KIC News
ကေအဲန်ယူဗဟို၏အကြံပေးပုဂ္ဂိုလ် ဗိုလ်မှူးကြီး စောထူးထူးလေး ကင်ဆာရောဂါဖြင့် ကွယ်လွန်
မေ ၁၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး-ဗဟို၏ စစ်ရေး၊ နိုင်ငံရေးအကြံပေးပုဂ္ဂိုလ် ဗိုလ်မှူးကြီးစောထူးထူးလေး ယမန်နေ့ မေလ ၁၇ ရက်နေ့ ထိုင်းစံတော်ချိန် ည ၁၀ နာရီ ၂၀ မိနစ်တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ တူမဖြစ်သူနေအိမ်၌ အူမကြီးကင်ဆာရောဂါဖြင့် ကွယ်လွယ်သွားကြောင်း...
KIO ဥက္ကဌဟောင်းကြီး ကွယ်လွယ်မှုအပေါ် ကေအဲန်ယူ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့
မေလ ၁၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကချင်လွတ်လပ်ရေးအဖွဲ့ချုပ်-KIO ဥက္ကဋ္ဌ ဦးလညော်ဇောင်းဟရား ကွယ်လွန်မှုအပေါ် ဝမ်းနည်း အလေးပြုကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟိုဋ္ဌာနချုပ်က ယနေ့ မေလ ၁၇ ရက်နေ့ရက်စွဲဖြင့် သဝဏ်လွှာပေးပို့သည်။
ဘဝတူတိုင်းရင်းသားများနှင့်အတူလက်တွဲကာ ကချင်လူမျိုးများ၏ တန်းတူညီမျှမှုနှင့်ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရန် KIO ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်သည့်...
လိပ်သိုမြို့မရဲစခန်းနှင့်စစ်တပ်တို့ လက်နက်ကြီးပစ်ခတ်သဖြင့် အရပ်သား ၁ ဦးသေ၊ ၂ ဦးဒဏ်ရာ ပြင်းထန်
မေ ၁၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၂)၊ တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-၆၀၃ တပ်ရင်းနှင့် ရဲစခန်းမှ မေလ ၁၄ ရက်နေ့က လက်နက်ကြီးပစ်ခတ်သဖြင့် သစ်ခေါင်းရွာနှင့်လက်ဘက်အင်းကြီးရွာတို့မှ အမျိုးသားတစ်ဦး သေဆုံးပြီး နှစ်ဦး...
သားသမီးပညာရေးအတွက် စစ်ရှောင်မိဘတွေရဲ့ သောက
သားသမီးပညာရေးအတွက် စစ်ရှောင်မိဘတွေရဲ့ သောက
နန်းဝေဖြိုးဇာ (မေ ၁၇၊ ၂၀၂၅ ခုနှစ်။)
ကျုံဒိုး-ကော့ကရိတ်မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့သင်္ကြန်ကာလကစပြီး တကျော့ပြန်တိုက်ပွဲများ ဖြစ်ပွား နေပါတယ်။ တိုက်ပွဲတွေကြောင့် ဒေသခံ လေးသောင်းဦးဝန်းကျင်ခန့်ဟာ မိမိတို့ရဲ့ အိုးအိမ်တွေကို စွန့်ခွာပြီး ဘေးလွတ်တဲ့နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ အခုလို စစ်ရှောင်နေရတဲ့ ကလေးငယ်တွေရဲ့ ပညာဆက်သင်ကြားနိုင်ရေးအတွက် အခက်အခဲအမျိုးမျိုး...
မော်ကွီးလု စခန်းသိမ်းတိုက်ပွဲကြောင့် ထိုင်းဘက်စစ်ရှောင်နေရသူ ၂၀၀ ကျော် နေရပ်ပြန်
မေ ၁၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်၊ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်နယ်မြေ၊ တပ်မဟာ(၇) ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်ရှိ မော်ကွီးလု စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက်သို့ မေလ ၁၅ ရက်နေ့ ကတည်းက ရောက်ရှိနေသူ စစ်ရှောင်များ ယနေ့နံနက်ပိုင်းတွင် နေရပ်ပြန်လာကြပြီဖြစ်ကြောင်း စစ်ရှောင်များ၏ ပြောပြချက်အရ...
ရေး-သံဖြူဇရပ်လမ်းပိုင်းကို တော်လှန်ရေးတပ်များ ထိန်းချုပ်ထား၍ စစ်ကောင်စီက ရေလမ်းသုံး အင်အားဖြည့်
မေ ၁၆ ရက် ၊၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ ရေး-သံဖြူဇရပ် လမ်းပိုင်းနေရာအများစုကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထား၍ စစ်ကောင်စီ က ရေလမ်းသုံးပြီး ရေးမြို့တွင် အင်အားဖြည့်စည်းမှုများ ပိုမိုပြုလုပ်လာသည်ဟု မွန်ပြည်ကာကွယ်ရေးတပ်-MSRF ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောသည်။
အဆိုပါ ရေး-သံဖြူဇရပ် လမ်းပိုင်းတွင် ဒေသအခြေစိုက်...














