Home Authors Posts by KIC News

KIC News

22007 POSTS 0 COMMENTS

ဖာပွန်-ကမမောင်း လမ်းပိုင်းရှိ ကတိုင်ထိစခန်းကို စစ်ကောင်စီ ပြန်လည်ထိန်းချုပ်

ဇွန်လ ၁၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၅)၊ ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ဖာပွန်-ကမမောင်း လမ်းပိုင်းရှိ KNLA ပူးပေါင်းတပ်၏ သိမ်းယူရှင်းလင်းခံထားရသော ကတိုင်ထိစစ်ကောင်စီ တပ်စခန်းအား ဇွန်လ ၇ ရက်နေ့ တွင် စစ်ကောင်စီက ပြန်လည်ထိန်းချုပ်လိုက်ကြောင်း တပ်မဟာ(၅)...

ငါးရံ့နီတပ်စခန်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်(၇)ဦး ချန်ပြီး ကျန်ရှိ တပ်ဖွဲ့ဝင်များ ထိုင်းဘက်ထွက်ပြေး

ဇွန်လ ၁၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၄)နယ်မြေ ထိုင်း-မြန်မာနယ်နိမိတ်၊ ထီးခီးနယ်စပ်တွင် နောက်ဆုံးကျန်ရှိသည့် စစ်ကောင်စီ၏ ညပလာခီး (ငါးရံ့နီ)တပ်စခန်းအတွင်း တပ်ဖွဲ့ဝင် (၇)ဦးကို ချန်ထားပြီး ကျန်ရှိတပ်ဖွဲ့ဝင်များအားလုံး ယမန်နေ့ ဇွန်လ ၁၂ ရက်နေ့က ထိုင်းနိုင်ငံဘက် ထွက်ပြေးသွားကြကြောင်း တပ်မဟာ(၄)...

ကျုံဒိုးစစ်ကောင်စီက ပစ်ခတ်မှုကြောင့် နာရေးအိမ်ရှိ ကလေးငယ်များ အပါအဝင် ၇ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ

ဇွန်လ ၁၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)၊ ဒူးပလာယာခရိုင်၊ ကျုံဒိုးမြို့ဝန်းကျင်တွင်ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီကပစ်ခတ်မှုကြောင့် ဇွန်လ ၁၂ ရက်နေ့က ကော့ဘော်ရွာ နာရေးအိမ်တွင်ရှိနေသည့် အသက်ငါးနှစ်နှင့်ဆယ်နှစ်အရွယ် ကလေးငယ် ၂ ဦး အပါအဝင် ဒေသခံ ၇...

သရက်ချောင်း၊ မင်းဒပ်ရွာနှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံတစ်ထောင်ထက်မနည်း စစ်ဘေးရှောင်နေရ

ဇွန်လ ၁၃ ရက်၊၂၀၂၅ခုနှစ်။ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ် မင်းဒပ်ကျေးရွာတွင် ဖြစ်ပွားလျက်ရှိသည့် နှစ်ဖက်တိုက်ပွဲများကြောင့် အနီးရှိကျေးရွာ(၃)ရွာမှ ဒေသခံ တစ်ထောင်ထက်မနည်း နေရပ်စွန့်ခွာစစ်ဘေးရှောင်နေရကြောင်း မြေပြင်စစ်ဘေးရှောင်ကူညီနေသူများ၏ ပြောဆိုချက်အရ သိရသည်။ မင်းဒပ်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့များက ပြီးခဲ့သည့်ဇွန်လ(၁၁)ရက်နေ့ နံနက်ခင်းပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ရာမှ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲကြောင့် မင်းဒပ်အပါအဝင် အနီးရှိကျေးရွာများမှ ဒေသခံများ...

လူဦးရေတိုးလာသဖြင့် ထီးဘောဂေါ် စစ်ရှောင် စာသင်ကျောင်းတွင် စားနပ်ရိက္ခာ အကူအညီ လိုအပ်နေ

ဇွန်လ ၁၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် တပ်မဟာ(၆)၊ ကော့ကရိတ်မြို့နယ် မြဝတီ မြို့တောင်ဘက် ဝေါလေဒေသရှိ ထီးဘောဂေါ် စစ်ဘေး‌ရှောင် စာသင်ကျောင်းတွင် ကျောင်းသူ/ကျောင်းသား လူဦးရေ တိုးလာခြင်းကြောင့် စားနပ်ရိက္ခာ အကူအညီများ လိုအပ်နေကြောင်း ကျောင်းတာဝန်ရှိသူများထံမှ သိရသည်။ ဝေါလေဒေသအတွင်းရှိ ကျေးရွာများတွင်...

ကော့ကရိတ်မြို့နယ် ပိုင်ရပ်ရွာက စာသင်ကျောင်းဗုံးကြဲခံရသည့်ဖြစ်စဥ်မှာ လုပ်ကြံဖန်တီးထားသယောင် စစ်ကောင်စီဝါဒဖြန့်

ကော့ကရိတ်မြို့နယ် ပိုင်ရပ်ရွာက စာသင်ကျောင်းဗုံးကြဲခံရသည့်ဖြစ်စဥ်မှာ လုပ်ကြံဖန်တီးထားသယောင် စစ်ကောင်စီဝါဒဖြန့် ဇွန်လ ၁၂ ရက်၊ ၂၀၂၅ ခုနှစ်။ KIC, The Red Flag, MFCN ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ပိုင်ရပ်ရွာက စာသင်ကျောင်းကို ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့က စစ်ကောင်စီမှ လေကြောင်းအသုံးပြုတိုက်ခိုက်သဖြင့်...

တောင်ငူ၊ မကျီးပင်အင်းရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီက ရွာရှိ နေအိမ်များကို မီးရှို့

ဇွန်လ ၁၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ မကျီးပင်အင်းရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီက ဇွန်လ (၁၁)ရက်နေ့က ရွာအတွင်းဝင်ရောက်လာပြီး ဒေသခံပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးမှု လုပ်ဆောင်ခဲ့သည်ဟု တောင်ငူမြို့နယ်နေဒေသခံများက ပြောသည်။ ယမန်နေ့ နံနက်ပိုင်း ၈ နာရီဝန်းကျင်အချိန်တွင် အင်အား ၁၀၀ ကျော်ရှိသည့်...
Donate