Home Authors Posts by KIC News

KIC News

22136 POSTS 0 COMMENTS

လယ်ဒိုမြို့နယ်တွင် စစ်အုပ်စု၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၃ ဦး ဒဏ်ရာရပြီး နေအိမ် ၃ လုံး ပျက်စီး

မေလ ၂၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်၊ လယ်ဒို(ကျောက်ကြီး)မြို့နယ်အတွင်းသို့ အာဏာသိမ်းစစ်အုပ်စုက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၃ လုံး ထိမှန်ပျက်စီးခဲ့ရကြောင်း ကေအဲန်ယူ-ဗဟိုက ယနေ့ (မေလ...

မဲဆောက်ရှိ ဘုန်းကြီးကျောင်းအချို့ကို ထိုင်းအာဏာပိုင်များ ရှောင်တခင် ဝင်ရောက်စစ်ဆေး

မေလ ၂၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့တောင်ဘက် မဟာဝပ်ကျေးရွာအုပ်စုရှိ ဘုန်းကြီးကျောင်းအချို့ကို ထိုင်းအာဏာပိုင်ပူးပေါင်းအဖွဲ့က ယမန်နေ့ (မေလ ၂၈ ရက်) တွင် ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဘုန်းကြီးကျောင်းများအတွင်း သီတင်းသုံးနေထိုင်သည့် ထိုင်းနိုင်ငံသားမဟုတ်သော ရဟန်း သံဃာတော်များအနေဖြင့်...

ဖာပွန်သို့ စစ်ကူတက်လာသည့် စစ်အုပ်စုစစ်ကြောင်းနှင့် KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်

မေ ၂၈ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ဖာပွန်မြို့ကို ပြန်လည်ထိန်းချုပ်ရန်နှင့် ပိတ်ဆို့တိုက်ခိုက်ခံရသည့် ဖာပွန်ဗျူဟာစခန်းကုန်းသို့ စစ်ကူပေးရန် တက်လာသော စစ်အုပ်စုစစ်ကြောင်းသည် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်နှင့် ဖာပွန်မြို့မိုင်(၄၀)ခန့်အကွာရှိမောလော်ကလိုး (ရေပူ) ကျေးရွာ အနီးတွင် တိုက်ပွဲများ...

ကော့ကရိတ်ရှိ မီးလောင်ပျက်စီးနေအိမ်များ အိမ်ဆောက်ပစ္စည်းထောက်ပံ့ပေးသော်လည်း မျှတမှုမရှိ

မေ (၂၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ပဋိပက္ခအတွင်း မီးလောင်ပျက်စီးခဲ့သည့် နေအိမ်များအနက် စုစုပေါင်း(၈၄) နေအိမ်အား ဦးစားပေးအနေဖြင့် ပြည်နယ်စစ်အုပ်စုက အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးနေခြင်းရှိသော်လည်း လက်တွေ့တွင် မျှတမှုမရှိကြောင်း ဒေသခံများကပြောသည်။ စစ်ရေးပဋိပက္ခအတွင်း ထိခိုက်ပျက်စီးခဲ့ရသည့် ကော့ကရိတ်မြို့ပေါ်ရှိ ရပ်ကွက်(၇)ခုမှ နေအိမ်ပေါင်း (၁,၅၅၄)အိမ်...

ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေးနှင့် ခြေတု လက်တုတပ်ဆင်ရေး အကူအညီပေးအဖွဲ့-I-Walk တာဝန်ခံ စောချိုလေးနှင့်မေးမြန်းခြင်း။

“ခြေတုလက်တု တပ်ဖို့စောင့်နေတဲ့ သက်ဆိုင်ရာတော်လှန်ရေးနယ်မြေအသီးသီးက ကျနော်တို့ရဲဘော်ရဲဘက်တွေကိုပါ တန်းတူညီတူ တပ်ဆင်ပေးနိုင်ဖို့ ကူညီထောက်ပံ့ပေးပါ” ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေးနှင့် ခြေတု လက်တုတပ်ဆင်ရေး အကူအညီပေးအဖွဲ့-I-Walk တာဝန်ခံ စောချိုလေးနှင့်မေးမြန်းခြင်း။ မေ (၂၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ စစ်အာဏာရှင်အုပ်စုကို တော်လှန်တိုက်ခိုက်နေကြတဲ့ တောင်ပိုင်းတိုင်းစစ်ဒေသအတွင်းက တိုက်ပွဲတွေမှာ ကိုယ်လက်အင်္ဂါ ထိခိုက်ဒဏ်ရာရခဲ့ကြတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် အရေအတွက်...

ဘန်ကောက်တွင် ကလေးလုပ်သား ခေါင်းပုံဖြတ်မှုဖြင့် မြန်မာဂိုဏ်းတစ်ခုကို ဖမ်းဆီး

မေ ၂၈ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တွင် မြန်မာကလေးငယ်တစ်ဦးကို ကလေးလုပ်သားအနေဖြင့် ခေါင်းပုံဖြတ် ခိုင်းစေ သော မြန်မာနိုင်ငံသား ၃ ဦးကို ထိုင်းရဲတပ်ဖွဲ့က ယမန်နေ့ မေလ ၂၇ ရက်နေ့က ဖော်ထုတ်ဖမ်း ဆီးလိုက်သည် ဟု ဘန်ကောက်ပို့စ် သတင်းဌာနက...

DKBA တပ်ဖွဲ့ဝင်များ စနစ်တကျရှိစေရေး စစ်ဘက်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေဟု စစ်ဦးစီးချုပ်ပြော

မေ ၂၈ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA တပ်ဖွဲ့အတွင်း တပ်သားများ စနစ်တကျရှိစေရေးနှင့် တပ်ဖွဲ့ဝင်အင်အားစာရင်းများ တိကျသေချာစေရေးအတွက် စစ်ဘက်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတချို့ကို လုပ်ဆောင်နေကြောင်း DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောရွှေဝက ပြောသည်။ လက်ရှိတွင် DKBA တပ်ဖွဲ့ဝင်များအား စနစ်တကျ စီစစ်နိုင်ရန်...

မြဝတီ-မဲဆောက် အမှတ် (၂) ကုန်သွယ်ရေးတံတား ပြန်လည်ဖွင့်လှစ်၊ ကုန်ကားအချို့ စတင်ဖြတ်သန်း

မေလ ၂၈ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ်၊ မြဝတီ-မဲဆောက် အမှတ် (၂) ကုန်သွယ်ရေးတံတားကို ယနေ့ (မေလ ၂၈ ရက်) နံနက်ပိုင်းတွင် စမ်းသပ်ဖွင့်လှစ်သည့်အနေဖြင့် ထိုင်းနိုင်ငံဘက်မှ ကုန်ကားအချို့ မြန်မာနိုင်ငံဘက်သို့ စတင်ဝင်ရောက်ခွင့်ပြုနေပြီဖြစ်ကြောင်း သိရသည်။ တံတားပုံမှန်ပြန်လည်ဖွင့်လှစ်မည့်ကိစ္စနှင့်ပတ်သက်၍ မြန်မာဘက်ခြမ်းမှ တစ်စုံတစ်ရာ တရားဝင်ထုတ်ပြန်ထားခြင်း...

လယ်ဒိုမြို့နယ်တွင် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်နှင့် နွားလှည်းများ ပျက်စီး

မေလ ၂၈ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်အုပ်စုတပ်က လေကြောင်းလိုင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံပြည်သူများ၏ နေအိမ်နှင့် နွားလှည်းများ ထိမှန်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုက ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့တွင် စစ်အုပ်စု၏ တောင်ငူလေတပ်စခန်းမှ ဂျက်ဖိုက်တာ...

မဲဆောက်မြို့ မာလွေအိမ်ယာထဲ ထိုင်းအာဏာပိုင်အဖွဲ့စုံ ဝင်ရောက်စစ်ဆေး၊ မြန်မာနိုင်ငံသား(၄)ဦး ဖမ်းဆီးခံရ

မေ (၂၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မယ်ပအပိုင်း၊ မာလွေအိမ်ယာဝင်းအတွင်း ယနေ့ မေလ(၂၈)ရက်နေ့ မနက်ပိုင်းက ထိုင်းအာဏာပိုင်အဖွဲ့စုံ ဝင်ရောက်စစ်ဆေးမှုပြုလုပ်ရာ ဈေးဆိုင်ဖွင့်ရောင်းချသည့် မြန်မာနိုင်ငံသား(၄)ဦး ဖမ်းဆီးခံလိုက်ရကြောင်း မယ်ပတွင်နေထိုင်သူများပြောပြချက်အရ ကနဦးသိရသည်။ မြန်မာနိုင်ငံသားများနေထိုင်မှုများပြားသည့် အဆိုပါအိမ်ယာဝင်းအတွင်း ယနေ့မနက်(၁၀)နာရီဝန်းကျင်အချိန်က မဲဆောက် တောမောင်းအဖွဲ့ပါဝင်သော အာဏာပိုင်အဖွဲ့စုံက...
Donate