KIC News
KNU/KNLA-PC ၏ အတွင်းရေးမှူး(၁) ဗိုလ်မှူးကြီး စောကျော်ညွန့်နှင့်ဆက်သွယ်မေးမြန်းချက်
"ကျနော်တို့ နိုင်ငံအတွက် ငြိမ်းချမ်းရေးက မရှိမဖြစ် သေရေး၊ ရှင်ရေးတမျှ အရေးကြီးတဲ့ အရာဖြစ်တယ်" - ဗိုလ်မှူးကြီး စောကျော်ညွန့်
KNU/KNLA-PC ၏ အတွင်းရေးမှူး(၁) ဗိုလ်မှူးကြီး စောကျော်ညွန့်နှင့်ဆက်သွယ်မေးမြန်းချက်
ယခု ဇူလိုင်လ ၆ ရက်နေ့က နေပြည်တော်၌ အာဏာသိမ်း စစ်အုပ်စု၏ အမျိုးသားစည်း လုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ...
နိုင်ငံခြားသားများကို ပြည်နှင်ဒဏ်ပေးနိုင်သည့် စည်းမျဥ်း(၆)ချက်ကို ထိုင်းအစိုးရအဖွဲ့အတည်ပြု
ဇူလိုင် (၁၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံသို့တရားမဝင်နည်းလမ်းဖြင့်ဝင်ရောက်လာသူ၊ တရားမဝင်အလုပ်လုပ်ကိုင်သူနှင့် ထိုင်းအစိုးရသတ်မှတ်ထားသည့်စည်းမျဥ်းများကို ချိုးဖောက်သူ နိုင်ငံခြားသားများအား ပြည်နှင်ဒဏ်ပေးနိုင်သည့် စည်းမျဥ်း/အကြောင်းအရင်း (၆)ချက်ကို အစိုးရအဖွဲ့က ဇူလိုင်လ(၁၄)ရက်နေ့က အတည်ပြုလိုက်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ(၁၆)ရက်နေ့က ပြုလုပ်ခဲ့သည့် ထိုင်းအစိုးရအဖွဲ့အစည်းအဝေးတွင် နိုင်ငံ၏လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေကိုမြှင့်တင်ရန် ဒုတိယဝန်ကြီးချုပ်အား တာဝန်ပေးခဲ့ခြင်းဖြစ်ပြီး...
မြဝတီတောင်ဘက် ဖလူး-မင်းလက်ပံလမ်းပိုင်းကို စစ်အုပ်စု ၃ ရက်ဆက်တိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်
ဇူလိုင် ၁၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးနှင့် မင်းလက်ပံကျေးရွာ လမ်းပိုင်းကို ထိန်းချုပ်ထားသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကို စစ်အုပ်စုက မြေပြင်မှ ထိုးစစ်ဆင်၍ မရသဖြင့် ဇူလိုင် ၁၂ ရက်နေ့မှစ၍ လေကြောင်းမှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်...
မြန်မာ့အရေး ပဋိပက္ခအင်အားစုများဖြင့် တွေ့ဆုံပြီးစီးကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်
ဇူလိုင် ၁၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မြန်မာ့အရေးနှင့် ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်များအပါအဝင် စစ်အုပ်စု၏ ကိုယ်စားလှယ်များနှင့် ပြီးခဲ့သည့် ဇူလိုင်လ (၁၂) ရက်မှ (၁၃) ရက်အထိ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသော ဆွေးနွေးပွဲတွင် တွေ့ဆုံပြီးစီးသွားကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ (ဇူလိုင်...
ဘီးလင်းမြို့နယ်ရှိ စစ်ရှောင်ပြည်သူ ၁,၈၀၀ ကျော်အတွက် KPSN အဖွဲ့ ကူညီထောက်ပံ့မှု ပြုလုပ်ခဲ့
ဇူလိုင် ၁၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူခရိုင် (တပ်မဟာ-၁ နယ်မြေ) ဘီးလင်းမြို့နယ်၊ တာပေါ (ဝင်းတာပန်) ကျေရွာအုပ်စုအတွင်း စစ်ဘေးတိမ်းရှောင်နေရသည့် ကျေးရွာ ၃ ရွာရှိ အိမ်ထောင်စုပေါင်း (၃၁၉) စုမှ လူဦးရေ (၁,၈၉၈) ဦးကို...
ပဋိပက္ခဒေသများသို့ အကူအညီပေးနိုင်ရေး အသွားအလာကန့်သတ်ချက်နှင့် စီမံအုပ်ချုပ်မှုကြောင့် အဟန့်အတားဖြစ်နေ
ဇူလိုင် (၁၄) ရက်၊ ၂၀၂၆ခုနှစ်။ ကေအိုင်စီ
မြန်မာနိုင်ငံ၊ ပဋိပက္ခဒေသများသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီ ထိရောက်စွာပေးနိုင်ရန် သွားလာရေးဆိုင်ရာကန့်သတ်ချက်နှင့် စီမံအုပ်ချုပ်မှု လိုအပ်ချက်များကြောင့် အဟန့်အတားရှိနေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA)က ယမန်နေ့ ဇူလိုင်လ (၁၃)ရက်တွင် ထုတ်ပြန်သည်။
အကူအညီအလိုအပ်ဆုံးနေရာများသို့ လူသားချင်းစာနာထောက်ထားမှုပေးရာတွင် ဘေးကင်းလုံခြုံပြီး နှောင့်နှေးကြန့်ကြာမှုမရှိဘဲ စဉ်ဆက်မပြတ်ကူညီပေးရန်...
ဖားအံတွင် ဓားရှောင်ရာမှ ယာဉ်တိုက်ခံရပြီး သေဆုံးခဲ့သည့် လူငယ်အမှု သိန်း ၂၀၀ ဖြင့် ကျေအေး
ဇူလိုင် ၁၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ လွန်းညကျေးရွာအနီးတွင် ဓားဖြင့်ပစ်ပေါက်ခြင်းကို ရှောင်တိမ်းရာမှ ယာဥ်တိုက်ခံရပြီး အသက် ၁၇ နှစ်အရွယ် လူငယ် သေဆုံးမှုအပေါ် နစ်နာသူမိသားစုဘက်မှ ငွေကျပ်သိန်း (၂၀၀) ဖြင့် ကျေအေးပေးလိုက်ကြောင်း နီးစပ်သူထံမှသိရသည်။
ပြီးခဲ့သည့် ဇွန်လ ၂၉...
သောင်ရင်းမြစ်ရေ စိုးရိမ်ရေမှတ်သို့ ရောက်ရှိလာနိုင်၍ မြဝတီနှင့် မဲဆောက်ဘက်ခြမ်းတွင် ရေဘေးကြိုတင်ကာကွယ်မှုများ လုပ်ဆောင်နေ
ဇူလိုင် ၁၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ရေမှာ စိုးရိမ်ရေမှတ်အထိ မြင့်တက်လာနေသဖြင့် မြစ်ကမ်းဘေးတစ်လျှောက် နေထိုင်ကြသည့် မြဝတီနှင့် မဲဆောက်မြို့နယ်မှ ဒေသခံများမှာ ရေဘေးအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေကြသည်ဟု သိရသည်။
နှစ်စဉ် ဇူလိုင်လရောက်တိုင်း သောင်ရင်းမြစ်ရေ မြင့်တက်လေ့ရှိပြီး အနိမ့်ပိုင်းနေအိမ်များ ရေနစ်မြုပ်...
KDHW တံဆိပ်ကို ကျန်းမာရေးကဏ္ဍမှလွဲ၍ အခြားနည်းလမ်းဖြင့် အသုံးပြုခြင်း ခွင့်မပြုဟု ဌာနတာဝန်ခံပြော
ဇူလိုင် ၁၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန (KDHW) ၏ တရားဝင်အမှတ်တံဆိပ်ကို ကျန်းမာရေး ဆိုင်ရာ လုပ်ငန်းများမှလွဲ၍ အခြားကိစ္စရပ်များတွင် အသုံးပြုခြင်းကို လုံးဝခွင့်မပြုကြောင်း ဌာနတာဝန်ခံ ပဒိုစောဒိုင်းမွန်းခင်က ကေအိုင်စီသို့ ပြောသည်။
KDHW သည် လူထု၏အခြေခံကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်...
ဘန်ကောက်မြို့ စားသောက်ဆိုင်မီးလောင်မှုတွင် ၂၇ ဦးသေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရ
ဇူလိုင် ၁၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ချတူချက်ခရိုင်အတွင်းရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ယမန်နေ့ညက မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၂၇ ဦး သေဆုံးပြီး ၆၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းဌာနတွင် ဖော်ပြထားသည်။
မီးလောင်မှုမှာ ချတူချက်ခရိုင်၊ လာ့ဖရောင်း (၁) လမ်းရှိ...














