Home Authors Posts by KIC News

KIC News

21996 POSTS 0 COMMENTS

မူတြော်တွင် တစ်လအတွင်း တိုက်ပွဲ ၉၁ ကြိမ်ဖြစ်ပွား၊ အာဏာသိမ်း စစ်တပ်ဘက်မှ ၁၃ ဦး သေဆုံးခဲ့

မတ်လ ၈ ရက်။ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ တပ်မဟာ (၅) နယ်မြေ/မူတြော် (ဖာပွန်) ခရိုင်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ တစ်လအတွင်း တိုက်ပွဲပေါင်း (၉၁) ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်း စစ်တပ်ဘက်မှ (၁၃) ဦး သေဆုံးခဲ့ကြောင်း မတ်လ ၅...

စစ်အုပ်စု လက်နက်ကြီးကြောင့် ခလယ်လွီထူခရိုင်အတွင်း အမျိုးသမီး ၃ ဦးအပါအဝင် ၅ ဦးဒဏ်ရာရ

မတ် ၈ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)၊ ညောင်လေးပင်(ခလယ်လွီထူ)ခရိုင်၊ မုန်းမြို့နယ်နှင့်ကျောက်ကြီးမြို့နယ်အတွင်း ပြီးခဲ့သည့် မတ်လ(၄)ရက်နှင့်(၅)ရက်နေ့တို့တွင် စစ်အုပ်စု လက်နက်ကြီးများကြောင့် အမျိုးသမီး(၃)ဦးအပါအဝင် ဒေသခံ(၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူက ထုတ်ပြန်သည်။ ကျောက်ကြီးမြို့နယ်တွင် မတ်လ(၅)ရက်နေ့က ပိန်းဇလုပ်မြို့အခြေစိုက် စစ်အုပ်စု၏ ခြေလျင်တပ်ရင်း ခလရ-၂၆၄ က...

နိုင်ငံတကာအမျိုးသမီးများနေ့ အမှတ်တရ စကားသံများ

နိုင်ငံတကာအမျိုးသမီးများနေ့ အမှတ်တရ စကားသံများ ------------ မြန်မာနိုင်ငံရဲ့ လက်ရှိခေတ်အနေအထားကိုကြည့်ရင် အာဏာသိမ်းပြီးနောက်ပိုင်း လူထုဘဝလုံခြုံရေး၊ ငြိမ်းချမ်း ရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့အရေးတွေမှာ အဖက်ဖက်က စိုးရိမ်ပူပန်မှုစရာတွေများလာနေပါတယ်။ ခေတ်အဆက်ဆက်က ဖိနှိပ်မှု၊ ခွဲခြားဆက်ဆံမှုတွေခံလာရတဲ့ အမျိုးသမီးတွေအတွက်ကတော့ ဒီလိုခေတ်အခြေအနေက စိန်ခေါ်မှုပိုကြီးပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ပဋိပက္ခ၊ ခေတ်စနစ်ဆိုးကြီးအောက် ရှင်သန်နေကြရတဲ့ အမျိုးသမီး...

ကရင်ပြည်နယ်တွင် လိုင်စင်မဲ့မော်တော်ယာဉ်များ ဆီဝယ်ယူမရ၊ ဓာတ်ဆီဈေး နှစ်ဆကျော်တက်လာ

မတ် ၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ယနေ့ (မတ်လ ၇ ရက်) နေ့မှစပြီး လိုင်စင်မဲ့ယာဉ်များ စက်သုံးဆီ ဝယ်ယူ၍မရတော့သလို ဆီပြတ်လပ်မှုကြောင့် မြဝတီမြို့တွင်လည်း ဓာတ်ဆီဈေးနှစ်ဆကျော် မြင့်တက်သွားကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များမှ သိရသည်။ ဖားအံမြို့ရှိ စက်သုံးဆီဆိုင်များတွင် ယာဉ်လိုင်စင်နှင့်...

DKBA ဗိုလ်ဘိထံဝင်ရန် အဖွဲ့ဦးဆောင်သူမှာ ကျားဖြန့်ကိစ္စဖြင့် ထုတ်ပယ်ခံရသူ တပ်ဖွဲ့ဝင်ဟောင်းဟု PC ပြော

မတ် ၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ခွဲထွက် DKBA ဗိုလ်ဘိအဖွဲ့ထံဝင်ရန် ဦးဆောင်သူမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်သူများကို အကူအညီပေးသဖြင့် အဖွဲ့ထဲမှ ထုတ်ပယ်ခံရသူဖြစ်သည်ဟု ကရင်ငြိမ်းချမ်းရေးကောင်စီ (PC) ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။ ပြီးခဲ့သည့်ရက်ပိုင်းက ဖားအံမြို့နယ်၊ ခလောက်နို့ကျေးနယ်ရှိ PC...

KNU နယ်မြေရှိ ကျောင်းများအတွက် ‘တို့သစ်ပင်များ ဖောင်ဒေးရှင်း’မှ ပညာရေးအကူအညီများ ပေးအပ်ရန်စီစဉ်

မတ် ၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေတွင် ကရင့်ပညာရေးနှင့် ယဉ်ကျေးမှုဌာန-KECD ထောက်ခံချက်ဖြင့် 'တို့သစ်ပင်များ ပညာရေးဖောင်ဒေးရှင်း'မှ ပညာသင်ဆုနှင့် ပညာရေးပံ့ပိုးမှုအစီအစဉ်များ အထောက်အပံ့ပေးသွားရန် စီစဉ်နေကြောင်း ယနေ့ (မတ်လ ၇ ရက်) တွင် ပြုလုပ်သည့် ဖောင်ဒေးရှင်းမိတ်ဆက်အစီအစဉ်မှ သိရသည်။ ပဋိပက္ခဒေသနှင့်...

ထိုင်း-မြန်မာနယ်စပ် ကျေးရွာများတွင် စက်သုံးဆီပြတ်လပ်ပြီး ဈေးနှုန်း နှစ်ဆနီးပါး မြင့်တက်လာ

မတ်လ ၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်း-မြန်မာနယ်စပ်ရှိ ထိုင်းဘက်ခြမ်းကျေးရွာများတွင် စက်သုံးဆီပြတ်လပ်မှုနှင့်အတူ ဈေးနှုန်းများ နှစ်ဆနီးပါး မြင့်တက်လာခြင်းကြောင့် ဒေသတွင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူများ အခက်တွေ့နေကြောင်း ဒေသခံများက ပြောသည်။ အထူးသဖြင့် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်အတွင်းရှိ နယ်စပ်ကျေးရွာများတွင် စက်သုံးဆီ ဝယ်ယူရန် ခက်ခဲလာပြီး...

ဖလူးဒေသကို စစ်အုပ်စု နှစ်ရက်ဆက်တိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

မတ် ၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဖလူးဒေသ၊ ဖလူးဘုရားကုန်းအနီးဝန်းကျင်ကို စစ်အုပ်စုက Y-12 လေယာဉ်၊ ဂျက်ဖိုက်တာများဖြင့် ဖျက်အားပြင်း ပေါင် (၅၀၀) ဗုံးများ နှစ်ရက်ဆက်တိုက် ကြဲချတိုက်ခိုက်ခဲ့ကြောင်း ကရင်စစ်ရေးသတင်းအရင်းအမြစ်များမှ သိရသည်။ မတ်လ (၆) ရက်နေ့က Y-12...

ခလယ်လွီထူခရိုင်တွင် အာဏာသိမ်းစစ်တပ် လက်နက်ကြီးနှင့် ဒရုန်းဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား ၅ ဦး ဒဏ်ရာရ

မတ်လ ၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်အတွင်းရှိ ကျေးရွာများထဲသို့ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနှင့် ဒရုန်းများဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့သဖြင့် ၂ ရက်အတွင်း ဒေသခံပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ညောင်လေးပင်ခရိုင် ကေအဲန်ယူက ယနေ့ ထုတ်ပြန်ထားသည်။ မူးမြို့နယ်အတွင်းရှိ...

KK Park သို့ လျှို့ဝှက်သွယ်တန်းထားသော အင်တာနက်ပိုက်လိုင်းကို ထိုင်းအာဏာပိုင်များ ဖြုတ်သိမ်း

မတ်လ ၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မယ်တောင်ကျေးရွာမှ မြန်မာနိုင်ငံ၊ မြဝတီမြို့နယ်၊ မယ်ထော်သလေးကျေးရွာရှိ KK Park အွန်လိုင်းငွေလိမ်ခြံဝင်းသို့ လျှို့ဝှက်သွယ်တန်းထားသည့် အင်တာနက်ပိုက်လိုင်းကြိုးများကို ယမန်နေ့ (မတ်လ ၅ ရက်နေ့) နံနက်က ထိုင်းအာဏာပိုင်အဖွဲ့များ ဖြုတ်သိမ်းခဲ့ကြောင်း ထိုင်းမီဒီယာများက...
Donate