ပြည်သူများ အသွားအလာသတိပြုရန် ရေးဘီလူးထုတ်ပြန်
မတ်လ ၁၁ ရက်၊ ၂၀၂၄ ခုနှစ်။ကေအိုင်စီ
မွန်ပြည်နယ်တွင် စစ်ရေးအကောင်အထည်ဖော်ဆောင်တော့မည်ဖြစ်၍ ပြည်နယ်အတွင်း ဘယ်အချိန်၊ ဘယ်နေရာ မဆို တိုက်ပွဲဖြစ်လာနိုင်သဖြင့် မိဘပြည်သူများ အသွားအလာ သတိပြုကြရန် ရေးဘီလူးက ယမန်နေ့တွင် ထုတ်ပြန်ကြေညာထားသည်။
စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်နိုင်သည့် ဌာနဆိုင်ရာနေရာများ၊ ဂိတ်စခန်းများနှင့် အသွား အလာပြုလုပ်သည့်လမ်းများစသော ထိတွေ့မှုဖြစ်နိုင်သည့်နေရာများတွင် ပြည်သူများအနေဖြင့်...
လူထုပေးစာကဏ္ဍ
လူထုပေးစာကဏ္ဍ
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့ စည်ပင်သာယာဈေး (C)ရုံရှိ ဆိုင်ခန်းများအား ဆိုင်ခန်းဖိုး (၂၅)သိန်းကျပ်ကို ဈေးသည်များထံမှ စည်ပင်ဦးစီးမှူးမှ ကောက်ခံတောင်းယူနေပါတယ်။ ဒီလို ကောက်ခံတောင်းယူနေခြင်း ဟာ နိုင်ငံတော်အဆင့် တရားဝင်ပဲလား၊ တရားမဝင်ဘူးလား ဆိုတာ ပွင့်လင်းမြင်သာမှု မရှိပါဘူး။ ပုံမှန်ဆိုရင် နိုင်ငံတော်ကို ပေးသွင်းရတဲ့ငွေပမာဏကို မြန်မာ့စီးပွားရေးဘဏ်ကနေတဆင့် ပေးသွင်းရတာ...














