Home Authors Posts by KIC News

KIC News

22133 POSTS 0 COMMENTS

စစ်အုပ်စုတပ် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် ဘောကျို့ထရွာဒေသခံများ ပြန်လည်လွတ်မြောက်လာ

ဇွန်လ ၃၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖာပွန် (မူတြော်) ခရိုင်၊ တပ်မဟာ (၅) နယ်မြေတွင် ပြီးခဲ့သည့် မေလကုန်ပိုင်းက စစ်အုပ်စုစစ်ကြောင်း၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသော ဘောကျို့ထရွာသား ၃၂ ဦးမှာ ယခုရက်ပိုင်းအတွင်း ပြန်လည် လွတ်မြောက်လာသည်သည်ဟု သိရသည်။ ကမမောင်း-ကတိုင်တိ လမ်းမရှိ...

ကရင်လူငယ်တို့၏ အနုပညာလက်ရာများကို ဥရောပမြို့ကြီးများ၌ ကော်သူးလေအနုပညာကျောင်း ပြသ

ဇွန်လ ၃၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်လူငယ်များ၏ ဘဝဖြတ်သန်းမှုပုံရိပ်များနှင့် အနုပညာလက်ရာများကို နိုင်ငံတကာအသိုင်းအဝိုင်းမှ ပိုမိုသိရှိလာစေရန် ရည်ရွယ်၍ ကော်သူးလေအနုပညာကျောင်း (Kawthoolei Art School) က ဥရောပမြို့ကြီးများတွင် အနုပညာပြပွဲနှင့် မှတ်တမ်းရုပ်ရှင်ပြသခြင်းများကို လှည့်လည် ကျင်းပလျက်ရှိကြောင်း သိရသည်။ အဆိုပါ ခရီးစဉ် ပြပွဲကို...

ကော်သူးလေဒေသ ကျောင်းဆရာ၊ ဆရာမများကို ကူညီထောက်ပံ့ပေးနိုင်မည့် ကမ်ပိန်းတစ်ခုပြုလုပ်မည်

ဇွန် (၃၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ဒေသအတွင်းပဋိပက္ခအခြေအနေများကြောင့် ကရင့်ပညာရေးတွင် စိန်ခေါ်မှုရှိလာနေသည့်အပေါ် ကျောင်းဆရာ၊ ဆရာမများအတွက် ကူညီထောက်ပံ့ပေးနိုင်မည့် လှုပ်ရှားမှုအစီစဉ် ကမ်ပိန်း(Campaign) တစ်ခုကို ဇွန်လ (၄)ရက်နေ့တွင် စတင်ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။ ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန-KECDနှင့် KTWG (Karen Teacher Working Group) တို့ ဦးဆောင်သည့်...

စစ်အုပ်စုဖမ်းဆီးထားသော သထုံမြို့နယ်၊ ဝင်းစိန်ရွာသား(၈)ဦး တစ်ပတ်ကြာသည်အထိ ပြန်မလွတ်

ဇွန် (၃၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူခရိုင်၊ သထုံမြို့နယ်၊ ဝင်းစိန်ကျေးရွာရှိ ပြီးခဲ့သည့် ဇွန်လ (၂၃) ရက်နေ့ကတည်းက စစ်အုပ်စုနှင့်ပျူစောထီးအဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းခံထားရသော ရွာခံအမျိုးသား(၈)ဦးမှာ ယနေ့ ဇွန်လ(၃၀)ရက်နေ့အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း ဒေသခံများကပြောသည်။ ဝင်းစိန်ရွာ ရွှေညောင်ပင်ကွက်သစ်အပိုင်းတွင်နေထိုင်သည့် ရွာသားများကို စစ်အုပ်စုနှင့် ပျူစောထီးအဖွဲ့ဝင်အင်အား(၇၀)ဝန်းကျင်က...

နိုင်ငံတစ်ဝှမ်း မိုးသည်းထန်စွာရွာသွန်းမည်ဖြစ်၍ တောင်ကျရေနှင့် ရေကြီးမှုဘေး သတိပြုရန် ထိုင်းမိုးဇလသတိပေး

ဇွန်လ ၃၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံတစ်ဝှမ်းတွင် ဇွန်လ ၃၀ ရက်နေ့မှစ၍ ဇူလိုင်လ ၃ ရက်နေ့အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်သဖြင့် တောင်ကျရေနှင့် ရုတ်တရက်ရေကြီးမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ထိုင်းမိုး လေဝသနှင့် ဇလဗေဒဦးစီးဌာနက ယနေ့ (ဇွန် ၃၀) တွင်...

DKBA ထိန်းချုပ်နယ်မြေရှိ ကျားဖြန့်စခန်းများမှ ထွက်ပြေးလာသည့် နိုင်ငံခြားသား ၁၃ ဦးကို ထိုင်းအာဏာပိုင်များ ထိန်းသိမ်းစစ်ဆေး

ဇွန်လ ၂၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ ဖို့ဖရမြို့နယ် တဖက်ကမ်းရှိ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်-DKBA ထိန်းချုပ်ရာ ကျားဖြန့်စခန်းများမှ ထွက်ပြေးလွတ်မြောက်လာသည့် နိုင်ငံခြားသား ၁၃ ဦးကို ဒေသဆိုင်ရာ အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းကာ စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိသည်ဟု ThaiPBS North...

ထိုင်းအစိုးရ ထုတ်ပေးမည့် တရားဝင်နေထိုင်ခွင့်ကတ်၊ MOI စာရင်းဝင်သူများသာ အခွင့်အရေးရရှိမည်

ဇွန်လ ၂၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ နယ်စပ်ဒေသရှိ ဒုက္ခသည်များအား ထိုင်းအစိုးရမှ ထုတ်ပေးမည့် တရားဝင်နေထိုင်ခွင့် အထောက် အထားကတ် (ပန်းရောင်ကတ် ) ကို ထိုင်းပြည်ထဲရေးဝန်ကြီးဌာန (MOI) ၏ ၂၀၁၉-၂၀၂၀ ခုနှစ် စာရင်းဇယားတွင် ပါဝင်သူများသာ ရရှိနိုင်မည်ဖြစ်ကြောင်း ဒုက္ခသည်စခန်း...

မြဝတီ-ဖားအံလမ်းတွင် ပေါ်တာဖမ်းဆီးမှုများရှိနေ၍ ခရီးသွားယာဉ်များ တောလမ်းကြောင်းသို့ ပြောင်းလဲ အသုံးပြုနေရ

ဇွန်လ ၂၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်အတွင်းရှိ မြဝတီ-ကော့ကရိတ်-ဖားအံ အာရှလမ်းမကြီးပေါ်တွင် စစ်အုပ်စုက ခရီးသွားလူငယ်များကို ပေါ်တာ (အဓမ္မစစ်မှုထမ်းရန်) ဖမ်းဆီးခေါ်ဆောင်နေသည်ဟူသော သတင်းများကြောင့် ယာဉ်မောင်းအချို့မှာ လုံခြုံရေးအရ အဆိုပါလမ်းမကြီးကို ရှောင်ရှားကာ တောလမ်းများသို့ ပြောင်းလဲမောင်းနှင်နေရကြောင်း သိရသည်။ လက်ရှိတွင် အာရှလမ်းမကြီးကို အသုံးပြုနေသည့် ခရီးသည်တင်ယာဉ်များပေါ်မှ...

ဘုရားသုံးဆူမြို့ကို စစ်အုပ်စု ပြန်လည်တောင်းဆိုသည်ဆိုသောသတင်း DKBA ငြင်းဆို

ဇွန်လ ၂၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့၏ အုပ်ချုပ်မှုအာဏာကို ပြန်လည်လွှဲပြောင်းပေးရန် စစ်အုပ်စုက တောင်းဆိုထားသည်ဆိုသည့် သတင်းများအပေါ် မြို့လုံခြုံရေးတာဝန်ယူထားသည့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) အမှတ်(၂) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောအေဝမ်းက ပယ်ချလိုက်သည်။ လက်ရှိ ဘုရားသုံးဆူမြို့တွင် စစ်အုပ်စုထံမှ အာဏာလွှဲယူထားခြင်းမျိုး...

ကရင်တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူ ၁,၆၈၇ ဦးရှိဟု စစ်အုပ်စု ပညာရေးဌာန ထုတ်ပြန်

ဇွန်လ ၂၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်အတွင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ ၃,၆၆၀ ဦးအနက် ၁,၆၈၇ ဦး အောင်မြင်ခဲ့ပြီး ပြည်နယ်တစ်ခုလုံး၏ အောင်ချက်မှာ ၄၆ ဒသမ ၀၉ ရာခိုင်နှုန်းရှိကြောင်း စစ်အုပ်စု ပညာရေးဌာနက ယမန်နေ့...
Donate