Home သတင်း စစ်မှုထမ်းရန်ဆင့်ခေါ်သည့် အုပ်ချုပ်ရေးမှူးများကို ပြင်းပြင်းထန်ထန်အရေးယူမည်ဖြစ်ကြောင်း တနင်္သာရီ တော်လှန်ရေးတပ်ဖွဲ့များ သတိပေး

စစ်မှုထမ်းရန်ဆင့်ခေါ်သည့် အုပ်ချုပ်ရေးမှူးများကို ပြင်းပြင်းထန်ထန်အရေးယူမည်ဖြစ်ကြောင်း တနင်္သာရီ တော်လှန်ရေးတပ်ဖွဲ့များ သတိပေး

642
Photo: BA HTOO ARMY

မတ်လ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

အာဏာသိမ်းစစ်ကောင်စီမှ စစ်မှုထမ်းဥပဒေအား အသက်သွင်းအကောင်အထည်ဖော်သည့် လုပ်ငန်းများတွင် ပါဝင်ပတ်သက်လျက် ရှိနေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို စစ်ရေးအရ ပြင်းပြင်းထန်ထန်အရေး ယူသွား မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက သတိပေးပြောဆိုလိုက်သည်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းတွင် စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ဆောင်ရာတွင် ပါဝင်ပတ်သက်သူများကို စစ်ရေးအရ အရေးယူသွားမည်ဖြစ်သလို အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း မပြုလုပ်ကြရန်လည်း BA HTOO ARMY-ဗထူးတပ်မတော်က ယနေ့တွင် ထုတ်ပြန်ပြေ ာဆိုလိုက်သည်။

ဗထူးတပ်မတော်မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ထက်မြက် “ကျနော်တို့တပ်မ တော်အနေနဲ့တော့ လက်ရှိ အချိန်မှာ စစ်ကောင်စီက ဒီစစ်မှုထမ်း ဥပဒေကို အသက်သွင်း အကောင်အထည် ဖော်နိုင်ရေးကို ဒေသအသီးသီးမှာ အတင်းအကြပ်လုပ်လာတာပေါ့။ ပြည်သူဆိုတဲ့ နေရာမှာလည်း အဓိကအားဖြင့် လူငယ်တွေ ပေါ့ပေါ့ ဆဆနဲ့နေလို့ မရတော့တဲ့အချိန်။ ဘာလုပ်ကြမှာလဲ ဘယ်လို ဆုံးဖြတ်မှာလဲပေါ့။ အဓိက ကတော့ တစ်ဦးတစ်ယောက် ချင်းစီတိုင်းရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပေါ့။ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသားနဲ့ ဆုံးဖြတ်ဖို့ အချိန်ကျပြီးလို့ ပြောချင်တယ်။”ဟု ကေအိုင်စီ သို့ပြောသည်။

အလားတူ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း (၁) ကလည်း စစ်မှုထမ်းဥပဒေတွင်မှ လောမြို့ နယ်ထဲမှ ရပ်ကျေးအုပ်ချုပ်ရေးမှုးများ အနေဖြင့်လည်း ပါဝင်ပတ်သက်ခြင်း မပြုလုပ်ကြရန် မတ်လ ၁၉ ရက်နေ့တွင် သတိပေးထုတ်ပြန်ထားသည်။

၎င်းအပြင် စစ်ကောင်စီ၏ တောင်းဆိုချက်တွေကိုလိုက်လျောပြီး ပု‌လောမြို့နယ်ထဲမှ လူငယ်လူရွယ်များကို စစ်ကောင်စီတပ်ထဲသို့ အတင်းအကြပ်ထည့်သွင်းရန် ပြုလုပ်သည့် တစ်ဦးစီတိုင်းကို အပြင်းထန်ဆုံး အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပုလောမြို့နယ် အခြေစိုက်တပ်ရင်းတစ်ခုဖြစ်သည့် မြိတ်ခရိုင်တပ်ရင်း (၁) ၏ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

တနင်္သာရီတိုင်းအတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် အာဏာသိမ်း စစ်ကောင်စီမှ ယခုလ(၁၅) ရက်နေ့မှ စတင်ပြီး ဒေသခံပြည်သူများအား မတူညီသည့် ပုံစံများဖြင့် ရပ်ကွက်ရုံးသို့ အစည်းအဝေးခေါ်ယူခြင်း၊ မဲနှိုက်ခြင်းများကို အတင်းအဓမ္မလုပ်ဆောင် လျက်ရှိကြောင်း ဒေသခံများက ပြောသည်။