KIC News
ညောင်တုန်းမြို့နယ်တွင် ကရင်ကျောင်းသားလူငယ်များစုပေါင်းပြီး မိုးရာသီသစ်ပင်စိုက်ပျိုး
ဇူလိုင် ၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ညောင်တုန်းမြို့နယ်၊ ဘားလင်းဇီးဖြူကုန်းကျေးရွာ၊ ရတနာသီရိ (ဘက) မူလွန်ကျောင်းတွင် ယမန်နေ့က ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးဟော ပြောပွဲပြုလုပ်ပြီး ကရင်ကျောင်းသားကလေးငယ်များ စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ညောင်တုန်းမြို့နယ် ကရင်လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ ဦးဆောင်မှုဖြင့် ကျောင်းသား ကလေးငယ်များကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ...
စစ်ကောင်စီစစ်ကြောင်းထိုးလာ၍ လောင်းလုံးရှိ ကျေးရွာ(၁၀)ရွာမှ ဒေသခံများ တိမ်းရှောင်နေရ
ဇူလိုင်လ ၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် ကျေးရွာ(၁၀)ရွာထက်မနည်းမှ ဒေသခံများ ဘေးလွတ် ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း လောင်းလုံးမြို့နယ် ဒေသခံတာဝန်ရှိသူများ၏ ပြောဆိုချက်များအရ သိရသည်။
လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဇူလိုင်လ(၁)ရက်နေ့တွင် စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် စခန်းကြီးကျေးရွာအုပ်စုနှင့်...
တီမောလက်စ်တေနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ် သတ်မှတ်မည့်အစီအစဉ် ဆိုင်းငံ့ထားရန် စစ်ကောင်စီ တောင်းဆို
ဇူလိုင် ၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တီမောလက်စ်တေနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ် သတ်မှတ်မည့်အစီအစဉ်အား ဆိုင်းငံ့ ထားရန် မြန်မာစစ်ကောင်စီက မလေးရှားနိုင်ငံကို ကန့်ကွက်အကြောင်းကြားထားသည်ဟု Thai PBS World သတင်းတွင် ဖော်ပြထားသည်။
လာမည့်အောက်တိုဘာလအတွင်း အာဆီယံအဖွဲ့ဝင်ဖြစ်လာမည့် တီမောလက်စ်တေနိုင်ငံသည် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရဟူသော မူဘောင်များကို...














