Home Authors Posts by KIC News

KIC News

22007 POSTS 0 COMMENTS

ကျိုက်ထိုတွင် စစ်ကောင်စီ၏ နှစ်ရက်ဆက်တိုက်လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူပိုင် နေအိမ် များပျက်စီး

ဇွန်လ ၂၈ ရက်၊ ၂၀၂၅ ခုနှစ်။ကေအိုင်စီ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက နှစ်ရက်ဆက်တိုက် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု လုပ်ဆောင်သောကြောင့် ပြည်သူပိုင်နေအိမ်(၂)လုံး ထိခိုက်ပျက်စီးခဲ့ရကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများ၏ ပြောဆိုချက်များ အရ သိရသည်။ ပြီးခဲ့သည့် ဇွန်လ၂၆ ရက်နေ့တွင် ကျိုက်ထိုမြို့နယ်ရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်...

ညောင်တုန်းမြို့နယ်၊ ကျေးလက်ဒေသများတွင် ကလေးများသွေးလွန်တုပ်ကွေး အဖြစ်များနေ

ဇွန် ၂၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ် ကျေးလက်ဒေသများတွင် ကလေးငယ်အကြား သွေးလွန်တုပ်ကွေ အဖြစ်များနေပြီး အသက်အန္တရာယ် စိုးရိမ်ရသည့်အခြေအနေအထိရှိနေကြောင်း ညောင်တုန်း ဒေသခံများက ပြောသည်။ အဓိက အားဖြင့် အသက် ၁၀ နှစ်အောက် ကလေးငယ်များတွင် အဖြစ်များနေပြီး တစ်ရွာလျှင် အနည်းဆုံး...

မင်းဒပ်ရွာရှိ စစ်ကောင်စီစခန်းကို KNLA ပူးပေါင်းတပ်တိုက်ခိုက် ရွာကိုပြန်ထိန်းချုပ်

ဇွန် ၂၇၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မင်းဒပ်ရွာ ဘုန်းကြီး ကျောင်း၌ အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-KNLA တပ်ရင်း (၁၂)၊ တပ်ခွဲ (၂) နှင့် တော်လှန်ရေးပူးပေါင်းတပ်များက ဇွန် ၂၆ ရက်တွင်...

ပုလောရှိ ပျူစခန်းကို KNDO နှင့် မဟာမိတ်တပ်ဝင်စီး လက်နက်များ သိမ်းဆည်းရမိ

ဇွန် ၂၇၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ တပ်မဟာ-၄၊ မြိတ်-ထားဝယ်ခရိုင်၊ ပုလောမြို့နယ် ကျောက္ကာကျေးရွာ ရှိ စစ်ကောင်စီ ပျူစောထီးစခန်းကို ကရင်အမျိုးသားအကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း (၇)နှင့် ပြည်သူ့ကာ ကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း (၁)၊ မဟာမိတ် ပူးပေါင်းတပ်များက...

ဖူးခက်လေဆိပ်နှင့် ပသောင်ကမ်းခြေတွင် သံသယဖြစ်ဖွယ်ဖောက်ခွဲရေးပစ္စည်းများတွေ့ရှိပြီးရှင်းလင်းခဲ့

ဇွန်လ ၂၇ရက် ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံ၊ ဖူးခက်ခရိုင်/မြို့နယ်ရှိ ဖူးခက်လေဆိပ်နှင့် ပသောင်ကမ်းခြေများတွင် သံသယဖြစ်ဖွယ် ဖောက်ခွဲရေးပစ္စည်းများကို ထိုင်းအာဏာပိုင်များ ရှာဖွေပြီး ရှင်းလင်းနိုင်ခဲ့သည်ဟု Bangkok Post သတင်းဌာနတွင် ဖော်ပြထားသည်။ ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့)က ဖူးခက်နိုင်ငံတကာလေဆိပ်၏ ဂိတ်ပေါက်တစ်ခု၏အနီးတွင် လက်လုပ်မိုင်းနှင့်...
Donate