KIC News
ထိုင်း-မြန်မာနယ်စပ် သေ့ဘောဘိုးစစ်ရှောင်စခန်းတွင် ဆေးဝါးများ လိုအပ်နေ
ဇူလိုင်လ ၂၅ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ပိုင်း ဝေါလေဒေသရှိ သေ့ဘောဘိုးစစ်ရှောင်စခန်းတွင် စစ်ရှောင် ပြည်သူများ ဝမ်းပျက်ဝမ်းလျှောနှင့် ရာသီတုပ်ကွေးဖြစ်ပွားမှုများရှိနေသဖြင့် ဆေးဝါးများ လိုအပ်နေသည်ဟု စစ်ရှောင်စခန်းကျန်းမာရေးတာဝန်ခံထံမှ သိရသည်။
“ကျနော်တို့ဆီမှာ IDP စစ်ဘေးရှောင်တွေဖြစ်တဲ့အတွက် volunteer donor (တစ်နိုင်တစ်ပိုင်လှူဒါန်းသူ) တွေပဲလာတယ်။ ကိုယ့်ဆီမှာ...
ရွှေခရုများ ဝင်ရောက် ဖျက်ဆီးမှုကြောင့် လယ်ယာစိုက်ခင်းများစွာ ပျက်စီးနေ
ဇူလိုင်လ ၂၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တော်လတီကျေးရွာနှင့် အနိမ့်ပိုင်းဒေသများရှိ လယ်များအတွင်း ရွှေခရု (Golden Apple Snail) များ ဝင်ရောက်ဖျက်ဆီးသောကြောင့် မိုးစပါးစိုက်ခင်းများစွာ ပျက်စီးလျက်ရှိသည်ဟု ဒေသခံလယ်စိုက် တောင်သူများထံမှ သိရသည်။
ရေဝပ်သော အနိမ့်ဒေသများတွင် ရွှေခရုများ ပိုမိုဝင်ရောက်ဖျက်ဆီးပြီး...
စစ်ကောင်စီ စစ်ကြောင်းထိုးလာသောကြောင့် ကျွန်းစုဒေသခံ ထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရ
ဇူလိုင်လ၂၅ ရက်၊၂၀၂၄ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ရှိ ကျွန်းစုဒေသ ကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၂၀၀)ခန့် စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ကျေးရွာ (၇)ရွာမှ ထောင်နှင့်ချီသော ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း စစ်ဘေးရှောင် အနီးကပ်ကူညီနေသူများက ပြောသည်။
တနင်္သာရီမြို့နယ်ရှိအတွင်းရှိ ကျွန်းစုဒေသဖြစ်သည့် လယ်သစ်ကျေးရွာနှင့် အနီးတဝိုက်သို့ ပြီးခဲ့သည့် ဇူလိုင်...
မိုးများသောကြောင့် ကွမ်းခြံများပျက်စီးဆုံးရှုံး၍ ကွမ်းဈေးများတက်လာ
ဇူလိုင်လ ၂၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ် ကျေးရွာအချို့တွင် မိုးရက်ဆက် ရွာသွန်းမှုကြောင့် ကွမ်းခြံများ ပျက်စီးဆုံးရှုံးမှုရှိလာသည်ဟု ကွမ်းရွက် စိုက်ပျိုးသူများထံမှ သိရသည်။
“မိုးက တစ်လလုံးလောက် ဆက်တိုက်အဆင်မပြတ် ရွာနေတော့ ပန်းတနော် အရှေ့ပိုင်းက ကွမ်းခြံတွေ ရေမြှုပ် ကုန်တယ်။ အဲဒီတော့...














