အောက်တိုဘာ ၁၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ဒေသအတွင်းရှိ ရေဘေးသင့်စာသင်ကျောင်းများ၏ ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများကို အထောက်အကူပြုစေရန် ရည်ရွယ်၍ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ရန်ပုံငွေဖူ ဆယ်ဘောလုံးပြိုင်ပွဲတစ်ရပ်ကို လာမည့် အောက်တိုဘာလ ၂၅ ရက်နေ့၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
“ထားဝယ်ရေဘေး ပညာရေးရန်ပုံငွေ ဘောလုံးပွဲ”...