KIC News
ကျုံဒိုး စစ်ရှောင်များကို မြို့ပေါ် ပြန်လာနေရန် ဖိအားပေးနေ
ဇွန် ၃၀၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တိုက်ပွဲများကြောင့် ကျုံဒိုးမြို့ပေါ်မှ ဂျိုင်းမြစ် တစ်ဖက်ကမ်း၊ ဖားအံမြို့နယ်အတွင်း စစ်ရှောင်နေသူများကို စစ်ကောင်စီအုပ်ချုပ်ရေးမှူးများနှင့် စည်ပင်ဝန်ထမ်းများက ပြန်လာနေရန် ဖိအားပေးခေါ်ယူနေသည်ဟု မြို့ခံ စစ်ရှောင်များက ပြောသည်။
ပြီးခဲ့သည့် ဧပြီလမှ ယခုဇွန်လကုန်ပိုင်းအထိ ကျုံဒိုးတွင်တိုက်ပွဲများဖြစ်ပွားနေပြီး လက်ရှိအချိန်ထိ လက်နက်ကြီး...
နှစ်ရက်အတွင်း သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်ဟု မိုးဇလထုတ်ပြန်
ဇွန်လ၂၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့တွင် နောက်လာမည့်(၂)ရက်အတွင်း သံလွင်မြစ်ရေသည် မြို့၏ စိုးရိမ်ရေမှတ်ထက် ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ယနေ့တွင်ထုတ်ပြန်လိုက်သည်။
ဖားအံမြို့တွင် ယနေ့မြန်မာစံတော်ချိန်(၁၂း၃၀)မိနစ် တိုင်းထွာချက်များအရ သံလွင်မြစ်ရေသည် မြို့၏ စိုးရိမ် ရေမှတ်အောက်(၂)ပေခွဲကျော်တွင် ရောက်ရှိနေသော်လည်း နောက်လာမည့်နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်သို့...
ညောင်တုန်းမြို့နယ် ကျေးရွာအချို့တွင် လုံခြုံရေးအကာအကွယ်ဖြင့် လောင်းကစားဝိုင်းများ ပေါ်ပေါ်ထင်ထင်ပြုလုပ်နေ
ဇွန် ၂၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်ရှိ ကျေးရွာအချို့တွင် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ အကာအကွယ်ပေးမှုဖြင့် လောင်းကစားဝိုင်းများကို ပေါ်ပေါ်ထင်ထင် ပြုလုပ်လာနေကြကြောင်း ညောင်းတုန်း ဒေသခံများက ပြောသည်။
ဒေသတွင်း အာဏာပိုင်များကို လိုင်းကြေးပေး၍ လက်နက်ကိုင်ရဲနှင့် စစ်သားများ၏ လုံခြုံရေး စောင့်ကြပ်မှုဖြင့် ဒေသတွင်းလောင်းကစားလုပ်ဆောင်သူများက...
ဖားအံတွင် မြို့ပတ်လိုင်းကားပြေးဆွဲမှု အစီအစဉ်လုပ်ဆောင်သော်လည်း စီးမည့်သူမရှိဖြစ်နေ
ဇွန်လ ၂၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် ဖားအံမြို့တွင် စစ်ကောင်စီက လိုင်စင်မဲ့ကား/ဆိုင်ကယ် ဆက်လက်ဖမ်းဆီးနေဆဲအချိန်တွင် မြို့ပြင်ပတ်လမ်းအတိုင်း ဈေးများသို့ သွားလာနိုင်ရန် လိုင်းကားလမ်းကြောင်း နှစ်ခု ဇွန်လ ၂၃ ရက်မှ စီစဉ်ပြေးဆွဲမည်ဟုကြေငြာပြီးစတင်လုပ်ဆောင်သော်လည်း စီးနင်းသွားလာမှုမရှိသလောက်နည်းပါးကြောင်း မြို့ခံများက ပြောသည်။
ထိုသို့ မြိုပြင်ပတ်လမ်းနှင့် ဈေးများသို့...
သိန်ခွန်းကျေးရွာတဝိုက် တကျော့ပြန်တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်
ဇွန်လ ၂၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ တနောသရီမြို့နယ်၊ သိန်ခွန်းကျေးရွာအနီးတဝိုက်တွင် စစ်ကြောင်းထိုး ဝင်ရောက် လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များကြား တကျော့ပြန် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလျက်ရှိနေကြောင်း ကေအဲန်ယူ မြိတ်-ထားဝယ်ခရိုင်က ဇွန်လ ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။
နံနက် ၈...
သံတောင်အထူးဒေသတော်လှန်ရေးတပ်ဖွဲ့ထံ စစ်မှုထမ်းမှထွက်ပြေးလာသူ ၃ ဦး လာရောက်ခိုလှုံ
ဇွန်လ ၂၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
သံတောင်မြောက်ပိုင်းအထူးဒေသကာကွယ်ရေးတပ်ဖွဲ့-NTDF ထံသို့ စစ်မှုထမ်းဆောင်ရန် တပ်သားစု ဆောင်းခံရမှုမှ ထွက်ပြေးလာသည်ဟုဆိုလာသူ စစ်ကောင်စီတပ်ဖွဲ့ဝင် အမျိုးသား(၃)ဦး ခိုလှုံလာကြောင်း NTDF သို့ နီးစပ်သည့်သတင်းအရင်းအမြစ်နှင့် ကေအဲန်ယူ တပ်မဟာ(၂)ဘက်မှ သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့တွင် ကရင်ပြည်နယ်၊...














