KIC News
ဝေါလေဒေသ၊ ကနဲလေးထ စစ်ရှောင်စခန်းမှ စစ်ရှောင်များ ၃ နှစ်ကျော်ကြာအထိ နေရပ်မပြန်နိုင်သေး
ဇန်နဝါရီ ၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီမြို့တောင်ဘက် ဝေါလေဒေသရှိ ကနဲလေးထ ပြည်တွင်းစစ်ရှောင်စခန်းမှ စစ်ဘေးရှောင်များသည် ၃ နှစ်ကျော်ကြာသည်အထိ နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။
အဆိုပါ စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ကုန်ပိုင်းက တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများကြောင့်...
တနင်္သာရီတွင် စစ်ကောင်စီ ဆန်အိတ် ၂,၀၀၀ ကျော် ကေအဲန်ယူ သိမ်းဆည်းရမိ
ဇန်နဝါရီ ၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်း၊ တနင်္သာရီ မြို့နယ်တွင် စစ်ကောင်စီတပ်ရိက္ခာများ တင်ဆောင်လာသော စက်လှေတစ်စင်းပေါ်မှ ဆန်အိတ်ပေါင်း ၂,၀၀၀ ကျော်ကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၄ က သိမ်းဆည်းရမိသည်ဟု ကရင်ဘာသာဖြင့်ရေးသားနေသော ကွယ်ကလူသတင်းတွင် ယနေ့ ဖော်ပြထားသည်။
စစ်ကောင်စီတပ်ဖွဲ့အတွက်...
လွတ်ငြိမ်းအကျဥ်းသားများတွင် နိုင်ငံရေးဖြင့်ထောင်ဒဏ်ကျခံနေရသည့် အကျဥ်းသူ၊ အကျဥ်းသား ၂၀၀ ကျော်သာပါဝင်
ဇန်နဝါရီ ၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဇန်နဝါရီလ(၄)ရက်နေ့က လွတ်ငြိမ်းဖြင့် ပြန်လည်လွတ်မြောက်လာသူ အကျဥ်းသား၊ အကျဥ်းသူပေါင်း (၅,၈၆၄)ဦးအနက် နိုင်ငံရေးအမှုဖြင့် စစ်ကောင်စီ၏ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည့် အကျဥ်းသူ၊ အကျဥ်းသား ၂၀၀ ကျော်သာပါ ဝင်ကြောင်း အကျဥ်းသားအရေးဆောင်ရွက်သူများထံမှ သိရသည်။
ကရင်ပြည်နယ် ဖားအံမြို့ရှိ...
ဖားအံခရိုင်၊ မြို့နယ်အချို့တွင် ပစ္စည်းလုယက်ခံရခြင်းနှင့် ဆိုင်ကယ်အခိုးခံရခြင်း အဖြစ်များလာ
ဇန်နဝါရီ ၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ဖားအံခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော လှိုင်းဘွဲ၊ ပိုင်ကျုံ၊ နဘူး၊ ဒုံရင်းနှင့် ထီလုံစသည့် မြို့နယ်များတွင် ယခုတလော ဒေသခံများလမ်းသွားလာရင်းဖြင့် ပစ္စည်းလုယက်ခံရခြင်းနှင့် ဆိုင်ကယ်အခိုးခံရခြင်းများ အဖြစ်များလာနေသည်ဟု ဒေသခံများထံမှ သိရသည်။
ယခု ပွင့်လင်းရာသီအရောက်တွင် ထိုမြို့နယ်များရှိ ကျေးရွာတိုင်းလိုလိုတွင် ပစ္စည်းလုယက်ခံရခြင်းနှင့်...
AAPP ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မျိုးကျော်နှင့် ဆက်သွယ်မေးမြန်းချက်
AAPP ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မျိုးကျော်နှင့် ဆက်သွယ်မေးမြန်းချက်
“ သမ္မတ( ဦးဝင်းမြင့်)ကြီးတို့၊ ဒေါ်အောင်ဆန်းစုကြည်တို့ဆိုတာ သူတို့က ပြန်ပေးဆွဲထားတာပဲဗျ။”
ယခုနှစ် ဆန်းပိုင်းတွင် စစ်ကောင်စီက NLD ပါတီ ဥက္ကဋ္ဌဖြစ်သူ၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးမည့် သတင်းများပေါ်ထွက်လာခဲ့သည်။ ထို့နောက် စစ်ကောင်စီက လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကျဉ်းသားများကို...














