Home Authors Posts by KIC News

KIC News

21994 POSTS 0 COMMENTS

ထိုင်း-ကရင်နယ်စပ်က “ထိုက်ချန်”ငွေလိမ်ဂိုဏ်းသတင်းပေးနိုင်သူကို အမေရိကန်မှ ဒေါ်လာ(၁၀)သန်း ဆုချမည်

ဧပြီ (၂၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့နယ်က “ထိုက်ချန်”အမည်ရ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်ပြီး သတင်းပေးပို့နိုင်သူကို ဆုကြေးငွေ ဒေါ်လာ(၁၀)သန်း ပေးမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့(ဧပြီ ၂၃)ရက်နေ့တွင် ကြေညာသည်။ “ထိုက်ချန်”ကျားဖြန့်လုပ်ငန်းနှင့်ဆက်နွယ်ပြီး ငွေကြေးခဝါချမှုအတွင်းပါဝင်နေသည့် ငွေများပြန်လည်ဖော်ထုတ်နိုင်ရန်အတွက် သတင်းပို့နိုင်သူအား နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများဆိုင်ရာ ဆုငွေချီးမြှင့်ခြင်းအစီအစဥ်- TOCRP အောက်မှ...

ရှေ့တန်းမှ ပြန်လည်ရောက်ရှိလာသည့် KNLA တပ်ဖွဲ့ဝင်များကို ဒေသခံပြည်သူများ ဂုဏ်ပြုကြိုဆိုပွဲ ပြုလုပ်

ဧပြီလ ၂၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဖားအံခရိုင် (တပ်မဟာ ၇) အတွင်း နယ်မြေထိန်းချုပ်ရေးနှင့် ကာကွယ်ရေးတာဝန်များ ထမ်းဆောင်ပြီးနောက် ရှေ့တန်းမှ ပြန်လည်ရောက်ရှိလာသော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့ဝင်များအား ဒေသခံကရင်ပြည်သူများက ယနေ့ ဧပြီလ (၂၃) ရက်နေ့တွင်...

ကရင်နှင့်ကရင်နီတပ်ဖွဲ့များစုပေါင်းပြီး နေပြည်တော်၊ လယ်ဝေး စစ်အုပ်စုကာကင်းစခန်းကို သိမ်းပိုက်

ဧပြီ (၂၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ စစ်တပ်ထိန်းချုပ်နယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်ရှိ စစ်အုပ်စုကာကင်းစခန်းကို ကရင်နှင့်ကရင်နီအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ပူးပေါင်းအင်အားဖြင့် ယမန်နေ့ ဧပြီ(၂၂)ရက်နေ့ မနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း စစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။ လယ်ဝေးမြို့နယ်၊ အောင်ချမ်းသာရွာသစ်တွင် တပ်စွဲထားသည့် အင်အား(၂၀)ဝန်းကျင်ရှိ စစ်အုပ်စုကာကင်းစခန်းအား ကရင်နီတော်လှန်ရေးတပ်ဖွဲ့များ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်-KNDO...

အာဏာသိမ်းစစ်အုပ်စု၏ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်မှုအပေါ် ကရင်လူမှုအဖွဲ့အစည်းက အမျိုးသမီးတွေရဲ့အမြင်သဘောထား

အာဏာသိမ်းစစ်အုပ်စု၏ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်မှုအပေါ် ကရင်လူမှုအဖွဲ့အစည်းက အမျိုးသမီးတွေရဲ့အမြင်သဘောထား ဧပြီ (၂၃)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင် သမ္မတနေရာအရယူပြီးတဲ့နောက် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်-NCA လက်မှတ်ထိုးထားတဲ့အဖွဲ့တွေ၊ လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေနဲ့ ဧပြီ(၂၁)ရက်ကနေ ဇူလိုင်(၃၁)ရက်အတွင်း ငြိမ်းချမ်းရေးဆွေးနွေးမယ်လို့ ထပ်မံပြောဆိုလိုက်ပြန်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းအများစုကတော့ ၂၀၂၆ ရွေးကောက်ပွဲမတိုင်ခင်က စစ်အုပ်စုဟာ ငြိမ်းချမ်းရေးကိုအမှန်တကယ်လိုလားတာမျိုး မဟုတ်ဘဲ...

ဝရမ်းထုတ်ခံထားရသည့် ထိုင်းရေတပ်အရာရှိဟောင်းကို DKBA အဖွဲ့ ဖမ်းပြီး ထိုင်းအာဏာပိုင်များထံ လွှဲပြောင်း

ဧပြီ ၂၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်းလွှတ်တော်အမတ်ကို တိုက်ခိုက်မှုဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသည့် ထိုင်းရေ တပ်အရာရှိဟောင်းကို မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူဘက်သို့ ထွက်ပြေးတိမ်းရှောင်နေစဉ် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) အဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး ယမန်နေ့ ဧပြီလ (၂၂) ရက်နေ့တွင် ထိုင်းအာဏာပိုင်များထံသို့ ပြန်လည် လွှဲပြောင်းပေးအပ်လိုက်ကြောင်း သိရသည်။ ပြီးခဲ့သည့်...

UK လွှတ်တော်သို့ မြန်မာ့အရေးတင်ပြခဲ့သည့် ကရင်အမျိုးသမီးငယ် နော်အဲ့ဖိုး နှင့် ဆက်သွယ်မေးမြန်းချက်

“ UK အစိုးရက စစ်တပ်ကို အရေးယူပိတ်ဆို့မှု လုပ်ဆောင်နိုင်ရင် ကျမတို့ ပြည်သူတွေကို စစ်တပ်ဗုံးကြဲတာတွေကို ရပ်တန့်နိုင်မှာ” UK လွှတ်တော်သို့ မြန်မာ့အရေးတင်ပြခဲ့သည့် ကရင်အမျိုးသမီးငယ် နော်အဲ့ဖိုး နှင့် ဆက်သွယ်မေးမြန်းချက် ( ဧပြီ ၂၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ) ကရင်အမျိုးသမီးငယ်တစ်ဦးဖြစ်သူ နော်အဲ့ဖိုးသည် ထိုင်းနိုင်ငံမှတစ်ဆင့်...

စစ်အုပ်စုကို ICC မှ စုံစမ်းစစ်ဆေးပေးဖို့ KWO တောင်းဆို

ဧပြီ (၂၃)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားများ၊ အရပ်သားပြည်သူပိုင်နေရာများကို တိုက်ခိုက်မှုကျူးလွန်နေသည့်အပေါ် နိုင်ငံတကာရာဇဝတ်မှုတရားရုံး (သို့မဟုတ်) စီရင်ပိုင်ခွင့်ရှိသော သက်ဆိုင်ရာတရားရုံးမှ တရားဝင်စုံစမ်းစစ်ဆေးပေးရန် ကရင်အမျိုးသမီးအစည်းအရုံး-KWO က တောင်းဆိုသည်။ ပြီးခဲ့သည့်သင်္ကြန်ကာလအတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိသော ကော်သူးလေနယ်မြေ ဒေသအချို့ကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လုပ်ဆောင်ခဲ့ခြင်းကြောင့် အရပ်သားထိခိုက်သေဆုံးခြင်းနှင့်...

ထိုင်းနိုင်ငံအထက်ပိုင်းတွင် နွေမုန်တိုင်းကျရောက်နိုင်ကြောင်း ထပ်မံ သတိပေး

ဧပြီလ ၂၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံမြောက်ပိုင်း နှင့် အရှေ့မြောက်ပိုင်းဒေသများပါဝင်သည့် ထိုင်းနိုင်ငံအထက်ပိုင်းဒေသများတွင် ယနေ့ ဧပြီလ ၂၃ ရက်မှ ဧပြီလ ၂၅ ရက်နေ့အတွင်း မိုးသက်လေပြင်း များနှင့် မိုးကြိုးပစ်ခတ်မှုများ ဖြစ်ပေါ်နိုင်သည့် နွေမုန်တိုင်း ဝင်ရောက်နိုင်ကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြရေးသားကြသည်။ မြန်မာနိုင်ငံနှင့်...

ကော်သူးလေနယ်မြေ လေကြောင်းတိုက်ခိုက်မှု မြင့်တက်လာခြင်းနှင့် ပတ်သက်၍ KPSN မီဒီယာတာဝန်ခံ စောအယ်ဒိုဝါးနှင့် မေးမြန်းခြင်း

“စစ်အုပ်စုဆီ ငွေကြေးဝင်နေတဲ့ လမ်းကြောင်းတွေနဲ့ လေယာဉ်ဆီ တင်သွင်းတာတွေကို နိုင်ငံတကာက အရေးတကြီး ဖြတ်တောက်ပေးဖို့ လိုတယ်။” KPSN မီဒီယာတာဝန်ခံ စောအယ်ဒိုဝါး ကော်သူးလေနယ်မြေ လေကြောင်းတိုက်ခိုက်မှု မြင့်တက်လာခြင်းနှင့် ပတ်သက်၍ KPSN မီဒီယာတာဝန်ခံ စောအယ်ဒိုဝါးနှင့် မေးမြန်းခြင်း ဧပြီ ၂၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ယခု...

မူးမြို့နယ် စစ်အုပ်စု၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်တစ်ဦး ဒဏ်ရာရပြီး နေအိမ် (၂) လုံး ပျက်စီး

ဧပြီ (၂၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူခရိုင် (ညောင်လေးပင်)၊ မူးမြို့နယ်အတွင်းသို့ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးပစ်ခတ်သဖြင့် စစ်ဘေးတိမ်းရှောင်နေသည့် အရပ်သားအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် (၂) လုံး ထိမှန်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုက ယနေ့ ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် ဧပြီလ (၂၀)...
Donate