Home Authors Posts by KIC News

KIC News

22318 POSTS 0 COMMENTS

ရွှေကုက္ကိုလ်က ငွေလိမ်အဆောက်အဦး (၆၀) ကျော်ကို စစ်အုပ်စု ထပ်မံဖြိုချ

အောက်တိုဘာ (၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ဒေသရှိ တရားမဝင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) နှင့် လောင်းကစားရုံများ လုပ်ကိုင်ရန် အသုံးပြုခဲ့သည်ဟုဆိုကာ အဆောက်အအုံ (၆၃) လုံးကို ယမန်နေ့၊ အောက်တိုဘာ(၇)ရက်နေ့မှ ယနေ့အထိ နှစ်ရက်ဆက်တိုက် စစ်အုပ်စုက ဖြိုချဖျက်ဆီးခဲ့ကြောင်း...

စစ်ခေါင်းဆောင်ကို မလေးရှားခရီးစဥ်ကြိုဆိုခြင်းက မြန်မာပြည်သူများ၏ပေးဆပ်မှုကို မျက်ကွယ်ပြုခြင်းဖြစ်ဟု SCEF တုံ့ပြန်

အောက်တိုဘာ (၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ မလေးရှားအစိုးရက မြန်မာစစ်ခေါင်းဆောင်ကို ကြိုဆိုလက်ခံခြင်းသည် ဖက်ဒရယ်ဒီမိုကရေစီအတွက် မြန်မာပြည်သူများ၏ အသက်နှင့် ဘဝပေးဆပ်မှုများကို ပြောင်ပြောင်တင်းတင်း မျက်ကွယ်ပြုရာရောက်သည်ဟု ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ-SCEF က တုံ့ပြန်သည်။ အောက်တိုဘာလ ၇ ရက်နေ့မှ ၈ ရက်နေ့အထိ နှစ်ရက်ကြာ...

မူတြော်ခရိုင်တွင် တစ်လအတွင်း တိုက်ပွဲပေါင်း (၁၀၆) ကြိမ်ဖြစ်ပွားပြီး စစ်အုပ်စုတပ်ဖွဲ့ဝင် (၄၇) ဦးသေဆုံး

အောက်တိုဘာ (၈) ရက်နေ့၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ(၅)နယ်မြေတွင် ပြီးခဲ့သည့်စက်တင်ဘာလအတွင်း စစ်အုပ်စုနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပေါင်း (၁၀၆) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုတပ်ဖွဲ့ဝင် (၄၇) ဦး သေဆုံးခဲ့ကြောင်း ကေအဲန်ယူထုတ်ပြန်ချက်မှ သိရသည်။ သေဆုံးခဲ့သည် စစ်အုပ်စုတပ်ဖွဲ့ဝင်များထဲတွင် တပ်ရင်မှူး (၂)...

ကော့ကရိတ်မြောက်ပိုင်းသို့ သုံးရက်ဆက်တိုက် စစ်အုပ်စုလေယာဥ်ဗုံးကြဲ၍ နေအိမ်အများအပြား ပျက်စီး

အောက်တိုဘာလ (၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြောက်ပိုင်းသို့ ပြီးခဲ့သည့် အောက်တိုဘာ(၅)ရက်နေ့မှ (၈)ရက်နေ့အထိ စစ်အုပ်စုက တိုက်လေယာဥ်၊ Y12 အသုံးပြု ဖျက်အားပြင်းဗုံးများ ကြဲချတိုက်ခိုက်ခြင်းကြောင့် ကျေးရွာနေအိမ်အများအပြား ထိခိုက်ပျက်စီးမှုရှိကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။ ထီဖိုးစံ၊ မိဖာလဲ၊ မြပတိုင်နှင့်...

တပ်ဖွဲ့မှထွက်ပြေးသည့် ဖာပွန် PDF (၈) ဦးကို KNU က သတ်ဖြတ် ဆိုသည့် သတင်းအမှား

တပ်ဖွဲ့မှထွက်ပြေးသည့် ဖာပွန် PDF (၈) ဦးကို KNU က သတ်ဖြတ် ဆိုသည့် သတင်းအမှား အောက်တိုဘာ (၇) ရက်၊ ၂၀၂၆ ခုနှစ်။ KIC/ The Red Flag/ MFCN ဖာပွန်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF (၈)ဦး သည် တပ်မှထွက်ခွင့်တောင်းသော်လည်း အခွင့်မရ၍ထွက်ပြေးစဥ်...

နံရံပေါ်က ပြက္ခဒိန် | မင်းဆုလဒ် (မြစ်ဝကျွန်းပေါ်)

နံရံပေါ်က ပြက္ခဒိန် မင်းဆုလဒ် (မြစ်ဝကျွန်းပေါ်) (၈.၁၀.၂၀၂၆) ………………………….. လွတ်နေတဲ့ စာကြည့်စားပွဲပေါ်ကို နံရံပေါ်က ပြက္ခဒိန်က ငုံ့ကြည့်ပြီး “မင်းအတွက် ငါ့မှာ ကွက်လပ်တွေ သိပ်မရှိတော့ဘူး” တဲ့။ စာကြည့်စားပွဲပေါ်မှာတော့ မနက်မိုးလင်းတာနဲ့ နှင်းဆီနီနီတစ်ပွင့် အမြဲ အဆင်သင့်ရှိပါတယ် တစ်ချိန်တုန်းကပေါ့။ စာကြည့်စားပွဲပေါ်မှာတော့ လေးလံလွန်းလို့ ထမ်းမနိုင်တဲ့တာဝန်တွေ ဟိုတစ်စ ဒီတစ်စဆိုပေမဲ့...

ခရစ်ပတို ငွေကြေးအကြောင်းတစေ့တစောင်း

ခရစ်ပတို ငွေကြေးအကြောင်းတစေ့တစောင်း (မိုးတိမ်) အလွယ်ဆုံးပြောရရင် ခရစ်ပတို (Cryptocurrency) ဆိုတာ အင်တာနက်ပေါ်မှာ အသုံးပြုနိုင်တဲ့ ဒစ်ဂျစ် တယ်ငွေကြေး တစ်မျိုးပါ။ ကျွန်တော်တို့ နေ့စဉ်သုံးနေတဲ့ ကျပ်ငွေ၊ ဘတ်ငွေတွေလို လက်နဲ့ကိုင်လို့ရတဲ့ ငွေကြေးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျပ်ငွေ၊ ဘတ်ငွေတွေလိုပဲ တန်ဖိုးရှိတဲ့ ခေတ်သစ်ငွေကြေးတစ်ခုဖြစ်ပြီး KPay, WavePay...

အာဏာသိမ်းသမ္မတ မလေးရှားရောက်နေစဥ် စစ်လက်နက်ထောက်ပံ့ပေးနေသည့် မလေးကုမ္ပဏီများကို JFM ဖော်ထုတ်

အောက်တိုဘာ (၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ မြန်မာအာဏာသိမ်းသမ္မတ မင်းအောင်လှိုင် မလေးရှားနိုင်ငံသို့ လာရောက်နေချိန်တွင် မလေးရှားအစိုးရနှင့် ဆက်နွှယ်မှုရှိသည့် ကုမ္ပဏီများအပါအဝင် မြန်မာစစ်အုပ်စုထံ စစ်လက်နက်ထောက်ပံ့၊ ဝန်ဆောင်မှုပေးနေသည့် မလေးရှားကုမ္ပဏီများကို Justice For Myanmar (JFM) က ယနေ့၊ အောက်တိုဘာ(၇)ရက်နေ့တွင်...

သံလှောင်အိမ်တပ်ကုတင်ဖြင့် သက်ကြီးစင်တာ ဖော်ထုတ်ခံရအပြီး ထိုင်းတစ်နိုင်ငံလုံးရှိ သက်ကြီးစင်တာများကို ထိုင်းကျန်းမာရေးဝန်ကြီးဌာန စစ်ဆေးမည်

အောက်တိုဘာ (၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံ၊ ကန်ချနဘူရီရှိ သက်ကြီးရွယ်အိုနှင့်စိတ်ကျန်းမာရေးစောင့်ရှောက်မှု စင်တာတစ်ခုတွင် သံတိုင်များကို လှောင်အိမ်သဖွယ် ကုတင်ဖြင့်တွဲလျှက်တပ်ဆင်ကာ လူနာများပိတ်လှောင်ထားသည့်ဖြစ်ရပ် ဖော်ထုတ်ခံရပြီးနောက် တစ်နိုင်ငံလုံးရှိ သက်ကြီးစောင့်ရှောက်ရေးစင်တာများကို စစ်ဆေးတော့မည်ဖြစ်ကြောင်း ထိုင်းကျန်းမာရေးဌာန၏ ယနေ့၊ အောက်တိုဘာ(၇)ရက်နေ့ ညွှန်ကြားချက်အရ သိရသည်။ ထိုင်းအာဏာပိုင်များသည် ကိုယ်ထိလက်ရောက်ကျူးလွန်မှုနှင့် မတရားချုပ်နှောင်မှု...

ဘန်ကောက်ရှိ ရေဘေးသင့်ပြည်သူများကို OKRSO မှ သောက်သုံးရေနှင့် စားနပ်ရိက္ခာများ လှူဒါန်း

အောက်တိုဘာ (၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ရေဘေးသင့်ပြည်သူများအတွက် သောက်သုံးရေနှင့် စားနပ်ရိက္ခာများကို ပြည်ပရောက်ကရင်ဒုက္ခသည်များဆိုင်ရာ လူမှုစောင့်ရှောက်ရေးအဖွဲ့ (OKRSO) မှ ယနေ့ အောက်တိုဘာ (၇) ရက်နေ့တွင် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။ OKRSO နှင့် အခြားပြင်ပအလှူရှင်များ ပါဝင်မှုဖြင့်...
Donate