KIC News
ကော့ကရိတ်မြို့ပေါ်ရှိ ပြည်သူ့နေအိမ်များကို စစ်ကောင်စီတပ်က ဆက်တိုက်မီးရှို့ဖျက်ဆီးနေကြောင်း KNU ပြော
မတ်လ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်ရှိ ပြည်သူလူထုများ၏ နေအိမ်များကို စစ်ကောင်စီတပ်က ဆက်တိုက် မီးရှို့ဖျက်ဆီးမှုများလုပ်ဆောင်နေကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ပြောဆိုလိုက်သည်။
တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသော ကော့ကရိတ်မြို့ပေါ်ရှိ အရပ်သားပြည်သူများ၏ နေအိမ်များကို စစ်ကောင်စီတပ်က ယခုလို ခပ်စိပ်စိပ်မီးရှို့ဖျက်ဆီးမှုလုပ်ဆောင်လာခြင်းသည် တော်လှန်ရေးအင်အားစုများ...
မော်လမြိုင်မြို့ခံ လူငယ်များ ဖမ်းဆီးငွေညစ်ခံရမှု ဆက်တိုက်ကြုံနေရ
မတ်လ ၁၂ ရက်၊၂၀၂၄ခုနှစ်။ကေအိုင်စီ
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပြီးခဲ့သည့် လကုန်ပိုင်းမှစ၍ စစ်ကောင်စီတပ်နှင့် ၎င်းတို့ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များသည် လူငယ်များကို ဖမ်းဆီးပြီး ငွေညှစ်ခြိမ်းခြောက်မှုများ ဆက်တိုက်လုပ်ဆောင်လာကြောင်း မြို့ခံများထံမှ သိရသည်။
မော်လမြိုင်မြို့ပေါ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ရက်နေ့မှ စတင်ကာ စစ်ကောင်စီတပ်များနှင့် ရဲတပ်ဖွဲ့ဝင်များက ညအချိန်အပြင်ထွက်သည့်လူငယ်များကို အဓိကပစ်မှတ်ထား...
လမ်းပျက်စီးသဖြင့် မြဝတီ-ထို့ကော်ကိုး ကားလမ်းတွင် ယာဉ်အသွားအလာနည်းလာ
မတ်လ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်-မြဝတီ အာရှကုန်သွယ်ရေးလမ်းမကြီး သွားလာမှုပြတ်တောက်ပြီးနောက် ကုန်တင် ယာဉ်များ၊ ခရီးသည်တင်ကားများ ပြောင်းလဲအသုံးပြုနေသည့် မြဝတီ-ထို့ကော်ကိုး-နဘူး တောင်ပတ်လမ်းမှာ လက်ရှိတွင် လမ်းပျက်စီးသဖြင့် ယခင်ထက်မော်တော်ယာဉ်များ အသွား အလာ ပိုမိုနည်းပါးလာကြောင်း နယ်မြေခံတာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။
ထို့ကော်ကိုး-နဘူးတောင်ပတ်လမ်းရှိ လမ်းပိုင်းနေရာအချို့တွင်...














