စက်တင်ဘာ (၁၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မြန်မာနိုင်ငံ၏အနာဂတ်ကို စစ်အင်အား၊ လက်နက်အင်အား၊ ဟန်ပြပွဲများဖြင့်မဟုတ်ဘဲ ပြည်သူ့ဆန္ဒဖြင့်သာ ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ယနေ့၊ စက်တင်ဘာ(၁၅)ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနားတွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ-SCEF က တိုက်တွန်းသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ-CRPH က ဦးဆောင်ကျင်းပသည့် နိုင်ငံတကာဒီမိုကရေစီနေ့အခမ်းအနားသို့ ပေးပို့သည့်ဂုဏ်ပြုသဝဏ်လွှာတွင်...