Home Authors Posts by KIC News

KIC News

22457 POSTS 0 COMMENTS

မိုင်းပေါက်ကွဲ၍ ဇရပ်ကြီးအနောက်ဘက်ခြမ်းသို့ ရေဘေးရှောင်ပြန်သူ ဒေသခံ(၁)ဦး ခြေထောက်ပြတ်ထွက် ဒဏ်ရာရ

စက်တင်ဘာ ၂၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးဒေသအနောက်ခြမ်း၊ ဒါးဒေါက်ရွာတွင် ပြီးခဲ့သည့် စက်တင်ဘာလ (၁၅) ရက်နေ့က ရေဘေးရှောင်ပြန်သူ ဒေသခံအမျိုးသား(၁)ဦး၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထောင်ထားသော နင်းမိုင်းပေါက်ကွဲပြီး ခြေထောက်ပြတ်ထွက်ဒဏ်ရာရရှိခဲ့ကြောင်း နီးစပ်ရာဒေသခံများမှ သိရသည်။ စစ်ကောင်စီက တစ်လကျော်ကြာ ဖြတ်သန်းသွားလာခွင့်...

ပြည်နယ်အားကောင်းရေး ဖက်ဒရယ်မူအတိုင်းသွားရန် အတိုက်အခံ အဖွဲ့(၉)ဖွဲ့ သဘောထား ထုတ်ပြန်

စက်တင်ဘာ ၂၀ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ တိုင်းပြည်၏ အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးတွင် ပြည်နယ်အားကောင်းရေးမှ ပြည်ထောင် စုအားကောင်းရေး (Bottom-up Federalism) မူအတိုင်းချဉ်း ကပ်တည် ဆောက်သွား မည်ဖြစ်ကြောင်း တိုင်းရင်းသားခုခံတော်လှန်ရေးအဖွဲ့အစည်းနှင့် ပြည်နယ်(သို့မဟုတ်) လူမျိုးကိုယ်စားပြုကောင်မတီပါဝင်သည့် အဖွဲ့(၉)ဖွဲ့က ယမန်နေ့ စက်တင်ဘာ (၁၉)ရက်နေ့တွင် သဘောထားထုတ်ပြန်လာသည်။ ကရင်အမျိုးသားအစည်းအရုံး-KNU၊...

တအာင်းထိန်းချုပ်နယ်မြေသို့ စစ်ကောင်စီ နေ့စဉ်နီးပါး ဗုံးကြဲ

စက်တင်ဘာ ၂၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ်နှင့် သီပေါမြို့နယ်တို့တွင် နှစ်ဖက်တိုက်ပွဲများ ပြန်လည်ပြင်ထန်းနေပြီး စစ်ကောင်စီက လေကြောင်းဖြင့် နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်မှုများကို လုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။ အဆိုပါ ဒေသအတွင်းသို့ ပြီးခဲ့သည့် စက်တင်ဘာ ၁၉...

မျှော်လေ ဝေးလေ ငြိမ်းချမ်းရေး

မျှော်လေ ဝေးလေ ငြိမ်းချမ်းရေး ထူးကပေါ် (စက်တင်ဘာ ၁၉၊ ၂၀၂၄) “ကျမတို့အတွက် ငြိမ်းချမ်းရေးဆိုတာ ပြောစရာ စကားလုံးရှာမရအောင် ပျက်သုဉ်းနေပါတယ်။”ဟု ထားဝယ်အမျိုး သမီးသမဂ္ဂ၊ တွဲဖက်အတွင်းရေးမှူးဖြစ်သူ မယ်းသီတာက မြန်မာပြည် မငြိမ်းချမ်းပုံအကြောင်းကို ထင်ဟပ်ပြောဆို သည်။ နေ့စဉ် တိုင်းပြည်၏ နေရာအများအပြားတွင် ပဋိပက္ခများနှင့် စစ်ပွဲသတင်းများသာ ဖုံးလွှမ်းနေပြီး ပဋိပက္ခအကျိုးဆက်...

စစ်ကောင်စီ၏ လက်နက်ကြီးပစ်ချခံရ၍ ဖားပြတစ်ရွာလုံးနီးပါး တိမ်းရှောင်နေ

စက်တင်ဘာ ၁၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းရှိ ဖားပြကျေးရွာထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးဖြင့် စက်တင်ဘာ ၁၆ရက်နေ့မှစ၍ ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် တစ်ရွာလုံးနီးပါး ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီ ဝဲကလီအမြောက်တပ်စခန်းက ဖားပြကျေးရွာအတွင်းသို့ နေ့ရောညပါ လက်နက်ကြီးများနှင့်...

သရက်ချောင်းမြို့နယ်အတွင်း သတ်မှတ်စနစ်အတိုင်း အခွန်ကောက်ခံခြင်းဖြစ်ကြောင်း KNU တပ်မဟာ ၄ ပြော

စက်တင်ဘာ ၁၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၄) ထိန်းချပ်နယ်မြေ၊ ဘိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒို (သရက်ချောင်း)မြို့နယ်အတွင်း သတ်မှတ်ထားသည့် အခွန်ကောက်စနစ်နှင့် ခရီးသည်အခြေအနေပေါ်မူတည်၍ အခွန်ကောက်ခံခြင်းဖြစ်ကြောင်း ကေအဲန်ယူ တပ်မဟာ(၄) တာဝန်ရှိသူ ပြောပြချက်အရ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လပိုင်းမှစတင်၍ သရက်ချောင်းမြို့နယ်၊ ဘုတ်တောင်ကျေးရွာနှင့်...

စစ်ကောင်စီ အောင်ဇေယျစစ်ဆင်ရေးတပ်ဖွဲ့များ အာရှလမ်းစိုးမိုးနိုင်ရန် တိုက်ပွဲအရှိန်မြှင့် တိုက်ခိုက်လာနေ

စက်တင်ဘာလ ၁၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ်လမ်းပိုင်းနှင့် ဒေါနတောင်လမ်းဟောင်း လမ်းပိုင်းအား စစ်ကောင်စီ တပ်က ပြန်လည်ထိန်းချုပ်နိုင်ရန် ကော့ကရိတ်ရွှေကြက် မင်းဘုန်းကြီးကျောင်းအား နောက်တန်းခံစစ် စခန်းအဖြစ် တပ်စွဲထားပြီး ဖားအံ၊ ကျုံဒိုးဘက်မှ စစ်ကူတပ်များဖြင့် အောင်ဇေယျစစ်ဆင်ရေးကို စစ်ရေးအရှိန် မြှင့်တိုက်ခိုက်လာနေကြောင်း စစ်ရေးနယ်မြေသတင်းအရင်းအမြစ်များ...
Donate