KIC News
ခလယ်လွီထူခရိုင်တွင် ဩဂုတ်တစ်လလုံး ပစ်ခတ်မှုများဖြစ်ပွားပြီး အမျိုးသမီး (၆) ဦးသေဆုံးခဲ့
အောက်တိုဘာ (၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးအသားအစည်းအရုံး၊ တပ်မဟာ-၃၊ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်ထဲတွင် ပြီးခဲ့သည့် ဩဂုတ်တစ်လလုံး စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ အရပ်သားအမျိုးသမီး(၆) ဦးသေဆုံးခဲ့သည်ဟု ခရိုင်တာဝန်ရှိသူများက မှတ်တမ်းတင်ထားသည်။
ဆောထိ(ရွှေကျင်)၊ လယ်ဒို(ကျောက်ကြီး) နှင့် မူး(မုန်း) မြို့နယ် (၃) ခုစလုံးတွင် စစ်အုပ်စုက...
စစ်အုပ်စု၏စစ်ရာဇဝတ်မှုများကို အားပေးကူညီခြင်းမှ ရှောင်ရှားရန် နိုင်ငံတကာထံ SCEF တိုက်တွန်း
အောက်တိုဘာလ (၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
စစ်အုပ်စုကျူးလွန်သည့် စစ်ရာဇဝတ်မှုနှင့်ဆိုင်သောလုပ်ရပ်များကို အားပေးကူညီခြင်းမှ ရှောင်ရှားရန် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) က နိုင်ငံတကာထံ ယမန်နေ့ အောက်တိုဘာလ (၈) ရက်နေ့တွင် ထုတ်ပြန်တိုက်တွန်းသည်။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် ပြီးခဲ့သည့် စက်တင်ဘာ(၂၈)ရက်နေ့က စစ်အုပ်စု၏လေကြောင်းတိုက်ခိုက်မှုကြောင့် လူအစုလိုက်အပြုံလိုက်...
မွန်နှင့်ကရင်ကို ဆက်သွယ်ထားသည့် ချောင်းနှစ်ခွ၊ ဒါလီတံတား များ ပြုပြင်ရေး စစ်အုပ်စု ကြိုးပမ်းနေ
အောက်တိုဘာ (၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်နှင့်ကရင်ပြည်နယ်ကို ဆက်သွယ်ထားပြီး ထောက်ပံ့ပို့ဆောင်ရေးအချက်အချာကျသည့် ချောင်းနှစ်ခွနှင့် ဒါလီတံတား တို့ကို ပြန်လည်ပြုပြင်ရန် စစ်အုပ်စုက ယခု အောက်တိုဘာလဆန်းရက်အတွင်း စက်ယန္တရား၊ လူသူအင်အားအများအပြားဖြင့် ကြိုးပမ်းနေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အတွင်းက...
အမျိုးသားနိုင်ငံ(Nation State)၏ ဗမာလူမျိုးကြီးဝါဒ အက်ကွဲလာခြင်းမှသည်
အမျိုးသားနိုင်ငံ(Nation State)၏ ဗမာလူမျိုးကြီးဝါဒ အက်ကွဲလာခြင်းမှသည်
ဖောင့်ဖ
(၈-၁၀-၂၀၂၆)
ပြင်သစ်နှင့် ဂျပန်နိုင်ငံတို့၏ Nation State (အမျိုးသားနိုင်ငံ) တည်ထောင်ခဲ့သည့် သမိုင်းကြောင်းနှင့် နည်းလမ်းများမှာ ကွဲပြားမှုများ ရှိကြသည်။
ပြင်သစ်နိုင်ငံ၏ အမျိုးသားနိုင်ငံဖြစ်စဉ်
...
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ အတွင်းရေးမှူးအဖွဲ့ဝင် ဇူးပဒုမ္မာနှင့် တွေ့ဆုံမေးမြန်းခြင်း။
“ပဋိပက္ခအသွင်ကနေပြီးတော့မှ နိုင်ငံရေးအသွင်ကို ကူးပြောင်းသွားနိုင်ဖို့သာလျှင် အရေးကြီးတဲ့အချက်ဖြစ်တယ်လို့တော့ ကျမတို့အနေနဲ့ ယုံကြည်လက်ခံထားတယ်။”
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ အတွင်းရေးမှူးအဖွဲ့ဝင် ဇူးပဒုမ္မာနှင့် တွေ့ဆုံမေးမြန်းခြင်း။
အောက်တိုဘာ (၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးပါဝင်သော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (၃)ဖွဲ့နှင့် နိုင်ငံရေးအဖွဲ့အစည်းများဖြင့် စုပေါင်းဖွဲ့စည်းထားသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးကောင်စီ(SCEF) ၏...
ရွှေကုက္ကိုလ်က ငွေလိမ်အဆောက်အဦး (၆၀) ကျော်ကို စစ်အုပ်စု ထပ်မံဖြိုချ
အောက်တိုဘာ (၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ဒေသရှိ တရားမဝင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) နှင့် လောင်းကစားရုံများ လုပ်ကိုင်ရန် အသုံးပြုခဲ့သည်ဟုဆိုကာ အဆောက်အအုံ (၆၃) လုံးကို ယမန်နေ့၊ အောက်တိုဘာ(၇)ရက်နေ့မှ ယနေ့အထိ နှစ်ရက်ဆက်တိုက် စစ်အုပ်စုက ဖြိုချဖျက်ဆီးခဲ့ကြောင်း...
စစ်ခေါင်းဆောင်ကို မလေးရှားခရီးစဥ်ကြိုဆိုခြင်းက မြန်မာပြည်သူများ၏ပေးဆပ်မှုကို မျက်ကွယ်ပြုခြင်းဖြစ်ဟု SCEF တုံ့ပြန်
အောက်တိုဘာ (၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မလေးရှားအစိုးရက မြန်မာစစ်ခေါင်းဆောင်ကို ကြိုဆိုလက်ခံခြင်းသည် ဖက်ဒရယ်ဒီမိုကရေစီအတွက် မြန်မာပြည်သူများ၏ အသက်နှင့် ဘဝပေးဆပ်မှုများကို ပြောင်ပြောင်တင်းတင်း မျက်ကွယ်ပြုရာရောက်သည်ဟု ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ-SCEF က တုံ့ပြန်သည်။
အောက်တိုဘာလ ၇ ရက်နေ့မှ ၈ ရက်နေ့အထိ နှစ်ရက်ကြာ...
မူတြော်ခရိုင်တွင် တစ်လအတွင်း တိုက်ပွဲပေါင်း (၁၀၆) ကြိမ်ဖြစ်ပွားပြီး စစ်အုပ်စုတပ်ဖွဲ့ဝင် (၄၇) ဦးသေဆုံး
အောက်တိုဘာ (၈) ရက်နေ့၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ(၅)နယ်မြေတွင် ပြီးခဲ့သည့်စက်တင်ဘာလအတွင်း စစ်အုပ်စုနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပေါင်း (၁၀၆) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုတပ်ဖွဲ့ဝင် (၄၇) ဦး သေဆုံးခဲ့ကြောင်း ကေအဲန်ယူထုတ်ပြန်ချက်မှ သိရသည်။
သေဆုံးခဲ့သည် စစ်အုပ်စုတပ်ဖွဲ့ဝင်များထဲတွင် တပ်ရင်မှူး (၂)...
ကော့ကရိတ်မြောက်ပိုင်းသို့ သုံးရက်ဆက်တိုက် စစ်အုပ်စုလေယာဥ်ဗုံးကြဲ၍ နေအိမ်အများအပြား ပျက်စီး
အောက်တိုဘာလ (၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြောက်ပိုင်းသို့ ပြီးခဲ့သည့် အောက်တိုဘာ(၅)ရက်နေ့မှ (၈)ရက်နေ့အထိ စစ်အုပ်စုက တိုက်လေယာဥ်၊ Y12 အသုံးပြု ဖျက်အားပြင်းဗုံးများ ကြဲချတိုက်ခိုက်ခြင်းကြောင့် ကျေးရွာနေအိမ်အများအပြား ထိခိုက်ပျက်စီးမှုရှိကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
ထီဖိုးစံ၊ မိဖာလဲ၊ မြပတိုင်နှင့်...
တပ်ဖွဲ့မှထွက်ပြေးသည့် ဖာပွန် PDF (၈) ဦးကို KNU က သတ်ဖြတ် ဆိုသည့် သတင်းအမှား
တပ်ဖွဲ့မှထွက်ပြေးသည့် ဖာပွန် PDF (၈) ဦးကို KNU က သတ်ဖြတ် ဆိုသည့် သတင်းအမှား
အောက်တိုဘာ (၇) ရက်၊ ၂၀၂၆ ခုနှစ်။
KIC/ The Red Flag/ MFCN
ဖာပွန်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF (၈)ဦး သည် တပ်မှထွက်ခွင့်တောင်းသော်လည်း အခွင့်မရ၍ထွက်ပြေးစဥ်...














