Home Authors Posts by KIC News

KIC News

22007 POSTS 0 COMMENTS

စစ်ကောင်စီ၏ နယ်စပ်ခြေကုပ် မော်ဖိုးကေစခန်းကို KNLA ပူးပေါင်းတပ် ဆက်လက်တိုက်ခိုက်

မေ ၁၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ထိုင်း-မြန်မာနယ်စပ်အနီးရှိ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ-၂၄ ခြေကုပ်ယူထားသော မော်ဖိုးကေစခန်းကို ယနေ့ မေလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းမှစတင်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များက ဆက်လက်တိုက်ခိုက်လျက်ရှိကြောင်း မြေပြင်သတင်းအရ သိရသည်။ KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO တို့ပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့က...

စစ်ရေးတင်းမာနေသည့် ကျုံဒိုးတွင် စစ်ကောင်စီက ကျောင်းများ ပြန်ဖွင့်ခိုင်းနေ

မေ ၁၉၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကျုံဒိုးမြို့တွင် လက်ရှိ စစ်ရေးတင်းမာနေပြီး နေ့စဉ်လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းနှင့်လေကြောင်းမှ ဗုံးကြဲမှုများ ဖြစ်ပေါ်နေသော်လည်း စစ်ကောင်စီက ၎င်းတို့လက်အောက်ရှိ စာသင်ကျောင်းများကို ကျောင်းအပ်လက်ခံ ပြန်ဖွင့် ရန် ဖိအားပေးစေခိုင်းနေသည်ဟု စစ်ရှောင်ကျောင်းသားမိဘများက ပြောသည်။ စစ်ကောင်စီက ကျုံဒိုးမြို့ပေါ် ရပ်ကွက်နှင့်...

ပညာသင်ရန် လုံခြုံသည့်နေရာနှင့်အထောက်အပံ့များ လိုအပ်နေကြောင်း တောင်ငူခရိုင်ပညာရေးမှူးပြော

မေလ ၁၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၂) တောင်ငူခရိုင်အတွင်း ဖွင့်လှစ်ထားသည့် ကရင့် ပညာရေးနှင့်ယဥ်ကျေးမှုဌာန-KECD လက်အောက်ရှိ စာသင်ကျောင်းများ ပညာဆက်လက်သင်ယူနိုင်ရေး လုံခြုံသည့်နေရာအပါအဝင် ကျောင်းသုံးပစ္စည်းများ၊ ဘော်ဒါဆောင်များနှင့်ဆရာဆရာမ လိုအပ်ချက်များ ရှိနေကြောင်း ခရိုင်ပညာရေးမှူး ပဒိုစောဟဲစိုးက ပြောသည်။ ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ ကိုဗစ်ကာလတွင်...

ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာ၍ စစ်ရှောင်ဦးရေ ၁ သောင်းကျော် ထပ်တိုးလာ

မေလ ၁၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၁)/သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်အင်အား ရာနှင့်ချီ၍ စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် ‌ကျေးရွာ (၃၆) ရွာမှ ဒေသခံ (၁၇၆၀၂) ဦး တိမ်းရှောင်နေရပြီး စစ်ရှောင်ဦးရေ ၁ သောင်းကျော် ထပ်မံ တိုးလာကြောင်း...

တနင်္သာရီတွင် စစ်ရှောင်ဦးရေ ၇,၀၀၀ နီးပါ တိုးလာ

မေ ၁၉၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီးတွင် ပြီးခဲ့သည့် ဧပြီလအတွင်း စခန်းသိမ်းတိုက်ပွဲများနှင့် ရက်ရှည်ပြင်းထန်တိုက်ပွဲများ ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ ၇,၀၀၀ ဦးခန့် တိုးလာသည်ဟု ဒေသအခြေစိုက် သုတေတနအဖွဲ့ ဖြစ်သည့် FE 5 Tanintharyi ၏ လစဉ်...

DKBA ခွဲထွက် ဗိုလ်ဘိအဖွဲ့ ဂျိုင်းမြစ် အနောက်ဘက်ကမ်းတွင် ဂိတ်ပြန်ဖွင့် ငွေတောင်းခံ

မေ ၁၉၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ဒေသတွင်း ကြာအင်း DKBA ခွဲထွက် အဖွဲ့ဟု လူသိများသည့် ဗိုလ်ဘိအဖွဲ့သည် ဂျိုင်းမြစ် အနောက်ဘက်ကမ်း ဖားအံ မြို့နယ်အတွင်း ဂိတ်များပြန်ဖွင့်ပြီး ငွေတောင်းခံမှု ပြုလုပ်နေသည်ဟု မြဝတီ-ဖားအံ ကုန်စည်နှင့် ခရီးသည် တင် ယာဉ်မောင်းများက ပြောသည်။...

ကျုံဒိုးတွင် လက်နက်ကြီးအပြန်အလှန် ပစ်ခတ်တိုက်ခိုက်နေ

မေ ၁၉၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကျုံဒိုးမြို့နယ်တွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA မဟာမိတ် တပ်များနှင့် စစ်ကောင်စီတပ်တို့ အပြန်အလှန် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေ သည်ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တာဝန်ရှိသူ တဦးက ပြောသည်။ ကျုံဒိုးမြို့အထွက်ရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ ၅၄၅-၅၄၆...

တောင်ငူ-သံတောင်လမ်းမဖွင့်လို့ ဈေးသွားဈေးလာသုံးရသည့် ထုံးဘိုကြီး-ရေတာရှည် လမ်းကို စစ်ကောင်စီ ထပ်ပိတ်

မေ ၁၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၂)၊ တောင်ငူခရိုင်၊ လိပ်သို-သံတောင်-တောင်ငူလမ်းမကြီး ပြန်မဖွင့်သေးသဖြင့် ဒေသခံများ ကုန်ပစ္စည်းနှင့်ရိက္ခာဝယ်ယူရန် လတ်တလောအသုံးပြုနေရသည့် ထုံးဘိုကြီး- ရေတာရှည်လမ်းကို စစ်ကောင်စီက ပြီးခဲ့သည့် မေလ ဒုတိယအပတ်မှစကာ ဖြတ်သွားခွင့်မပေးဘဲ ပိတ်လိုက်ကြောင်း ဒေသခံများက ပြောသည်။ လုံခြုံရေးအခြေအနေကြောင့် လိပ်သို-သံတောင်-တောင်ငူ...
Donate