KIC News
အကြောက်တရားအရိပ်အောက်က တိုင်းပြည်ရဲ့ ရင်သွေးငယ်များ
အကြောက်တရားအရိပ်အောက်က တိုင်းပြည်ရဲ့ ရင်သွေးငယ်များ
နန်းဝေဖြိုးဇာ
(မေလ ၂၇ ရက်၊ ၂၀၂၆ ခုနှစ်)
‘တိုင်းပြည်၏ အနာဂတ်’ ဟု တင်စားခံရသည့် လူငယ်များသည် လမ်းမများပေါ်ရှိ စစ်ဆေးရေးဂိတ်များ၌ အပြစ်သားတစ်ဦးကဲ့သို့ သံသယမျက်လုံးများဖြင့် စစ်ဆေးမေးမြန်းခံနေကြရသည်။ လန်းဆန်းတက်ကြွမှု၏ ပြယုဂ်ဖြစ်ရမည့်အစား အမြဲတမ်း စိုးရိမ်ထိတ်လန့်နေရသည့် ၎င်းတို့၏ဘဝမှာ ဖိနှိပ်ချုပ်ခြယ်မှုများအောက်တွင်...
စစ်အုပ်စုကိုထောက်ပံ့သည့် ထိုင်းစွမ်းအင်ကုမ္မဏီများကို စုံစမ်းပေးရန် ထိုင်းလူအခွင့်အရေး ကော်မရှင်ကို BMCနှင့် CNM တောင်းဆို
မေလ၊ ၂၇ရက်၊ ၂၀၂၆ခုနှဏ်။ ကေအိုင်စီ
မြန်မာစစ်အုပ်စုတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုကို ထောက်ပံ့မှုများနှင့် ဆက်နွယ်နေသည့် ထိုင်းစွမ်းအင်ကုမ္မဏီများဖြစ်သော PTT၊PTTEP၊ နှင့် North Gulf Petroleum တို့ကို စုံစမ်းစစ်ဆေးမှုလုပ်ဆောင်ပေးရန် ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားနေသည့် အဖွဲ့တို့က တောင်းဆိုသည်။
အဆိုပါ ထိုင်းစွမ်းအင်ကုမ္မဏီများသည် မြန်မာစစ်အုပ်စုတပ်၏ အရပ်သားအပေါ် ကျူးလွန်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက်လစဉ်ငွေကြေးထောက်ပံ့နေသကဲသို့ဖြစ်နေသဖြင့်...
ဘတ်သန်း ၁၀၀ ကျော်တန်ဖိုးရှိ အွန်လိုင်းလောင်းကစားနှင့်ဆက်နွယ်သူ(၂)ဦးကို မဲဆောက်ရဲတပ်ဖွဲ့ ဖမ်းဆီး
မေ (၂၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
တစ်နှစ်လျှင် ဘတ်သန်း ၁၀၀ ကျော် ငွေကြေးလည်ပတ်မှုဖြင့် တရားမဝင် အွန်လိုင်းလောင်းကစားခြင်းနှင့်ဆက်နွယ်နေသူ ထိုင်းလူမျိုး(၂)ဦးကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ ယမန်နေ့ မေလ(၂၆)ရက်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူခဲ့ကြောင်း ထိုင်းမီဒီယာများတွင် ဖော်ပြသည်။
ယမန်နေ့က မဲဆောက်မြို့ရှိ၊ ရပ်ကွက်နေရာနှစ်ခုကို တရားမဝင်အွန်လိုင်းလောင်းကစားလည်ပတ်မှု၊...
ရေးဘီလူးစခန်းကို စစ်အုပ်စု လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ ထိခိုက်သေဆုံးမှုများပြား
မေလ ၂၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ဒေသခံတော်လှန်ရေးတပ်ဖွဲ့၏ ရေးဘီလူးစခန်းကို ယနေ့ (မေလ ၂၇ ရက်) ညဉ့်သန်းခေါင်ယံအချိန်တွင် အာဏာသိမ်းစစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် စခန်းတစ်ခုလုံးနီးပါး ပျက်စီးသွားပြီး သေဆုံးထိခိုက်မှုများပြားကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
ယနေ့ ညဉ့်သန်းခေါင်ယံ...
နို့ဖိုးဒုက္ခသည်စခန်းပိတ်သိမ်းရန် ထိုင်းအာဏာပိုင်များ စီစဥ်နေ
မေ (၂၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ တာခ့်ခရိုင်၊ အုန်းဖန်မြို့နယ်ရှိ နို့ဖိုးဒုက္ခသည်စခန်းကို ပိတ်သိမ်းပြီး အခြားဒုက္ခသည်စခန်းနှစ်ခုသို့ပေါင်းစည်းသွားရန် ထိုင်းအာဏာပိုင်များကစီစဥ်နေကြောင်း ကရင်ဒုက္ခသည်များကော်မတီ-KRC ထံမှသိရသည်။
(၅)နှစ်စီမံကိန်းဖြင့် နို့ဖိုးဒုက္ခသည်စခန်းကိုပိတ်သိမ်းရန် ထိုင်းအာဏာပိုင်များတွင် အစီအစဥ်ရှိနေပြီး စခန်းအတွင်းနေထိုင်သူများကို တာ့ခ်ခရိုင်ထဲရှိ အုန်းဖြန်၊ မယ်လဒုက္ခသည်စခန်းနှစ်ခုသို့ ပြောင်းရွေ့ပေးသွားရန်ဖြစ်သည်ဟု KRC က...
ထိုင်းရှိ ရွှေ့ပြောင်းကလေးများ၏ ပညာရေးနှင့် ကျန်းမာရေး မြှင့်တင်ရေး အစိုးရနှင့် အဖွဲ့အစည်းများ တွေ့ဆုံ ဆွေးနွေးခဲ့
မေလ ၂၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းကလေးငယ်များ၏ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ထိုင်းအစိုးရတာဝန်ရှိသူများ၊ ၊ အရပ်ဘက်အဖွဲ့အစည်းများ (NGOs/CBOs) နှင့် ရွှေ့ပြောင်းသင်ကြားရေးစင်တာ (MLC) မှ တာဝန်ရှိသူများ ပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ကို...
ဒုတိယအကြိမ်မြောက် DKBA အရာရှိ မွမ်းမံသင်တန်း ပြုလုပ်ပြီးစီး
မေလ ၂၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) ၏ ဒုတိယအကြိမ်မြောက် (အပတ်စဉ် ၂) အရာရှိမွမ်းမံသင်တန်းဆင်း လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဆုံဆည်းမြိုင်ဌာနချုပ်၌ ယနေ့ မေလ ၂၆ ရက်နေ့တွင် ကျင်းပ ပြုလုပ်ပြီးစီးခဲ့ကြောင်း သိရသည်။
အဆိုပါ...
စစ်အုပ်စု၏လက်နက်ပွဲစားကွန်ရက်ထံ ရှယ်ယာရောင်းချမှုကိုဆိုင်းငံ့ထားသည့် ထိုင်း SEC အပေါ် JFM ကြိုဆို
မေ (၂၆)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မြန်မာစစ်အုပ်စုအတွက် စစ်လက်နက်ဝယ်ယူမှုကို ကြားခံဆောင်ရွက်ပေးနေသော Sky Aviator ကွန်ရက်ထံ ရှယ်ယာရောင်းချမှုကို ဆိုင်းငံ့ထားသည့် ထိုင်းနိုင်ငံ ချေးငွေသက်သေခံလက်မှတ်နှင့် လဲလှယ်ရေးကော်မရှင်(SEC) ၏ လုပ်ဆောင်ချက်အပေါ် Justice for Myanmar-JFM က ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။
ထိုင်းနိုင်ငံအတွင်း စတော့ရှယ်ယာအိတ်ချ်ချိန်းနှင့်ပွဲစားကုမ္ပဏီများကို...
နယ်စပ်ရှိ ဒုက္ခသည်များအား ဂဏန်း ၁၃ လုံးပါ သက်သေခံကတ် ထုတ်ပေးရန် ထိုင်းအစိုးရစီစဉ်
မေလ ၂၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
နိုင်ငံတကာ ရိက္ခာထောက်ပံ့မှု လျှော့ချခံရသည့်အချိန်တွင် ဒုက္ခသည်စခန်းများ၌ နှစ်ရှည်လများ နေထိုင်သူများ ပြင်ပတွင် တရားဝင် အလုပ်ထွက်လုပ်ခွင့် ရရှိစေရန် ရည်ရွယ်၍ ပန်းရောင် ကတ်ကဲ့သို့သော ဂဏန်း (၁၃) လုံးပါ သက်သေခံကတ် ထုတ်ပေးရန် ထိုင်းအစိုးရက...
ဖာပွန်-ကမမောင်းလမ်းကြောရှိ ကျောက်ကွင်းရွာကို စစ်အုပ်စု မီးရှို့ဖျက်ဆီး
မေ (၂၆) ရက်၊ ၂၀၂၆ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် ဖာပွန်ဗျူဟာသို့ စစ်ကူလာသည့် စစ်အုပ်စုစစ်ကြောင်းမှာ ယမန်နေ့ မေလ(၂၅)ရက်နေ့က ဖာပွန်-ကမမောင်းလမ်းကြောရှိ ကျောက်ကွင်း(လယ့်ကွယ်ဒို)ကျေးရွာကို ဝင်ရောက်ပြီး လူနေအိမ်များကို မီးရှို့ဖျက်ဆီးသွားကြောင်း တပ်မဟာ(၅) ကေအဲန်ယူ သတင်းအရင်းအမြစ်မှ သိရသည်။
စစ်ဘေးရှောင်၍ လူမရှိသည့်ကျေးရွာများကိုမီးရှိုမည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုထားသည့် အဆိုပါစစ်ကြောင်းမှာ ယမန်နေ့တွင်...














