KIC News
ကတိုင်တိ စခန်းမကျရေး စစ်ကောင်စီ အင်အားတိုးချဲ့၍ ဒေသခံ ၁,၀၀၀ နီးပါးတိမ်းရှောင်ရ
ဒီဇင်ဘာလ ၁၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်မြေ၊ မူတြော်(ဖာပွန်)ခရိုင်၊ ဒွယ်လိုးမြို့နယ်ထဲရှိ ကတိုင်တိ တပ်စခန်းမကျစေရေးအတွက် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်-BGF အဖွဲ့တချို့ အင်အားတိုးချဲ့လာသည့်အတွက် အနီးရှိ ကျေးရွာများမှ ဒေသခံ ၁,၀၀၀ နီးပါး တပ်မဟာ(၁) / ဒူးသထူ ခရိုင်ထဲသို့...
အကြောင်းမဲ့ အသိုက်ဖျက်ဆီးခံရတဲ့ ထုံးဘိုလေးရွာ
အကြောင်းမဲ့ အသိုက်ဖျက်ဆီးခံရတဲ့ ထုံးဘိုလေးရွာ
နန်းဝေဖြိုးဇာ (ဒီဇင်ဘာ ၁၈၊ ၂၀၂၄)
“စစ်တပ်က ရွာကို ဝင်လာပြီးမီးလာရှို့တော့မယ် ပြေးကြတော့ တစ်ယောက်နဲ့တစ်ယောက်၊ ဖုန်းဆက် သတိပေးကြတော့ တစ်ရွာလုံးက ထွက်ပြေးရတယ်။ မိုးလဲချုပ်ခါနီးနီးတောင်ကုန်း ပေါ်ကနေရွာထဲကို တက်ကြည့်တော့ တစ်ရွာလုံးမီးလောင်သွားတာကို ထင်ထင်ရှားရှား မြင်နေရတယ်”လို့ ထုံးဘိုလေး (ကော်ကျာသဲ)ကျေးရွာဒေသခံ တစ်ဦးက...
သောသီတောအူး ဌာနေလူမျိုးစုဥယျာဉ် သမိုင်းသစ်မှတ်တမ်း
သောသီတောအူး ဌာနေလူမျိုးစုဥယျာဉ် သမိုင်းသစ်မှတ်တမ်း
နန့်ဆန်းထီ
(ဒီဇင်ဘာ ၁၇၊ ၂၀၂၄ )
အချိန်အားဖြင့် နံနက်(၆)နာရီကျော်ဖြစ်သော်လည်း ဒီဇင်ဘာလ ဆောင်းတွင်းကာလဖြစ်၍ နေမထွက်လာသေးသောကြောင့် ပတ်ဝန်းကျင်ကို ကောင်းကောင်းမမြင်ရ။
ပင်ကြီးပင်ငယ်အသွယ်သွယ်အတွင်းမှ ကရင်ဘာသာစကားအသီးသီးဖြင့် စကားပြော ဆိုသံ များနှင့် ပတ်ဝန်းကျင်၌ ငှက်အော်မြည်သံ၊ ချောင်းရေတသွင်သွင်စီးဆင်းသံသာ ကြားနေရသည်။
ဝါးပင်များကြားမှ နေရောင်တစ်စွန်းတစ်စတိုးဝင်လာသည့်အခါတွင်မူ တောင်စောင်းမြေ သား လမ်းအတိုင်း...
ကျောက်ထုတ်လုပ်မှုကြောင့် သောက်သုံးရေ မသန့်ရှင်းဖြစ်ပြီး ရွာသားများ ရောဂါဖြစ်နေ
ဒီဇင်ဘာ ၁၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၇)/ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ ပေါင်ကျေးနယ်တွင် ကျောက်ထုတ်လုပ်မှုကြောင့် အနီးအနား ကျေးရွာများတွင် သောက်သုံးရေ မသန့်ရှင်းဖြစ်ပြီး ရွာသား ကလေး ငယ်များ ရောဂါဖြစ်ပွားလာသည်ဟု ဒေသခံများက ပြောသည်။
အဆိုပါ ကျောက်လုပ်ကွက် အနီးအနားရှိ ဒေသခံများ၏ ရေကန်နှင့်...
တောတောင်ထဲက ကျောင်းရန်ပုံငွေပွဲ
တောတောင်ထဲက ကျောင်းရန်ပုံငွေပွဲ
ခေါင်ဆူလိုင့်
ဒီဇင်ဘာ ၁၇ရက်၊ ၂၀၂၄
ကျောင်းရန်ပုံငွေပွဲတစ်ခုကိုသွားဖို့ တောင်ကြောတစ်ခုကို လမ်းတစ်ဝက်လောက် ဆိုင်ကယ်စီးတက်လာခဲ့ပြီး ၅မိနစ် ကျော်လောက် နားလိုက် လျှောက်လိုက် တက်လာခဲ့ပါတယ်။ သစ်ရိပ်ဝါးရိပ် သစ်ပင်ဝါးပင်တွေကြား တက်လာရင်း အပေါ်နားလေးက လူစုလူဝေး စကားသံတွေ သဲ့သဲ့ကြားရသလို အဲဒီကနေ ပျံ့လွှင့်လာတဲ့ သီချင်းသံလေးကိုလည်း ကြားနေရပါတယ်။
“တစ်ယောက်ဆို တစ်ယောက်ကို...
တနင်္သာရီတွင် တစ်လအတွင်း အရပ် ၃၅၈ ဦးကျော် ဖမ်းဆီးခံရ
ဒီဇင်ဘာ ၁၇ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များတွင် ပြီးခဲ့သည့် နိုဝင်ဘာလတစ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ ဝင်များက ဒေသခံအရပ်သား ၃၅၈ ဦး ဖမ်းဆီးခံခဲ့ရသည်ဟု သုတေသန အဖွဲ့တစ်ခုဖြစ်သည့် FE5 Tanintharyi က ထုတ်ပြန်ပြောသည်။
အဆိုပါ ဖမ်းဆီးခံရမှုများမှာ တိုင်းဒေသကြီးအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့များ...














