Home Authors Posts by KIC News

KIC News

22136 POSTS 0 COMMENTS

မူးမြို့နယ်ရှိ စစ်အုပ်စုတပ်စွဲထားရာ ၂ နေရာကို KNLA တိုက်ခိုက်၊ ၆ ဦးသေဆုံးပြီး လက်နက်များသိမ်းဆည်းရမိ

မေလ ၂၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူခရိုင် (ညောင်လေးပင်ခရိုင်) မူး(မုန်း) မြို့နယ် အတွင်း နေရာယူတပ်စွဲထားသည့် စစ်အုပ်စုတပ်စခန်းနှစ်ခုကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်မှ ၆ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း...

လယ်မူလားမြို့နယ်တွင် တစ်ရက်အတွင်း စစ်အုပ်စုက လေကြောင်းမှ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်၊ မူကြိုကျောင်းနှင့် အရပ်သားနေအိမ်များ ပျက်စီး

မေလ ၂၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်တွင် ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့က တစ်ရက်အတွင်း စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့သဖြင့် မူကြိုကျောင်းတစ်ကျောင်းနှင့် အရပ်သားနေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုက ယနေ့ (မေလ ၂၄ ရက်)...

အနာဂတ်အိပ်မက်ကို ဗုံးကြဲဖျက်ဆီးလို့မရကြောင်း သက်သေပြခဲ့သူ စောထွန်းနိုင်ဝင်း

အနာဂတ်အိပ်မက်ကို ဗုံးကြဲဖျက်ဆီးလို့မရကြောင်း သက်သေပြခဲ့သူ စောထွန်းနိုင်ဝင်း နန်းသမော့ဟိ (မေလ ၂၄ ရက်၊ ၂၀၂၆ ခုနှစ်) အတည်တကျမရှိဘဲ ခဏခဏရွှေ့နေရတဲ့ စာသင်ခန်း၊ နားထဲ အမြဲလိုလို ကြားနေရတဲ့ လက်နက်ကြီးသံနဲ့ ကောင်းကင်ယံက ဝဲပျံလာတတ်တဲ့ စစ်လေယာဉ်၊ ဒရုန်းသံတွေ။ ဒါတွေဟာ ဒီနေ့ခေတ် ကရင်စစ်ဘေးရှောင်ဒေသက ကျောင်းသားလူငယ်တွေ နေ့စဉ်ရင်ဆိုင်နေရတဲ့ လက်တွေ့ဘဝ...

ပြည်သူတွေက ပြည်တွင်းစစ်ကို တော်တော်ငြီးငွေ့လာကြတယ် — ဆိုလို့

ပြည်သူတွေက ပြည်တွင်းစစ်ကို တော်တော်ငြီးငွေ့လာကြတယ် --- ဆိုလို့ မောင်ကျော်စွာ (၂၀၂၆ ခုနှစ်၊ မေလ ၂၄ ရက်) ကမ္ဘာပေါ်မှာ အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟု အစိုးရနဲ့ အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ထရန့် အစိုးရတို့ရဲ့ (၂၈ ဖေဖော်ဝါရီ ၂၀၂၆) မှာ အစပြုတဲ့ အကြမ်းဖက် ကျူးကျော်တိုက်ခိုက်မှုကနေ...

ကျနော်တို့နိုင်ငံ ဘာ့ကြောင့်ဆင်းရဲရလဲ

ကျနော်တို့နိုင်ငံ ဘာ့ကြောင့်ဆင်းရဲရလဲ @@@@@@@@@ ကျနော်တို့နိုင်ငံမှာ သာယာလှပတဲ့ ပင်လယ်မြစ်ကမ်းတွေရှိတယ်။ ကျနော်တို့နိုင်ငံမှာ သယံဇာတတွေထွက်တဲ့ တောတောင် ပထဝီကြီးရှိတယ်။ ကျနော်တို့နိုင်ငံမှာ တသွင်သွင်စီးဆင်းနေတဲ့ အမိဧရာဝတီမြစ်ကြီးရှိတယ်။ ကျနော်တို့နိုင်ငံမှာ ဆန်စပါးများစွာထွက်တဲ့ လယ်ယာကွင်းကြီးတွေရှိတယ်။ ကျနော်တို့နိုင်ငံမှာ သားငါးပုဇွန်ထွက်တဲ့ အင်းအိုင်ချောင်းမြောင်းတွေပေါတယ်။ ကျနော်တို့နိုင်ငံမှာ ပြင်ပကုန်သွယ်နိုင်တဲ့ ပင်လယ်ထွက်ပေါက်တွေရှိတယ်။ ကျနော်တို့နိုင်ငံမှာ ယဥ်ကျေးမှုကိုညွှန်ပြနိုင်တဲ့ ဘာသာတရားတွေများစွာရှိတယ်။ ကျနော်တို့နိုင်ငံမှာ လူ့အရင်းအမြစ်တွေဖြစ်တဲ့ စုံလင်ကွဲပြားတဲ့ တိုင်းရင်းသားလူမျိုးစုတွေရှိတယ်။ ကျနော်တို့နိုင်ငံ ဘာ့ကြောင့်ဆင်းရဲရတာလဲ...။ M S S (2026)

ကျိုက်ဒုံမြို့ကို စစ်အုပ်စု လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ အမျိုးသမီး ၃ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ

မေလ ၂၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) နယ်မြေ၊ ကျိုက်ဒုံမြို့ရှိ လူနေရပ် ကွက်အတွင်းသို့ ယနေ့ (မေလ ၂၄ ရက်) နေ့လယ် ၁၁ နာရီခန့်တွင် အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အမျိုးသမီး...

အနာဂတ်နိုင်ငံရေးတွင် ဦးဆောင်မှုပိုမိုရရှိရေး စွမ်းရည်မြှင့်တင်၍ လက်တွဲဆောင်ရွက်ကြရန် လူငယ်အဖွဲ့များ တိုက်တွန်း

မေ (၂၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု၏ နိုင်ငံရေးဦးဆောင်မှုကဏ္ဍတွင် တိုင်းရင်းသားလူငယ်ထု ခေါင်းဆောင်မှုပိုမိုရရှိရေး အသိပညာ၊ အတတ်ပညာစွမ်းရည်များကို မြှင့်တင်၍ ယုံကြည်မှု၊ စည်းလုံးညီညွှတ်မှုဖြင့် တော်လှန်ရေးအင်အားစုအချင်းချင်း လက်တွဲဆောင်ရွက်ကြရန် ကျောင်းသားလူငယ်ကိုယ်စားပြုအဖွဲ့များက တိုက်တွန်းသည်။ ယမန်နေ့ မေလ(၂၃)ရက်နေ့ ကျရောက်သော ကရင်လူငယ်အစည်းအရုံး-KYO ၏ (၃၇)နှစ်မြောက်...

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲ အခမ်းအနား ကျင်းပပြီးစီး

မေလ ၂၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲ အခမ်းအနားကို ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ယမန်နေ့ (မေလ ၂၃ ရက်) က ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ပြည်သူ့ဂုဏ်ရည်အသင်း (နိုင်ငံတကာ) ဌာနခွဲအသီးသီးမှ တာဝန်ရှိသူများနှင့်အတူ နိုင်ငံရေးအင်အားစုများ...

ဖားအံတွင် အရောင်ဆိုး ရောနှောထားသည့် မှောင်ခိုစက်သုံးဆီများကြောင့် မော်တော်ယာဉ်များ ပျက်စီးမှုများပြားနေ

မေလ ၂၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို အရောင်ဆိုး ရောနှောကာ ဈေးနှုန်းချိုချိုဖြင့် ရောင်းချနေသောကြောင့် ၎င်းဆီများကို ဝယ်ယူအသုံးပြုသည့် မော်တော်ကားနှင့် ဆိုင်ကယ်များ ပျက်စီးမှုများပြားလာနေကြောင်း ဒေသခံများထံမှ သိရသည်။ လတ်တလော ဖားအံမြို့နယ်အတွင်းရှိ လိုင်စင်ရ ဆီဆိုင်ကြီးများတွင် လိုင်စင်ရှိ...

KYO ဥက္ကဋ္ဌ စောလယ်နယ်နှင့် တွေ့ဆုံမေးမြန်းခြင်း

"ကျနော်တို့ တော်လှန်ရေးကို အောင်မြင်အောင် လုပ်မလား၊ ဆုတ်ယုတ်အောင် လုပ်မလားဆိုတာ ကိုယ့်မျိုးဆက်သစ်လူငယ်လက်ထဲမှာပဲ ရှိတယ်။ ဒါကြောင့် ကျနော်တို့ လုပ်မှာက အောင်မြင်တဲ့ တော်လှန်ရေးပဲ ဖြစ်ရမယ်။" စောလယ်နယ် ( KYO) ဥက္ကဌ KYO ဥက္ကဋ္ဌ စောလယ်နယ်နှင့် တွေ့ဆုံမေးမြန်းခြင်း မေလ ၂၃ ရက်၊ ၂၀၂၆...
Donate