KIC News
လမ်းဆုံလမ်းခွကို တစ်ကျော့ပြန် ရောက်ရှိနေပြီ
လမ်းဆုံလမ်းခွကို တစ်ကျော့ပြန် ရောက်ရှိနေပြီ
မောင်ကျော်စွာ
(၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်)
မင်းအောင်လှိုင် စစ်အုပ်စုအတွက် လက်ရှိရင်ဆိုင်နေရတဲ့ ပြည်တွင်းအကျပ်အတည်းကနေ ရှာနေတဲ့ ထွက်ပေါက်ကတော့ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ တွေ့ဆုံဆွေးနွေးဖို့ဖြစ်ပါတယ်။ ဒီထွက်ပေါက်အတွက် နည်းလမ်း (၂)ခုနဲ့ လုပ်ဆောင်နေတာတွေ့ရပါတယ်။
- စစ်ရေးနည်းနဲ့ ဗုံးကြဲတာ ထိုးစစ်ဆင်တိုက်ခိုက်တာ
- စေ့စပ်ရေးဆွေးနွေးပွဲသို့ခေါ်ယူတာ (သို့မဟုတ်)...
လေးကေကော်၊ ရဲကုန်းအရှေ့ဘက်တိုက်ပွဲအတွင်း စစ်အုပ်စုအထိနာထား၍ လေယာဉ်ဆက်တိုက်ဗုံးကြဲ
ဩဂုတ် (၁၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)၊ ဒူးပလာယာခရိုင်၊ မြဝတီမြို့တောင်ပိုင်း၊ လေးကေကော်မြို့သစ်၊ ရဲကုန်းအရှေ့ဘက်တိုက်ပွဲအတွင်း စစ်အုပ်စုဘက်မှ အထိနာခဲ့ပြီးနောက် ယမန်နေ့ ဩဂုတ်လ(၁၁)ရက်နေ့အထိ လေယာဉ်အပါအဝင် အသေခံဒရုန်းများနှင့် နေ့ရောညပါ ဗုံးကြဲတိုက်ခိုက်နေကြောင်း ကရင်စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ(၉)ရက်နေ့တွင် ရဲကုန်းအရှေ့ဘက်၊ ညောင်ပင်ကုန်းအနီး၌...
ခေါင်းဆောင်ကြီးများ၏ လက်ဆင့်ကမ်းလမ်းစဥ်အတိုင်း ရပ်တည်လုပ်ဆောင်ကြရန် KNLA စစ်ဦးစီးချုပ် တိုက်တွန်း
ဩဂုတ် (၁၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
စောဘဦးကြီးအပါအဝင် ကရင့်ခေါင်းဆောင်ကြီးများ လက်ဆင့်ကမ်းချထားပေးသည့် လုပ်ငန်းလမ်းစဥ်အတိုင်း ရပ်တည်လုပ်ဆောင်ကြရန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက တိုက်တွန်းသည်။
ယနေ့(ဩဂုတ်လ ၁၂)ရက်နေ့တွင် ကျရောက်သော (၇၆)နှစ်မြောက် ကရင့်အာဇာနည်နေ့သို့ ပေးပို့သည့်ဂုဏ်ပြုသဝဏ်လွှာတွင် KNLA စစ်ဦးစီးချုပ်က ထိုသို့ တိုက်တွန်းပြောဆိုလိုက်ခြင်းဖြစ်သည်။
စောဘဦးကြီးနှင့်တကွ...
ပေါင် ၅၀၀ ဗုံးကြောင့် လယ်ဒိုတွင် အရပ်သား (၆) ဦးထက်မနည်း ထိခိုက်သေဆုံး
သြဂုတ် (၁၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)၊ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်၊ လယ်ဒို(ကျောက်ကြီး)မြို့နယ်တွင် စစ်အုပ်စုက ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၆) ဦးထက်မနည်း ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့...
ရေးဘီလူး Facebook ပေ့ချ်အောက် မှတ်ချက်ရေးသဖြင့်ဟုဆိုကာ စစ်အုပ်စုက အရပ်သား(၂)ဦးကို ဖမ်းဆီးပြီး အမှုဖွင့်
ဩဂုတ် (၁၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်တွင်စစ်ရေးလှုပ်ရှားနေသည့် ရေးဘီလူးအဖွဲ့၏ လူမှုကွန်ရက်(ဖေ့ဘွတ်ခ်) ပေ့ချ်အောက်တွင် မှတ်ချက်များရေးသားသဖြင့်ဟုဆိုကာ စစ်အုပ်စုက ပြီးခဲ့သည့် ဩဂုတ်လ(၈)ရက်နေ့ တစ်ရက်တည်းတွင် အမျိုးသား(၁)ဦးနှင့်အမျိုးသမီး(၁)ဦးကို ဖမ်းဆီးပြီး အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
မုဒုံမြို့နယ်၊ ဘလောက်ညောင်ဝိုင်းရွာနေ ဦးဇင်မင်းခိုင် ဆိုသူ အသက်(၅၀)နှစ်အရွယ် အမျိုးသားအား သတင်းပေးချက်အရ...
မေတ္တာမြို့မှ မယ့်သမီးထအထိ ရေလမ်းကြောင်းကို KTLA သွားလာခွင့်ပိတ်
ဩဂုတ် ၁၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ၊ ဘိတ်-ထားဝယ်ခရိုင်အတွင်း မိုးရာသီ ကာလ ဒေသခံလူထု အဓိကအားထားရသည့် မေတ္တာမြို့မှ မယ့်သမီးထ (ထီးထာ) အထိ ရေလမ်း ကြောင်းအား စက်လှေများ ဖြတ်သန်းသွားလာခွင့် မပြုကြောင်း ကော်သူးလေအာမီ (KTLA) က...
ဂျပန်နိုင်ငံတွင် ကျင်းပသည့် ကရင့်အာဇာနည်နေ့အခမ်းအနား ကေအဲန်ယူ ဥက္ကဌနှင့် SCEF ကိုယ်စားလှယ်များ တက်ရောက်
ဩဂုတ် (၁၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ဂျပန်နိုင်ငံတွင် ယမန်နေ့ ဩဂုတ်လ(၉)ရက်နေ့က ကျင်းပခဲ့သည့် (၇၆)ကြိမ်မြောက် ကရင့်အာဇာနည်နေ့အခမ်းအနားသို့ ကေအဲန်ယူ-ဥက္ကဌ ပဒိုစောကွယ်ထူးဝင်း အပါအဝင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ-SCEF ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း 𝐎𝐯𝐞𝐫𝐬𝐞𝐚𝐬 𝐊𝐚𝐫𝐞𝐧 𝐎𝐫𝐠𝐚𝐧𝐢𝐳𝐚𝐭𝐢𝐨𝐧 𝐉𝐚𝐩𝐚𝐧 (𝐎𝐊𝐎𝐉)...
လယ်ဒိုတွင် နှစ်ရက်အတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင် (၄) ဦး KNLA ထံ ဘက်ပြောင်းခိုလှုံ
ဩဂုတ် (၁၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူ/ညောင်လေးပင်ခရိုင်၊ လယ်ဒိုမြို့နယ်အတွင်း ဩဂုတ်လ(၆)ရက်နှင့်(၉)ရက်နေ့တို့တွင် လက်နက်နှင့်တကွ စစ်အုပ်စုတပ်ဖွဲ့ဝင်(၄) ဦး တပ်မဟာ(၃) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ တပ်ရင်း (၉) ထံသို့ ဘက်ပြောင်းခိုလှုံလာကြောင်း ကေအဲန်ယူ-ဗဟိုက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် ဩဂုတ်လ(၆)ရက်နေ့က စစ်အုပ်စု၏ ခြေလျှင်တပ်ရင်း...
ရှမ်းပြည်၊ မယ်စုံတောင်ရွာရှိ စစ်ရှောင်နှင့်ဒေသခံ(၁၆၀)ခန့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်
ဩဂုတ် (၁၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မယ်စုံတောင်ကျေးရွာရှိ စစ်ရှောင်နှင့်ဒေသခံ စုစုပေါင်း(၁၆၀)ဝန်းကျင်တွင် ရာသီတုပ်ကွေးလက္ခဏာ ဖျားနာ၊ နှာစေး၊ ချောင်းဆိုးများ ဖြစ်ပွားနေ၍ ကျန်းမာရေးစောင့်ရှောက်မှုအကူအညီ လိုအပ်နေကြောင်း စစ်ဘေးရှောင်အကူအညီပေးနေသည့်အဖွဲ့ထံမှ သိရသည်။
တိုက်ပွဲများကြောင့် မိုးဗြဲ၊ ဖယ်ခုံမှ လာရောက်ရှောင်တိမ်းနေသော မယ်စုံတောင် စစ်ရှောင်များနှင့်ဒေသခံ...
ကရင့်အမျိုးသားအာဇာနည်နေ့ ဖြစ်ပေါ်လာပုံ
ကရင့်အမျိုးသားအာဇာနည်နေ့ ဖြစ်ပေါ်လာပုံ
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့သည် (၇၆) နှစ်မြောက် ကရင့်အမျိုး သားအာဇာနည်နေ့ ဖြစ်သည်။ ယခုနှစ်တွင် ကျရောက်သည့် ကရင့်အမျိုးသားအာဇာနည်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ပြန်လည်ဖော်ပြပေးလိုက်ပါသည်။
---- -----
၁၉၅ဝ ခုနှစ်၊ ဩဂုတ်လ (၁၂)ရက်နေ့သည် ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ)ဥက္ကဌ...














