KIC News
မြဝတီမြို့တွင် နောက်ဆုံးကျန်သော ခြေလျင်တပ်ရင်း ခလရ−၂၇၅ တပ်စခန်းအား အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ကြောင်း ကေအဲန်ယူ ထုတ်ပြန်
ဧပြီလ ၁၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
မြဝတီမြို့တွင် နောက်ဆုံးကျန်ရှိသော အာဏသိမ်းအကြမ်းဖက်စစ်ကောင်စီတပ် ခလရ−၂၇၅ တပ်စခန်း အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မှ ဦးဆောင်ပြီး ကရင်အမျိုးသားကာ ကွယ် ရေးတပ်ဖွဲ့ (KNDO)နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကေအဲန်ယူက တရားဝင်ထုတ်ပြန်ခဲ့သည်။
အဆိုပါ ခလရ−၂၇၅...
မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ စစ်စခန်းက စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာပြီး အမှတ် ၂ ချစ်ကြည်ရေးတံတားဘက်ထွက်ပြေးတိမ်းရှောင်
ဧပြီ ၁၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
မြဝတီမြို့ပြင် အာရှလမ်းမနေရာရှိ ခြေလျင်တပ်ရင်း-ခလရ ၂၇၅ မြို့စောင့် တပ်ရင်းမှ စစ်ကောင်စီတပ်သားများသည် ဧပြီလ ၁၀ ရက်၊ ယမန်နေ့ည ၁၁ နာရီကျော်အချိန်ခန့်က တပ်ရင်းစစ်စခန်းအား စွန့်ခွာ ထွက်ပြေးသွားပြီး ထိုင်း-မြန်မာ နယ်စပ်အမှတ် ၂...
ပြည်နယ်တွင်းရှိ ဗုဒ္ဓဘာသာရဟန်းတော်များ စစ်ကောင်စီနှင့် လက်နက်ကိုင်အဖွဲ့များထံ မေတ္တာရပ်ခံစာ ပေးပို့
ဧပြီလ ၁၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
လူသားချင်း ကိုယ်ချင်းစာနာထောက်ထားရေးကို ရှေးရှုလျက် ပဋိပက္ခဆောင် အချင်းချင်းတို့၏ ထာ၀ရငြိမ်းချမ်းရေး မဏ္ဍိုင် ပူးပေါင်းတည်ဆောက်နိုင်စေရေးနှင့် တစ်မျိုးသားလုံးအရေးအား ငြိမ်းချမ်းရေးအသွင် ဖော်ဆောင်နိုင်ကြစေရန် ကရင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာ ရဟန်းတော်များက ဧပြီလ ၅ရက် နေ့စွဲဖြင့် စစ်ကောင်စီနှင့် ကရင်တိုင်းရင်းသားလက်...
လိပ်သိုဒေသ ကျန်းမာရေးဆေးပေးခန်းတွင် ဆေးဝါးပြတ်လပ်နေ
ဧပြီလ ၁၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
အာဏာသိမ်းပြီးနောက်ပိုင်းမှ လက်ရှိအချိန်ထိ စစ်ကောင်စီ၏ စစ်ဆေးရေးတင်းကြပ်ခံထားရသော သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသ၊ မိတ်သလင်တောင်ကျေးရွာအုပ်စု၊ မြတ်ထင်ကျေးရွာရှိ ကျန်းမာရေးဆေးပေးခန်းတွင် ဆေးဝါးပြတ်လပ်နေကြောင်း ကျန်းမာရေးအကူအညီပေးနေသူများ ထံမှ သိရသည်။
စားနပ်ရိက္ခာနှင့် ဆေးဝါးကန့်သတ်ခံထားရသည့်အပြင် တောင်ငူ-သံတောင်-လိပ်သိုလမ်းတစ်လျှောက် စစ်ဆေးရေးတင်းကြပ်ထားသော လိပ်သိုဒေသအတွင်း ကျန်းမာရေးဆေးပေးခန်းလည်း ရှားပါးသည့်...
စစ်ကောင်စီကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးယူထားသည့် KNSO အဖွဲ့ ကြေညာ
ဧပြီလ ၁၀ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်နီပြည်၊ လိုပ္ပါခိုခရိုင် မော်ချီးဒေသအခြေစိုက် စစ်အစိုးရလက်ထက်က ငြိမ်းချမ်းရေးယူခဲ့သော ကရင်နီ အမျိုးသားစည်းလုံး ညီညွတ်ရေးအဖွဲ့-KNSO (ကြယ်ဖြူပြည်သူ့စစ်အဖွဲ့)အနေဖြင့် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်သွား မည်ဖြစ်ကြောင်း ဧပြီလ ၁၀ ရက်၊ ယနေ့တွင် သဘောထားထုတ်ပြန်ကြေညာလိုက်သည်။
ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့-KNSO ဌာနချုပ်ရုံး အခြေပြုသည့် ခဲမဖြူကျေးရွာအတွင်းကို...














