KIC News
ပိုင်ကျုံ KYO ၏ တတိယအကြိမ်မြောက်ကွန်ကရက်မှ အလုပ်အမှုဆောင်ကော်မတီဝင် (၇) ဦး ရွေးကောက်တင်မြှောက်
ဇွန် (၂၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၇)၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ် ကရင်လူငယ်အစည်းအရုံး (KYO) ၏ လေးရက်တာပြုလုပ်ကျင်းပခဲ့သည့် (၃)ကြိမ်မြောက်ကွန်ကရက်မှ ဥက္ကဌနေရာအပါအဝင် အလုပ်အမှုဆောင်ကော်မတီဝင်(၇)ဦးကို ရွှေးကောက်တင်မြှောက်ခဲ့ကြောင်း မြို့နယ် KYO က ထုတ်ပြန်သည်။
ပိုင်ကျုံမြို့နယ် ကေအဲန်ယူ အုပ်ချုပ်ရေး၊ တရားရေးတာဝန်ရှိခေါင်းဆောင်များ၊...
ဘီးလင်းတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ် အပါအဝင် (၄) ဦး လက်နက်ကြီးထိမှန် သေဆုံး
ဇွန် (၂၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ(၁)၊ ဒူးသထူ(သထုံ)ခရိုင်၊ ဘီးလင်းမြို့နယ်၊ ကဒိပုကျေးရွာအုပ်စုအတွင်းသို့ ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်အပါအဝင် (၄) ဦး သေဆုံးခဲ့ကြောင်း ကေအဲန်ယူ သထုံခရိုင်ထံမှ...
ဘီးလင်းက ရွှေမျောလုပ်ကွက်များ သုံးရက်ဆက်တိုက် လေယာဥ်ဗုံးကြဲခံရ၍ အလုပ်သမား (၁) ဦးသေဆုံး၊ (၅) ဦး ဒဏ်ရာရ
ဇွန် (၂၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးသထူခရိုင်၊ တပ်မဟာ (၁) နယ်မြေ၊ ဘီးလင်းမြို့နယ်ရှိ ရွေတူးဖော်ရေးလုပ်ငန်းခွင်နေရာများကို ဇွန်လ ၂၂ ရက်နေ့မှ ဇွန်လ ၂၄ ရက်နေ့အထိ သုံးရက်ဆက်တိုက် စစ်အုပ်စု လေယာဥ်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အလုပ်သမား (၁) ဦး...
စစ်လက်နက်ကြောင့် ညောင်လေးပင်ခရိုင်တွင် တစ်လအတွင်း အရပ်သား (၅) ဦး သေဆုံးပြီး (၁၈) ဦး ဒဏ်ရာရ
ဇွန် (၂၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ခလယ်လွီထူ/ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၃)နယ်မြေတွင် ပြီးခဲ့သည့် မေလ တစ်လတာအတွင်း စစ်အုပ်စု၏ မြေမြှုပ်မိုင်း၊ လေကြောင်းနှင့်လက်နက်ကြီးတိုက်ခိုက်မှုကြောင့် အရပ်သား(၅) ဦးသေဆုံးပြီး (၁၈) ဦးဒဏ်ရာရရှိသွားကြောင်း ခရိုင်၏ လချုပ်စာရင်းအရ သိရသည်။
မုန်း၊ ကျောက်ကြီးနှင့် ရွှေကျင်မြို့နယ်တို့တွင် တစ်လအတွင်း...
မဲဆောက်မြို့ အွန်လိုင်းငွေလိမ်လုပ်သည့်တိုက်ခန်းကို ထိုင်းအာဏာပိုင်များဝင်ရောက်စစ်ဆေးမှု မြန်မာ (၇)ဦး ဖမ်းခံရ
ဇွန် (၂၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့လယ်ရှိ တိုက်ခန်းတစ်ခုကို ဇွန်လ(၂၃)ရက်နေ့ နံနက်(၈း၀၀)နာရီဝန်းကျင်တွင် ထိုင်းအာဏာပိုင်များ ဝင်ရောက်စစ်ဆေးရာ တရားမဝင် အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်သည့် မြန်မာနိုင်ငံသား(၇)ဦးအပါအဝင် စုစုပေါင်း(၉)ဦး ဖမ်းဆီးခံရကြောင်း တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန သတင်းထုတ်ပြန်သည်။
ထိုင်းနိုင်ငံသားမဟုတ်သည့် နိုင်ငံခြားသားအများအပြားငှားရမ်းနေထိုင်သည့်...
မဲ့ကိုကင်းအစိုးရကျောင်း လက်နက်ကျည်ကျအပြီး သောင်ရင်းမြစ်ကမ်းနား လုံခြုံရေးတိုးမြှင့်
ဇွန် (၂၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်ထဲရှိ မဲ့ကိုကင်းရွာ ထိုင်းအစိုးရစာသင်ကျောင်းသို့ မြန်မာဘက်ခြမ်း လက်နက်ကိုင်တိုက်ပွဲအတွင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကျည်ကျရောက်ထိမှန်အပြီး ထိုင်းစစ်တပ်မှ သောင်ရင်းမြစ်ကမ်းနား လုံခြုံရေးကို တိုးမြှင့်လိုက်ကြောင်း နယ်စပ်သတင်းအရင်းအမြစ်မှ သိရသည်။
ပြီးခဲ့သည့် ဇွန်လ(၂၁)ရက်၊ တနင်္ဂနွေနေ့ညပိုင်းတွင် မြန်မာနိုင်ငံ၊ မင်းလက်ပံရွာနှင့် မျက်နှာချင်းဆိုင်ရှိနေသည့်...
ထိုင်းဘတ်ငွေအတုသုံးသူ(၂)ဦးကို BGF/KNA ဖမ်း၍ မြဝတီစစ်အုပ်စုလက်သို့ အပ်
ဇွန် (၂၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း ထိုင်းဘတ်ငွေအတုသုံးစွဲသူ(၂)ဦးအား လက်ဝယ်တွေ့ရှိသည့် စုစုပေါင်းဘတ်ငွေတန်ဖိုး(၄၉၀,၀၀၀)နှင့်တကွ ကရင်နယ်ခြားစောင့်တပ်/ကရင်အမျိုးသားတပ်မတော်-BGF/KNA က ဖမ်းဆီးပြီး မြဝတီစစ်အုပ်စုထံ လွှဲပြောင်းအပ်နှံလိုက်ကြောင်း သိရသည်။
အဆိုပါဘတ်ငွေအတုများမှာ ထိုင်းနိုင်ငံဘက်မှတဆင့်တင်သွင်းလာသည်ဟု BGF/KNA က ယူဆသလို ငွေအတုသုံးစွဲသူ(၂)ဦးကိုလည်း ဇွန်လဒုတိယအပတ်ထဲတွင် ဖမ်းဆီးပြီး...
ကော်သူးလေဖက်ဒရယ်ယူနစ်ပေါ်ထွန်းရေး ပူးပေါင်းကြိုးပမ်းကြရန် ကေအဲန်ယူနှင့် ကရင်အရပ်ဖက်အဖွဲ့များ ဆွေးနွေးသဘောတူ
ဇွန် (၂၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတွင် ပါဝင်လာမည့် ကော်သူးလေဖက်ဒရယ်ယူနစ်ပေါ်ထွန်းရေးအတွက် ပူးပေါင်းဆောင်ရွက်မှုအားကောင်းကောင်းဖြင့် ကျရာအခန်းကဏ္ဍမှ ကြိုးပမ်းလုပ်ဆောင်သွားကြရန် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့် ကရင်အရပ်ဖက်အဖွဲ့များအကြား ဆွေးနွေးညှိနှိုင်းပွဲမှ သဘောတူခဲ့ကြကြောင်း သိရသည်။
ကေအဲန်ယူနှင့် ကရင်အရပ်ဖက်အဖွဲ့အစည်း(၂၆)ဖွဲ့ပါဝင်သည့် ဆွေးနွေးညှိနှိုင်းပွဲတစ်ရပ်ကို ပြီးခဲ့သည့် ဇွန်လ(၁၅)ရက်မှ (၁၈)ရက်နေ့အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးနှင့် ဆက်စပ်သော...
ခလယ်လွီထူခရိုင်တွင် စစ်အုပ်စုတပ်စခန်း တိုက်ခိုက်ခံရပြီး လက်နက်(၃)လက် KNLA သိမ်း၊ စစ်အုပ်စုတပ်ဖွဲ့ဝင်(၁၆)ဦး ဘက်ပြောင်း
ဇွန် (၂၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူခရိုင်၊ မူးမြို့နယ်ရှိ စစ်အုပ်စုတပ်စခန်းကို ဇွန်လ(၂၀)ရက်နေ့တွင် KNLA မှ တိုက်ခိုက်ပြီး လက်နက်(၃)လက် သိမ်းယူနိုင်ခဲ့သလို စစ်အုပ်စုတပ်ဖွဲ့ဝင်(၁၆)ဦးမှာလည်း ဇွန်လဒုတိယအပတ်အတွင်း လယ်ဒိုမြို့နယ် KNDO ထံသို့ ဘက်ပြောင်းခိုလှုံခဲ့ကြောင်း ကေအဲန်ယူ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့်...
အနန်းကွင်းဗျူဟာစခန်းမှ လက်နက်ကြီးကြောင့် ဝင်းခနရွာရှိ အမျိုးသမီး(၃)ဦး ဒဏ်ရာရ
ဇွန် (၂၂)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆) ဝင်းရေးမြို့နယ်ထဲရှိ အနန်းကွင်း စစ်အုပ်စုဗျူဟာစခန်းမှ ယမန်နေ့ ဇွန်လ (၂၁)ရက်နေ့တွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဝင်းခနရွာရှိ အမျိုးသမီး(၃)ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ယမန်နေ့ ညနေ (၅)နာရီဝန်းကျင်တွင် အဆိုပါ အနန်းကွင်းစစ်ဗျူဟာတပ်စခန်းမှ လက်နက်ကြီး(၈)လုံးပစ်ခတ်ခဲ့၍...














