Home Authors Posts by KIC News

KIC News

22453 POSTS 0 COMMENTS

တပ်မဟာ ၄ တွင် ကရင်အဖွဲ့အချင်းချင်း ထပ်မံပစ်ခတ်မှုဖြစ်၊ ဒုတပ်ခွဲမှူးတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

ဇန်နဝါရီ ၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၄)/ ဘိတ်-ထားဝယ်ခရိုင် ထားဝယ်-ထီးခီးလမ်းပိုင်းတွင် ဇန်နဝါရီလ(၃)ရက်နေ့က ကရင်လက်နက်ကိုင်အဖွဲ့များဖြစ်သည့် ကော်သူးလေအာမီ(KTLA)နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တို့ကြား ပစ်ခတ်မှုထပ်မံဖြစ်ပွားခဲ့ရာ ဒုခွဲမှူးတစ်ဦးသေဆုံးပြီး တပ်သားတစ်ဦး ထိခိုက်ဒဏ်ရရှိခဲ့သည်ဟု သိရသည်။ ယမန်နေ့ နေ့လည်(၁၁)နာရီ၊ (၃၀)မိနစ်ခန့်တွင် KNLA တပ်ရင်း(၁၀) မှ...

အကြမ်းဖက်မှု အဆုံးသတ်ရန်နှင့် မတရားဖမ်းဆီးထိန်းသိမ်းထားသူများကို လွှတ်ပေးရန်အပါအဝင် အချက် ၄ ချက်ကို လုပ်ဆောင်ရန် စစ်ကောင်စီကို အမေရိကန် တောင်းဆို

ဇန်နဝါရီ ၄ ရက် ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ နိုင်ငံအတွင်း အကြမ်းဖက်မှုများကို အဆုံးသတ်ရန်၊ မတရားဖမ်းဆီး ထိန်းသိမ်းထားသူများကို လွှတ်ပေးရန် အပါအဝင် အချက် ၄ ချက်ကို လုပ်ဆောင်ရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဂျေဘလင်ကန်က စစ်ကောင်စီကို တောင်းဆိုကြောင်း ယနေ့ ကျရောက်သည့်...

နှစ်သစ်ကူးကာလအတွင်း စစ်ကောင်စီ၏ ဒရုန်း၊ မိုင်းနှင့်လက်နက်ကြီးကြောင့် ညောင်လေးပင်ရှိ ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရ

ဇန်နဝါရီ ၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင် မြို့နယ်(၃)ခုတွင် နှစ်သစ် ကူးကာလအတွင်း စစ်ကောင်စီ၏ ဒရုန်း၊ မိုင်းနှင့် လက်နက်ကြီးကြောင့် ဒေသခံအမျိုးသမီး (၂)ဦး အပါအဝင် (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ-ဗဟို၏ ယမန်နေ့က ထုတ်ပြန်ချက်အရ...

တပ်မဟာ(၃)နယ်မြေရှိ စစ်ကောင်စီ မူသယ်စခန်းကို သိမ်းပိုက်ကြောင်း KNU အတည်ပြု

ဇန်နဝါရီ ၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)နယ်မြေ/ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီး-မူသယ်ကားလမ်းပေါ်ရှိ စစ်ကောင်စီ၏မူသယ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဘက်က သိမ်းဆည်းရမိပြီဖြစ်ကြောင်း ကေအဲန်ယူပြောခွင့်ရ ပဒိုစောကလယ်စေးက အတည်ပြုပြောသည်။ စစ်ကောင်စီဘက်က ထောက်ပို့သွားလာရေးအဖြစ် အသုံးပြုခဲ့သော အချက်အချာကျသည့် ကျောက်ကြီး-မူသယ်ကားလမ်းပေါ်ရှိ မူသယ်စခန်းအား ယမန်နေ့ ဇန်နဝါရီလ ၃...

ကျုံဒိုးမြို့ရှိ စစ်ကောင်စီ တပ်စွဲထားသည့်နေရာများကို ခံစစ်အင်အားတိုး ပြင်ဆင်နေ

ဇန်နဝါရီလ ၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့ရှိ စစ်ကောင်စီတပ်စွဲထားသည့်နေရာများတွင် ခံစစ်အင်အားတိုး ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း ဒေသခံသတင်းအရင်းအမြစ်များက ကေအိုင်စီသို့ ပြောသည်။ ကျုံဒိုးမြို့ ဂျိုင်းတံတား၊ ခြေမြန်တပ်ရင်း-ခမရ ၅၄၅၊ ၅၄၆ နှင့် ကျုံဒိုး၊ ကိုးတိုင်ကျေးရွာ လမ်းပိုင်းတစ်လျှောက်ရှိ စစ်တပ်တပ်စွဲထားသည့်နေရာများတွင် ဒီဇင်ဘာလ...
Donate