KIC News
မြဝတီမြို့တွင်း စစ်ကောင်စီတပ်စွဲထားရာ လမ်းပိုင်းများ ပိတ်ထားခြင်းကြောင့် ရေဘေးကူညီရေးလုပ်ငန်းများ အခက်ကြုံ
ဇူလိုင်လ ၂၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ နယ်စပ်မြဝတီမြို့တွင် သောင်ရင်းမြစ်ရေမြင့်တက်လာ၍ ရေဘေးသင့်ဒေသခံများ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးရန် စစ်ကောင်စီတပ်များ တပ်စွဲလမ်းပိတ်ထားသည့်နေရာကို ဖြတ်သန်းခွင့် မပြုသောကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အခက်အခဲကြုံနေရကြာင်း ကယ်ဆယ် ရေးလုပ် ဆောင်သူများက ပြောသည်။
မြဝတီမြို့တွင် သောင်ရင်းမြစ်ရေ စိုးရိမ်ရေအမှတ် အထက်...
ထီလုံ-နဘူးသွား လမ်းမကြီးပေါ်ရှိ တံတားနှစ်စင်း ရေတိုက်စားပြိုကျပျက်စီးသွား၍ သွားလာရေးပြတ်တောက်
ဇူလိုင်လ ၂၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ဖာအံခရိုင်၊ ပိုင်ကျုံမြို့နယ် ထီလုံ-နဘူးလမ်းမကြီးပေါ်ရှိ ကြက်တူရွေးရွာတံတားနှင့် နောင်ခွီးကျေးနယ် အမှတ်(၂/၃၃) တံတား နှစ်စင်း ဇူလိုင်လ ၂၅ ရက်၊ ယမန်နေ့တွင် ရေတိုက်စားပြီး ပြိုကျပျက်စီးမှုကြောင့် သွားလာရေး ပြတ်တောက်သွားကြောင်း ဒေသခံများထံမှ သိရသည်။
နဘူး၊ ပိုင်ကျုံ၊...
မဲဆောက်ရှိ မြန်မာရွှေ့ပြောင်းကျောင်းအချို့ ယာယီပိတ်ထား
ဇူလိုင်လ ၂၆ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ စီဒီစီကျောင်းအပါအဝင် မြန်မာရွှေ့ပြောင်းကျောင်းများသည် မိုးဆက် တိုက်ရွာသွန်းပြီးနောက် ရေကြီးနေသည့်အတွက် ယာယီပိတ်ထားရသည်ဟု ကျောင်းတာဝန်ရှိသူများထံမှ သိရသည်။
ရက်သတ္တတစ်ပတ်ကျော် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် သောင်ရင်းမြစ်ရေ လျှံပြီး ထိုင်းဘက်ခြမ်း နေရာအချို့တွင် ရေကြီးရေလျှံမှုများ...
ရန်ကုန်၊ ကွမ်းခြံကုန်းမြို့နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်သဖြင့် နေအိမ်ပေါင်း(၇၀)ကျော်ပျက်စီးပြီး လူထိခိုက်သေဆုံးမှုရှိ
ဇူလိုင် ၂၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်းကျေးရွာတွင် ယနေ့နံနက်အစောပိုင်းက လေဆင်နှာမောင်းတိုက်ခတ်သဖြင့် နေအိမ်အလုံးပေါင်း(၇၀)ကျော် ပျက်စီးမှုရှိခဲ့သလို ကျေးရွာနေဒေသခံများ သေဆုံးမှုနှင့်ထိခိုက်ဒဏ်ရာရမှုရှိခဲ့ကြောင်း ရန်ကုန်အခြေစိုက် Medical လူငယ်များ လူမှုကူညီရေးအသင်း ထံမှ သိရသည်။
ယနေ့နံနက်ပိုင်း (၄)နာရီ(၄၀)မိနစ်အချိန်က ကွမ်းခြံကုန်းနှင့်ကညင်ကုန်းကြားရှိ ဆယ်အိမ်တန်းကမ်းခြေဖြင့်...
သုံးဆယ်မြို့ အနောက်ဖက်ခြမ်း ရွာများ ရေနစ်မြှုပ်၍ အကူအညီလိုအပ်နေ
ဇူလိုင် ၂၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ပဲခူတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့ အနောက်ဖက်ခြမ်းရွာများဖြစ်သည့် ဖိုးခေါင်ကျေးရွာနှင့် စံရွေးကျေးရွာတို့တွင် ဇူလိုင် ၂၂ ရက်မှစ၍ လူနေမရ အောင် ရေကြီးမှုဖြစ်ပေါ်နေသည်ဟု အဖြူရောင်ပရဟိတ လူမှုကူညီရေးအသင်း (သုံးဆယ်မြို့) မှ တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
ဇူလိုင်...
တိုက်ပွဲဖြစ်မည့်ကောလာဟလကြောင့် ကရင်နှင့်ပဲခူးနယ်စပ် ကျေးရွာအချို့မှ ဒေသခံများ ပြောင်းရွှေ့နေရ
ဇူလိုင် ၂၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်နှင့် ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တို့မှ ကျေးရွာ အချို့တွင် တိုက်ပွဲဖြစ်ပွားမည်ဖြစ်သဖြင့် ဘေးလွတ်ရာ ပြောင်းရွှေ့နေထိုင်ကြရန် ကောလဟလများ ပေါ်ထွက်လာပြီးနောက် ဒေသခံများ ပြောင်းရွှေ့နေကြကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။
သံတောင်ကြီးမြို့နယ်၊ သပြေညွှန့်ကျေးရွာ၊ ထန်းတပင်မြို့နယ် ကျောက်ကြီးပေါက်၊...
တပ်မဟာ ၄ ရှိ မိုးကဖော့စခန်းကို စစ်ကောင်စီတပ် စွန့်ခွာ၊ မောတောင်တွင် အင်အားပြန်စုနေ
ဇူလိုင် ၂၆ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ ဘိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ-၄ နယ်မြေ တနင်္သာရီ မြို့နယ်၊ နယ်စပ်စခန်းတစ်ခုဖြစ်သည့် မိုးကဖော့စခန်းမှ စစ်ကောင်စီတပ်တို့ စွန့်ခွာသွားပြီး မောတောင်တွင် အင်အားပြန်လည်စုသည်ဟု ဘိတ်-ထားဝယ်ခရိုင်တာဝန်ရှိသူက ကေအိုင်စီသို့ ပြောသည်။
အဆိုပါ မိုးကဖော့စစ်ကောင်စီတပ်စခန်း၌ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း(ခလရ ၂၂၄) တပ်မှ...
ရန်ကုန်-မော်လမြိုင်လမ်းပိုင်း ရေကျော်သဖြင့် ကားများပိတ်မိနေ၊ ခရီးသည်အချို့ သောင်းချီပေး၍ လှေဖြင့် ကူးနေရ
ဇူလိုင်လ ၂၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ဘီးလင်း-ကျိုက္ကော်ရွာကြား ရန်ကုန်-မော်လမြိုင် လမ်းပိုင်း ပေါ်တွင် ယမန်နေ့ ဇူလိုင်လ(၂၆)ရက်နေ့ညပိုင်းမှစ၍ ရေကျော်လာသဖြင့် ဘီးလင်းသို့ဆင်းလာသည့် မော်တော်ယာဥ်များ ပိတ်မိနေပြီး ခရီးသည်အချို့မှာ စက်လှေခ ကျပ်ငွေသောင်းချီပေးကူးနေရကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။
ဘီးလင်းမြစ်ရေသည် ယမန်နေ့...














