Home Authors Posts by KIC News

KIC News

22007 POSTS 0 COMMENTS

ဂျွန်ဟော့ကင်း က KDHW ဌာနမှူးဟောင်း ပဒိုအယ်ကလူရွှေဦး နာမည်ဖြင့် ပါရဂူဘွဲ့ ပညာသင်ဆုထူထောင်

ဇူလိုင် ၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ကျမ်းမာရေးနှင့် ကယ်ဆယ်ရေးဌာန(KDHW) ဌာနမှူးဟောင်း ကွယ်လွန်သွားသူ ပဒိုအယ်ကလူရွှေဦးအမည်ဖြင့် အမေရိကန်ရှိ နာမည်ကျော်ဂျွန်ဟော့ကင်း တက္ကသိုလ်က ဘွဲ့လွန် ပါရဂူ ပညာသင်ဆု ထူထောင်လိုက်သည်ဟု အဆိုပါတက္ကသိုလ်က ထုတ်ပြန်လိုက်သည်။ ပဒိုအယ်ကလူရွှေဦးသည် ပဋိပက္ခဖြစ်ပွားသည့် ဒေသအတွင်းနေထိုင်သူများအတွက် မိုဘိုင်းကျန်းမာရေး ဝန်ဆောင်မှုကို စတင်နိုင်ခဲ့သလို...

တော်ဝင်ဂေဇက်က အစိုးရအဖွဲ့အပြောင်းအလဲစာရင်းထုတ်ပြန်ပြီး နာရီပိုင်းအတွင်း မစ္စပေတုံတန် ဝန်ကြီးချုပ်ရာထူးအဖြစ်မှ ဆိုင်းငံ့ခံရ

ဇူလိုင် ၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ထိုင်းတော်ဝင်ဂေဇက်က ထိုင်းအစိုးရအဖွဲ့အပြောင်းအလဲစာရင်းထုတ်ပြန်ပြီး နာရီပိုင်းအတွင်း မစ္စပေတုံတန်ကို အခြေခံဥပဒေခုံရုံးက ဝန်ကြီးချုပ်ရာထူးအဖြစ်မှ ဆိုင်းငံ့လိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ထိုင်းနိုင်ငံအခြေခံဥပဒေခုံရုံးက မစ္စပေတုံတန်ရှင်နာဝပ်ကို ဖယ်ရှားသော အမိန့်သည် ကမ္ဘောဒီး ယားဝန်ကြီး ဟောင်းနှင့်ပြောဆိုသော အသံဖိုင်ပေါက်ကြားမှုကို ရုံးတော်က လက်ခံစစ်ဆေးမည်ဟု သိရသည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်နှင့်...

မိုးဗြဲမြို့ အဓိကလမ်းမကြီးပေါ် လုံးဝ သွားလာခြင်းမပြုရန် မဟာမိတ်တပ်ပေါင်းစု ထုတ်ပြန်

ဇူလိုင် ၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့ အဓိက လမ်းမကြီးများပေါ် အများပြည်သူများ လုံးဝ သွားလာခြင်းမပြုရန် တော်လှန်ရေး မဟာမိတ် တပ်ပေါင်းစုက ဇွန် ၃၀ ရက်နေ့တွင် အရေးပေါ် သတင်းထုတ်ပြန် လိုက်သည်။ မိုးဗြဲမြို့အတွင်း နေရာအများစုသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားအလုံးအရင်းဖြင့်...

အာဏာသိမ်းကာလ လေးနှစ်ကျော်အတွင်း ဖမ်းဆီးခံရသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၃ သောင်းနီးပါးရှိလာ

ဇူလိုင် ၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစပြီး ၂၀၂၅ ခုနှစ်၊ ဇွန်လကုန်အထိ နိုင်ငံရေးတက်ကြွလှုပ်ရှားသဖြင့် စစ်ကောင်စီ၏ ဖမ်းဆီးခံခဲ့ရသူ ၂၉,၃၄၂ ဦးအထိ ရှိလာကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ယနေ့ ဇူလိုင်လ ၁...

ရေး အာယုတောင်ရှိ ခမရ-၃၄၃ စခန်းကုန်းကို ရေးဘီလူးအဖွဲ့ တိုက်ခိုက်သိမ်းပိုက်

ဇူလိုင် ၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင် ကျေးရွာရှိ စစ်ကောင်စီ၊ ခမရ-၃၄၃ စခန်းကုန်းတစ်ခုကို ရေးမြို့နယ် အခြေစိုက် ရေးဘီလူးအဖွဲ့က ယနေ့ ဇူလိုင် ၁ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက် လိုက်သည်ဟု အဖွဲ့ တာဝန်ရှိသူက အတည်ပြုပြောသည်။...

မယ်သမီထာ၌ မြိတ်-ထားဝယ်ခရိုင် သစ်ပင်စိုက်ပွဲ ကျင်းပ

ဇူလိုင် ၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်မျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်က ယခု ဇူလိုင်လတွင် ကျရောက်သည့် ၈ ကြိမ်မြောက် ကော်သူးလေ သစ်ပင်စိုက်ပွဲကို မယ်သမီထာ(ထီးထာ) ကျေးရွာ၌ ဇူလိုင် ၁ ရက်၊ ယနေ့ နံနက်ပိုင်း တွင် ပြုလုပ်ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားတွင် ကော်သူးလေသစ်ပင်စိုက်လ...

ထိုင်းဘုရင်မင်းမြတ် အတည်ပြုလိုက်သည့် အစိုးရအဖွဲ့တွင် မစ္စပေတုံတန် ဝန်ကြီးချုပ်အဖြစ် ဆက်ဦးဆောင်မည်

ဇူလိုင် ၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ထိုင်းဘုရင်မင်းမြတ် အတည်ပြုထုတ်ပြန်လိုက်သည့် အစိုးရအဖွဲ့ အပြောင်းအလဲ စာရင်း၌ လက်ရှိဝန်ကြီးချုပ် မစ္စပေတုံတန်က ဆက်ဦးဆောင်မည်ဖြစ်သည်ဟု ထိုင်းတော်ဝင်ဂေဇက်က ယနေ့နံနက်ပိုင်းတွင် သတင်းထုတ် ပြန်လိုက်သည်။ မစ္စပေတုံတန်ရှင်နာဝပ်သည် လက်ရှိ ရာထူးအပြင် ယဥ်ကျေးမှုဝန်ကြီးရာထူးကိုပါ ပူးတွဲကိုင်ဆောင်ရမည်ဟု တော်ဝင်ဂေဇက်က အတည်ပြုထုတ်ပြန်ထားသည်။ အဆိုပါ ထိုင်းအစိုးရ...

ထီးထာရှိ မူလမြေပိုင်ရှင်များ မိသားစု၊ ဆွေမျိုးများထံ လွှဲပေးနိုင်သော်လည်း ရောင်းချခွင့် မပြု

ဇူလိုင် ၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ(၄) ထီးခီးနယ်စပ် ကုန်သွယ်ရေး လမ်းပေါ် ထီးထာဒေသတွင် စစ်ကောင်စီ ကင်းစင်ပြီးနောက် ကေအဲန်ယူက မူလမြေပိုင်ရှင်များကို လွှဲပေးမည် အစီစဉ်တွင် မူလပိုင်ရှင်တို့က မိသားစု၊ ဆွေမျိုးများထံ ပြန်လွှဲပေးနိုင်သော်လည်း ရောင်းချခွင့်မပြုဟု ခရိုင် တာဝန်ရှိသူက...

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက်ကြီးတွင် ကလေးငယ် ၃ ဦးအပါအဝင် ဒေသခံ ၅ ဦးဒဏ်ရာရ

ဇွန်လ ၃၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် ဇွန်လ (၂၈) ရက်နေ့က စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၃ ဦးအပါအဝင် ဒေသခံ(၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူဗဟိုက ယနေ့ ထုတ်ပြန်ထားသည်။ စစ်ကောင်စီ၏ တောင်ငူလေတပ်မှ...

ဝန်ကြီးချုပ်ဖယ်ရှားရေး ဆန္ဒပြတောင်းဆိုမှု ထိုင်းနိုင်ငံအတွင်း တဖြည်းဖြည်းကျယ်ပြန့်လာ

ဇွန်လ ၃၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ဝန်ကြီးချုပ် ပေတုံတန်ရှင်နာဝပ်ကို ရာထူးမှ နုတ်ထွက်ရေး ဆန္ဒပြတောင်းဆိုမှုများ ထိုင်းနိုင်ငံအတွင်း တဖြည်းဖြည်းကျယ်ပြန့်လာနေသည်ဟု Bangkok Post သတင်းဌာနက ယနေ့ ဖော်ပြထားသည်။ အဆိုပါ လှုပ်ရှားမှုများကို ရှပ်နီ (Red Shirt) ခေါင်းဆောင်များက ဦးဆောင်နေခြင်းဖြစ်ပြီး...
Donate