KIC News
ဒု-ဥက္ကဋ္ဌဟောင်း ပဒိုနော်စီဖိုးရာစိန်၏ နောက်ဆုံးခရီး လက်ရှိ KNU ခေါင်းဆောင်များအပါအဝင် အသိမိတ်ဆွေ ၅၀၀ နီးပါးလိုက်ပါပို့ဆောင်
ဇူလိုင် ၂၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်တစ်နေရာတွင် ယနေ့ပြုလုပ်သည့် KNU-ကရင်အမျိုးသားအစည်းအရုံး ဒု-ဥက္ကဋ္ဌဟောင်းဖြစ်သူ ပဒိုနော်စီဖိုးရာစိန်၏ ဈာပန အခမ်းအနားကို လက်ရှိ ကေအဲန်ယူ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းနှင့် ဗဟိုခေါင်းဆောင်အများအပါအဝင် အသိမိတ်ဆွေ (၅၀၀) နီးပါး လိုက်ပါပို့ဆောင်ခဲ့ကြသည်။
ကရင်အမျိုးသမီးအစည်းအရုံး-KWO ခေါင်းဆောင်ဟောင်းလည်းဖြစ်၊ လက်ရှိ အကြံပေးပုဂ္ဂိုလ်ဖြစ်သူ...
ကေအဲန်ယူ ဒူးပလာယာခရိုင်ကွန်ဂရက်ပြီးစီး၊ ဥက္ကဋ္ဌအဖြစ် ပဒိုစောလစ္စတန် ရွေးကောက် တင်မြှောက်ခံရ
ဇူလိုင်လ ၂၇ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၏ ၁၇ကြိမ်မြောက် ကွန်ဂရက်တွင် ခရိုင်ဥက္ကဋ္ဌအဖြစ် ပဒိုစောလစ္စတန်အား ရွေးကောက်တင်မြှောက်ခဲ့ကြောင်း ကွန်ဂရက်တက်ရောက်ခဲ့ကြသည့် ကိုယ်စားလှယ်များက ပြောသည်။
၂၀၂၄၊ ဇူလိုင်လ၂၄ရက်မှ ၂၆ရက်နေ့အထိ ပြုလုပ်သည့် အဆိုပါ ဒူးပလာယာခရိုင် ကွန်ဂရက်တွင် ခရိုင်အဆင့် အမြဲတမ်းကော်မတီဝင်များကို ရွေးကောက်တင်မြှောက်ရာ၌ လစ်လပ်နေသည့် ခရိုင်ဥက္ကဋ္ဌနေရာကို...
မုန်းမြို့နယ်တွင် စစ်ဘေးအပြင် ရေဘေးပါတွေ့ကြုံနေရသဖြင့် စားနပ်ရိက္ခာနှင့်ဆေးဝါးလိုအပ်ချက် ကြီးမားနေ
ဇူလိုင်လ ၂၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ညောင်လေးပင်ခရိုင်/ တပ်မဟာ(၃)၊ မုန်းမြို့နယ်တွင် စစ်ကောင်စီ၏ စစ်ကြောင်းထိုး ပစ်ခတ်မှုများကြောင့် စစ်ဘေးရှောင်တိမ်းရသည့်အပြင် တောင်ကျရေနှင့်မြစ်၊ ချောင်းရေမြင့်တက်သဖြင့် ရေဘေးပါကြုံတွေ့နေရ၍ စားနပ်ရိက္ခာနှင့် ဆေးဝါးလိုအပ်ချက် ကြီးမားနေကြောင်း KNU မုန်းမြို့နယ် ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။
ဇူလိုင်လအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့်...
ခီဖျိတၢ်စူၤအါအဃိလၢၢ်ဒိၣ်ကီၢ်ဆၣ်ဒူသ၀ီ(၆)ဖျၢၣ်ဘၣ်ကွၢ်ဆၢၣ်မဲၥ်တၢ်ကီတၢ်ခဲ
P1wr8lzSPjQ?si=mNAzuZA1JwQCn1wZ
BIMSTEC ၏ ဒေသတွင်းလုံခြုံရေးဆိုင်ရာ ဦးဆောင်မှုများ စစ်ကောင်စီထံ လွှဲအပ်မှုအပေါ် Defend Myanmar Democracy အဖွဲ့ရှုတ်ချ
ဇူလိုင်လ ၂၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ဘင်္ဂလားပင်လယ်အော်ဒေသ ကဏ္ဍစုံနည်းပညာနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (BIMSTEC) ၏ ဒေသတွင်းလုံခြုံရေးဆိုင်ရာဦးဆောင်မှုများ စစ်ကောင်စီထံ လွှဲအပ်သည့်အပေါ် ရှုတ်ချကြောင်း ဇူလိုင်လ (၂၆)ရက်စွဲဖြင့် Defend Myanmar Democracy အဖွဲ့က ထုတ်ပြန်ကြေညာသည်။
BIMSTEC မှ အသစ်ခန့်အပ်ထားသော အထွေထွေအတွင်းရေးမှူးက...
မြဝတီနှင့်မဲဆောက်မြို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားပြီး အမှတ်(၁) နှစ်နိုင်ငံရေးချစ်ကြည်ရေးတံတား ပိတ်ထားရ
ဇူလိုင်လ ၂၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
သောင်ရင်းမြစ်ရေ မြင့်တက်သဖြင့် ထိုင်း- မြန်မာ နယ်စပ် မြဝတီမြို့နှင့် မဲဆောက်မြို့တွင် ရေကြီးရေ လျှံမှုများဖြစ်ပွားလျက်ရှိရာ အမှတ်(၁) နှစ်နိုင်ငံချစ်ကြည်ရေးတံတား ကို ပိတ်ထားလိုက်ရပြီး ရေဘေးသင့် နေရာများအား ကူညီကယ်ဆယ်မှုများ လုပ်ဆောင်နေရကြောင်း မြို့နေထိုင်သူများထံမှ သိရသည်။
ပြီးခဲ့သည့်...
ဒု-ဥက္ကဌဟောင်း ပဒိုနော်စီဖိုးရာစိန်ကွယ်လွန်ခြင်းသည် အမျိုးသားရေးလှုပ်ရှားမှုအတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်ဟု ကေအဲန်ယူပြော
ဇူလိုင်လ ၂၆ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ
အစည်းအရုံး၏ ဒု-ဥက္ကဌဟောင်းဖြစ်သူ ပဒိုနော်စီဖိုးရာစိန် ကွယ်လွန်သွားခြင်းသည် ကရင်အမျိုးသားရေး လှုပ်ရှားမှုတွင် ကြီးမားသောဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်ဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ပေးပို့သော ဝမ်းနည်းကြောင်း သဝဏ်လွှာထဲတွင် ပြောဆိုထားသည်။
ကေအဲန်ယူ၏ တစ်ဦးတည်းသော အမျိုးသမီး ဒု-ဥက္ကဌဟောင်းဖြစ်သူ ပဒိုနော်စီဖိုးရာစိန်သည် ပြီးခဲ့သည့် ဇူလိုင်လ ၂၄...
ရၤမတံ-မဲၢ်ဆီးဘၢၣ်စၢၤထံဒိၣ်တုၤလၢတၢ်ဘၣ်ယိၣ်ပနီၣ်အဃိ,ကမျၢၢ်လီၢ်ကဝီၤဖိဘၣ်သုးလီၢ်
UWUbNUwmPxY?si=LHwNxxAqZRXKBXZO














