KIC News
မရေရာမှုများနှင့် မျှော်နေဆဲ စစ်ရှောင်တို့၏ အိမ်ပြန်ခရီး
မရေရာမှုများနှင့် မျှော်နေဆဲ စစ်ရှောင်တို့၏ အိမ်ပြန်ခရီး
နန်းဝေဖြိုးဇာ
(ဇူလိုင် ၁၂၊ ၂၀၂၄ ခုနှစ်။)
နေအိမ်ကို စစ်ကောင်စီတပ်က မီးရှို့လိုက်သည့်အတွက် အိမ်မရှိတော့သော်လည်း မီးလောင်ပုံသာကျန်ရှိသည့် အိမ်ကို ပြန်ကြည့်ချင်သေးသည်ဟု အသက် ၇၀ နှစ်ကျော်အရွယ် ကော့ကရိတ်မြို့နယ်၊ ကော့နွဲရွာသူ မူးဟှား (အဒေါ်)နော်ထော်သူးက ဖွင့်ဟပြောသည်။
သူမသည် လွန်ခဲ့သည့် ၆ လကျော်...
ကျိုက်ထိုမြို့ပေါ်တွင် မူးယစ်ဆေးဖြင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံရသူ ဒေသခံ (၁၈)ဦးအထိရှိလာ
ဇူလိုင်လ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထိုမြို့ပေါ်တွင် မူးယစ်ဆေးဖြင့်ဆက်စပ်သည် ဟုဆိုကာ ပြီးခဲ့သည့် ဇူလိုင်လ(၇)ရက်နေ့မှစ၍ စစ်ကောင်စီ၏ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဒေသခံများအားလိုက်လံဖမ်းဆီးခဲ့ရာ ယနေ့အထိ စုစုပေါင်းဖမ်းဆီးခံရသူ အမျိုးသား (၁၈)ဦးအထိရှိလာပြီဟု ကျိုက်ထိုမြို့ရဲတပ်ဖွဲ့နှင့် နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။
ဇူလိုင်လ(၇)ရက်နှင့်(၈)ရက်နေ့...
တောင်စွန်းစခန်းတွင် စစ်ကောင်စီတပ်များမရှိတော့သော်လည်း မြေမြှုပ်မိုင်းကြောင့် ဒေသခံအများစု နေရပ်ပြန်ရန် အခက်ကြုံနေ
ဇူလိုင် ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆) ဝင်း ရေးမြို့နယ် တောင်စွန်း(လေးနော်) ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့သည့်မေလကတည်းက တော်လှန်ရေး ပူးပေါင်းတပ်ဘက်မှသိမ်းပိုက်နိုင်ပြီးဖြစ်သော်လည်း မြေမြှုပ်မိုင်းများရှိနေခြင်းကြောင့် ဒေသခံအများစု ပြန်မနေရဲဘဲ တိမ်းရှောင်နေရဆဲ ဖြစ်သည်ဟု သိရသည်။
လက်ရှိအချိန်တွင်...
ထိုင်းဘတ်ငွေ စျေးမြင့်တက်နေပြီး ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေ
ဇူလိုင်လ ၁၂ ရက်၊၂၀၂၄ခုနှစ်။ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက်ဒေသတွင် ယခုလအတွင်း မြန်မာကျငွေတန်ဖိုးကျဆင်းပြီး ဘတ်ငွေတန်ဖိုး ဆက်လက်မြင့်တက်လျက်ရှိကြောင်း ငွေလဲလှယ်လုပ်ကိုင်နေသူများက ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့် လများတွင် မြန်မာကျပ်ငွေတစ်သိန်းလျှင် ထိုင်းဘတ်ငွေ (၈၇၅) ဘတ်အထိရှိရာမှ ဇူလိုင်လ ၁၂ ရက်၊ ယနေ့တွင် မြန်မာကျပ်ငွေတစ်သိန်းလျှင် ထိုင်းဘတ်ငွေ (၇၁၅)ဘတ်အထိ ကျပ်ငွေဈေးနှုန်း...
အောင်ဇေယျစစ်ကြောင်း ပစ်ခတ်သော အတွဲလိုက် မစ်ဇိုင်းဒုံးကြောင့် ကလေးငယ် ၂ ဦးအပါအဝင် ၃ ဦး ကျည်ထိမှန်ဒဏ်ရာရ၊ အရပ်သားနေအိမ်...
ဇူလိုင်လ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ထီးမူးထကျေးရွာတွင် ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်၊ နံနက်က စစ်ကောင်စီအောင်ဇေယျစစ်ကြောင်း ပစ်ခတ်လိုက်သော အတွဲလိုက် မစ်ဇိုင်းဒုံးကျည်များ ကျရောက်ပေါက်ကွဲ၍ ကလေးငယ် ၂ ဦးအပါအဝင် အရပ်သား...














