Home Authors Posts by KIC News

KIC News

22460 POSTS 0 COMMENTS

ဖားအံမြို့ကို ဖြတ်သန်း၍ စစ်ကောင်စီ၏ တင့်ကားနှင့်ဖောကား အစီးရေ (၂၀) ကျော် မြဝတီသို့ တက်လာ

ဧပြီလ ၁၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ် မြို့တော်ဖားအံမြို့ပေါ်ကိုဖြတ်သန်း၍ စစ်ကောင်စီ၏ ဖော(Faw)ကားနှင့် တင့်ကားအစီးရေ (၂၀) ကျော် ယ‌နေ့မွန်းလွဲပိုင်းက ဖားအံ-အိန္ဒုလမ်းပိုင်းအတိုင်း မြဝတီမြို့ဘက်သို့ ဆင်းသွားကြောင်း မျက်မြင်တွေ့ရှိသူမြို့ခံများက ပြောသည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-‌KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ မြဝတီမြို့အပြင်ဘက်တွင် တိုက်ပွဲဖြစ်ပွားနေသည့်အခြေအနေကြောင့် စစ်ကောင်စီဘက်က စစ်ကောင်စီတပ်သားအများအပြား...

DKBA ဘက်တံဆိပ်တပ် အသွင်ယူသွားလာသည့် စစ်ကောင်စီတပ်ဖွဲ့များ ပစ်ခတ်ခံရ၍ ၃ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ

ဧပြီလ ၁၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ပိုင်းသုံးထပ်ကွေ့နှင့်‌ သေ့ဘောဘိုကျေးရွာကြားတွင် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်(DKBA)အဖွဲ့ ဘက်တံဆိပ်တပ်ပြီး သွားလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့က ယမန်နေ့ ဧပြီလ ၉ရက် ညနေပိုင်းတွင် ပစ်ခတ် တိုက်ခိုက်သည့်အတွက်...

မြဝတီမြို့တွင် စစ်မဖြစ်ရေး စစ်မဲ့ဇုန်သတ်မှတ်ပေးရန် ဆန္ဒထုတ်ဖော်တောင်းဆိုမှု ပြုလုပ်

ဧပြီလ ၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့အကြားဖြစ်ပွားနေသည့် မြဝတီမြို့ပြင်ရှိ တိုက်ပွဲများနှင့်ဆက်စပ်၍ မြဝတီမြို့အတွင်း စစ်မဖြစ်ရန်နှင့် စစ်မဲ့ဇုန်အဖြစ်သတ်မှတ်ပေးရန် မြို့ တွင်းရှိ စစ်ရှောင်များနှင့်ဒေသခံအချို့က လက်နက်ကိုင်တပ်ဖွဲ့များထံ ယနေ့ညနေပိုင်းက ဆန္ဒဖော်ထုတ် တောင်းဆိုသည့်အစီအစဉ်တစ်ခုပြုလုပ်ခဲ့ကြကြောင်း သိရသည်။ စစ်ဘေးရှောင်များခိုလှုံရာ မြဝတီမြို့ကိုချမ်းသာပေး၊ ဆက်ပြေး‌စရာမြေမရှိတော့သည့်အတွက် မြဝတီမြို့ကို...
Donate