KIC News
ငါးရက်ဆက်တိုက် လေကြောင်းဗုံးကြဲမှုကြောင့် ဖလူး၊ မင်းလက်ပံရွာနေအိမ်များ ထိခိုက်ပျက်စီးမှုများပြား
မတ် ၁၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့တောင်ဘက်ပိုင်း၊ ဖလူးနှင့်မင်းလက်ပံကျေးရွာဘက်တွင် မတ်လ(၈)ရက်မှ ယနေ့ မတ်လ(၁၂)ရက်နေ့အထိ စစ်အုပ်စု ကလေကြောင်းဗုံးကြဲမှု နေ့စဥ်မပြတ်လုပ်ဆောင်သောကြောင့် ရွာရှိနေအိမ်၊ အဆောက်အအုံများ ထိခိုက်ပျက်စီးမှုများပြားလာကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။
မြေပြင်မှထိုးဖောက်ဝင်ရောက်နိုင်ခြင်းမရှိသဖြင့် စစ်အုပ်စုက ဂျက်တိုက်လေယာဉ်၊ Y12၊ Y8 လေယာဉ်များ...
ကရင်လူငယ်တစ်ဦးကို အုပ်စုဖွဲ့ရိုက်နှက်သည့်ကိစ္စ တရားမျှတစွာအရေးယူပေးရန် ထိုင်းကရင်အဖွဲ့ တောင်းဆို
မတ် ၁၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်လူငယ်တစ်ဦးကို ထိုင်းမျိုးချစ်အဖွဲ့ဝင်များက အုပ်စုဖွဲ့ရိုက်နှက်သည့်ကိစ္စကို စုံစမ်းဖော်ထုတ်ပြီး ဥပဒေနှင့် အညီ တရားမျှတစွာ အရေးယူပေးရန် ထိုင်းနိုင်ငံ ချင်းမိုင်အခြေစိုက် ကရင်ယဉ်ကျေးမှုနှင့် သဘာဝ ပတ်ဝန်းကျင်ကွန်ရက် (Karen Network for Culture and Environment...
ညောင်လေးပင်မှာ သေဆုံးသူတွေဟာ KNU, PDF ဖြစ်ပြီး ရွာကို စစ်တပ်က စစ်ကြောင်းမထိုးခဲ့ဘူးဆိုတဲ့ ဝါဒဖြန့်သတင်းအမှား
ညောင်လေးပင်မှာ သေဆုံးသူတွေဟာ KNU, PDF ဖြစ်ပြီး ရွာကို စစ်တပ်က စစ်ကြောင်းမထိုးခဲ့ဘူးဆိုတဲ့ ဝါဒဖြန့်သတင်းအမှား
မတ် (၁၁)ရက်၊ ၂၀၂၆ ခုနှစ်။
KIC/ ဟုတ်တယ် Vs မဟုတ်ဘူး/ The Red Flag/ MFCN
အနှစ်ချုပ်
စစ်လော်ဘီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကနေ ဖြန့်ချိထားတဲ့ “ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်းရှိ...
ပဲခူးတိုင်းတွင် စစ်ပဋိပက္ခကြောင့် ငါးနှစ်အတွင်း အရပ်သား ၁,၄၀၀ ကျော် သေဆုံးခဲ့
မတ်လ ၁၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ပဲခူးတိုင်းဒေသကြီးတွင် အာဏာစသိမ်းသည့်အချိန်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ (၃၁) ရက်နေ့ထိ ငါးနှစ် အတွင်း စစ်ပဋိပက္ခကြောင့် သေဆုံးသူ အရပ်သား (၁,၄၆၀) ဦးအထိ ရှိလာကြောင်း Data for Myanmar ၏...
စက်သုံးဆီစျေးနှုန်း အဆမတန်မြင့်တက်မှုကြောင့် ဖားအံမြို့ခံများ၏ နေ့စဉ်ဘဝ ကျပ်တည်းလာ
မတ်လ ၁၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ဖားအံတွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ အဆမတန် မြင့်တက်လာခြင်းနှင့် ဆီဆိုင်များတွင် ဝယ်ယူရန် ခက်ခဲလာခြင်းတို့ကြောင့် ဆိုင်ကယ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများနှင့် ရုံးဝန်ထမ်းများ နေ့စဉ်လူမှုဘဝအတွက် သွားရေးလာရေး အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း မြို့ခံများထံမှ သိရသည်။
လက်ရှိတွင် စက်သုံးဆီဆိုင်အချို့၌ မော်တော်ယာဉ်နံပါတ် စုံ/မ...
မြဝတီတွင် စစ်အုပ်စု ပြည်သူ့စစ်အဖွဲ့နှင့် DKBA အဖွဲ့တို့ကြား ပစ်ခတ်မှုဖြစ်ပွား၊ DKBA တပ်ဖွဲ့ဝင် ၆ ဦး ဒဏ်ရာရ
မတ်လ ၁၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၃) ရပ်ကွက်ရှိ စစ်အုပ်စု အုပ်ချုပ်ရေးရုံးရှိ ပြည်သူ့စစ်အဖွဲ့များနှင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) အဖွဲ့တို့အကြား ယမန်နေ့ မတ်လ ၁၀ ရက် ညပိုင်းက နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး...
စစ်အုပ်စု၏ စစ်ရာဇဝတ်မှုအပေါ် အရေးယူပေးရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာကို OIA တောင်းဆို
မတ် ၁၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
စစ်အုပ်စုက ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်အတွင်း ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှု အပါအဝင် အရပ်သားများ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုအပေါ် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် ကုလသမဂ္ဂ၊ အာဆီယံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းထံ အဝေးရောက်ဧရာဝတီအသင်း - O.I.A က...
လူသတ်မှု ကျူးလွန်သူ စစ်အုပ်စုတပ် ရေတွင်းကုန်းရွာတွင် တပ်စွဲထားဆဲ၊ ပြည်သူ (၃၀၀) ကျော်ကို KNLA ပူးပေါင်းတပ် ကယ်ထုတ်ပြီးစီး
မတ် ၁၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင် (ခလယ်လွီထူ)၊ ကျောက်ကြီးမြို့နယ်၊ ရေတွင်းကုန်းကျေးရွာတွင် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်သူ စစ်အုပ်စုသည် ယနေ့ အချိန်ထိ တပ်စွဲအခြေချနေဆဲဖြစ်ပြီး ဖမ်းဆီးထားသည့် ဒေသခံ (၃၀၀) ကျော်ကို မတ်လ (၇) ရက်နေ့က...
မြန်မာဘက်ပို့ရန် မှောင်ခိုသယ်ဆောင်လာသည့် စက်သုံးဆီလီတာ တစ်သောင်းကျော် မဲဆောက်တွင် ဖမ်းမိ
မတ် ၁၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မြန်မာနိုင်ငံဘက်သို့ ပို့ရန် တရားမဝင် သယ်ဆောင်လာသည့် စက်သုံးဆီ လီတာ ၁၀,၈၀၀(တစ်သောင်းရှစ်ရာ) ကို ယမန်နေ့ (မတ်လ ၁၀ ရက်) နေ့က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်၊ မဟာဝန်ကျေးရွာအုပ်စု အမှတ် (၅) ရပ်ကွက်တွင်...
အစိုးရဝန်ထမ်းများကို Work from Home လုပ်ရန် ထိုင်းအစိုးရက တရားဝင်အမိန့်ထုတ်ပြန်၊ ပြည်ပခရီးစဉ်များ ရပ်ဆိုင်းထားရန် ညွှန်ကြားထား
မတ်လ ၁၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံအတွင်းရှိ အစိုးရဌာနများနှင့် နိုင်ငံပိုင်လုပ်ငန်းများမှ ဝန်ထမ်းများအနေဖြင့် နေအိမ်ကနေ အလုပ်လုပ်ရမည့် (Work from Home) အမိန့်ကို ထိုင်းယာယီဝန်ကြီးချုပ် အနုတင် ချာန်ဝီရကူးလ်က ယနေ့တွင် တရားဝင် ညွှန်ကြားလိုက်သည်။
အရှေ့အလယ်ပိုင်းစစ်ပွဲ၏ ရိုက်ခတ်မှုများကို တုံ့ပြန်ဆောင်ရွက်သည့် အစီအမံများထဲမှ...















