KIC News
မလေးရှားတွင် ကျင်းပသည့် မြန်မာ့အရေးအစည်းအဝေးသို့ K2C တက်ရောက်
ဩဂုတ် ၆ ရက်၊ ၂၀၂၅၊ ကေအိုင်စီ
အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ဩဂုတ်လ (၄) ရက်မှ (၇) ရက်နေ့အထိ ကျင်းပ နေသည့် မြန်မာ့အရေးသက်ဆိုင်သူများအားလုံးပါဝင်သော အစည်းအဝေး (Stakeholders Engagement Meeting on Myanmar – SEM) သို့...
စစ်ကောင်စီ၏ လူ့အခွင့်ရေးချိုးဖောက်ခံရ၍ ဇူလိုင်တွင် အမျိုးသမီး ၆၄ ဦး သေဆုံး
ဩဂုတ် ၆၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
အာဏာသိမ်း စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ဇူလိုင်လအတွင်း အမျိုးသမီး ၆၄ ဦး သေဆုံး ခဲ့သည်ဟု မြန်မာအမျိုးသမီးသမဂ္ဂ (BWU) က ထုတ်ပြန်လိုက်သည်။
ယခုလို အမျိုးသမီးများ သေဆုံးရခြင်း၏ အဓိက အကြောင်းအရင်းများမှာ စစ်ကောင်စီ၏...
“နော်ဆာမူး — တောထဲက ဖြူစင်ရိုးရှင်းသော ဆေးဆရာမ အိပ်မက်”
“နော်ဆာမူး — တောထဲက ဖြူစင်ရိုးရှင်းသော ဆေးဆရာမ အိပ်မက်”
နန်းဝေဖြိုးဇာ
(ဩဂုတ် ၆ ၊ ၂၀၂၅)
ရှေ့တန်းမှာ ဒဏ်ရာရလာတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးနဲ့ ငှက်ဖျားရောဂါ ခံစားနေရတဲ့ ရဲဘော် ၆ ယောက် အတွက် လူငယ်မိန်းကလေး ၄ ယောက်က တီးတိုးစကားပြောလျက်၊ ပြုံးလျက်၊ ထမင်းဟင်းချက်လို့ နေပါတယ်။
အခုမြင်ကွင်းက...
သထုံတွင် ဖမ်းဆီးခံရသည့် လူငယ် ၂၀ ကျော်ကို စစ်မှုထမ်းအဖြစ် ပို့ဆောင်ခံရ
သြဂုတ် ၆၊ ၂၀၂၅ ။ ကေအိုင်စီ
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအုပ်စု၊ ပုတိန်ရိုးရွာ၌ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့ စစ် (၂) ဦး ပစ်သတ်ခံရမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံထားရသူ လူငယ် (၂၀) ကျော်ကို စစ်မှုထမ်းသင် တန်းကျောင်းသို့ ပို့ဆောင်ထားကြောင်း ဒေသခံများက ကေအိုင်စီသို့...
သံတောင်ကြီး မြေပြိုမှုကြောင့် ဒေသခံ (၈) ဦး သေဆုံး၊ (၂) ဦးထက်မနည်း ပျောက်ဆုံးနေဆဲ
ဩဂုတ် ၆ ၊ ၂၀၂၅ ။ ကေအိုင်စီ
ကရင်ပြည်နယ်၊ တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ်အတွင်း မိုးကြီးရေလျှံပြီး မြေပြိုကျမှုများ ဖြစ်ပွားခဲ့ရာ မိသားစုလေးဦးပါဝင်သည့် ဒေသခံ (၈) ဦး သေဆုံးခဲ့ပြီး (၂) ဦးထက်မနည်း ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ဩဂုတ်လ ၅ ရက်ည ၉...














