KIC News
အာရှဟိုင်းဝေးလမ်းကြောင့် ဆုံးရှုံးမြေယာတဧက ကျပ်သိန်း ၂ဝ လျော်ကြေးငွေပြန်ရမည်
ဖေဖော်ဝါရီ ၁၃ရက်၊ ၂၀၁၄ခုနှစ်။ စောညွှန့်သောင်း
ကရင်ပြည်နယ်အတွင်း မြဝတီမှ ကော့ကရိတ်သို့ ဖြတ်သန်းဖောက်လုပ်နေသော အာရှအဝေးပြေးကားလမ်း စီမံကိန်းကြောင့် ပျက်စီးဆုံးရှုံးသွားရသည့် ဒေသခံများ၏ အိမ်ခြံ၊ ဥယျာဉ်မြေနှင့် လယ်ယာမြေများအတွက် တစ်ဧကလျှင် လျော်ကြေးငွေကျပ် သိန်း ၂ဝကို အစိုးရနှင့် ကုမ္ပဏီတို့က ပေးသွားမည်ဟု သိရသည်။
ထိုကိစ္စနှင့်ပတ်သက်၍ ယမန်နေ့က ကော့ကရိတ်မြို့...
ပြည်ထောင်စုနေ့တွင် ပြုလုပ်သည့် ‘ကရင့်ဒိုင်ယာရီ’ ကရင်ပန်းချီပြပွဲ ဖားအံလူထု စိတ်ဝင်စား
ဖေဖော်ဝါရီ ၁၃ရက်၊ ၂၀၁၄ခုနှစ်။ စောညွှန့်သောင်း
ကရင်ပြည်နယ်၊ ဖားအံမြို့ သုမေဓာရာမ ကြားတောရဘုန်းကြီးကျောင်း၌ ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံရှိ ကရင်ပန်းချီပညာရှင်ပေါင်း ၅ဝဦးတို့က ယမန်နေ့ကစ၍ ‘ကရင်ဒိုင်ယာရီ’ခေါင်းစဉ်ဖြင့် ပန်းချီပြပွဲတစ်ရပ်ကို ပြုလုပ်ကျင်းပရာ လူထုစိတ်ဝင်စားမှုရရှိသည်ဟု ပန်းချီပြပွဲတွင် ပါဝင်သူ ကရင်လူငယ်ပန်းချီဆရာ စောမိုးစက်က ကေအိုင်စီသို့ ပြောဆိုသည်။
“အခုဒီပန်းချီပြပွဲကို...
လူထုဦးဆောင်သည့် ကရင်အမျိုးသားနေ့ ကြာအင်းဆိပ်ကြီးနယ်ဘက်တွင် ကျင်းပနိုင်ခဲ့
ဖေဖော်ဝါရီလ ၁၃ရက်၊ ၂၀၁၄ခုနှစ်။ စဖန်းရှောင်း
ဖေဖော်ဝါရီလ ၁၁ရက်နေ့တွင် ကျရောက်သော ၆၆နှစ်မြောက် ကရင်အမျိုးသားနေ့ကို ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကရင်အမျိုး သားအစည်းအရုံး(ကေအဲန်ယူ) ထိန်းချုပ်နယ်မြေ (ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်) ဘဲလမုကျေးရွာ၌ ကရင်ပြည်သူလူထုက ပထမဆုံးအကြိမ် ဦးဆောင်ကျင်းပနိုင်ခဲ့သည်ဟု သိရသည်။
“အရင်နှစ်တွေတုန်းကတော့ အခြားဒေသတွေမှာ အနည်းအကျဉ်း သဘောမျိုးပဲ ကျင်းပနိုင်ခဲ့တယ်။ ဒီနှစ်ကျတော့...
ကရင်ပြည်နယ်မှ ပညာရေးဝန်ထမ်း ၁၅ဦး သန်းခေါင်စာရင်းအထူးနည်းပြသင်တန်းတက်မည်
ဖေဖော်ဝါရီ ၁၃ရက်၊ ၂၀၁၄ခုနှစ်။ နန်းချောင်ဖော့
ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနသာင်္ရီတိုင်းဒေသကြီးများအတွက် မော်လမြိုင်မြို့တွင် ပြုလုပ်မည့် သန်းခေါင်စာရင်း အထူး နည်းပြသင်တန်းကို ကရင်ပြည်နယ်မှ ပညာရေးဝန်ထမ်း ၁၅ဦး တက်ရောက်ရမည်ဖြစ်ကြောင်း ကရင်ပြည်နယ် လူဝင်မှုကြီးကြပ် ရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးစောတင့်လွင်က ကေအိုင်စီသို့ ပြောသည်။
“မော်လမြိုင်မှာ သွားတက်ရမယ့် အထူးနည်းပြသင်တန်းက...
ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် နယ်စပ်ဒေသအခြေစိုက် CBO အဖွဲ့များနှင့်တွေ့ဆုံခဲ့
ဖေဖော်ဝါရီ ၁၃ရက်၊ ၂၀၁၄ခုနှစ်။ စအိုင်စူး
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာသောမတ်စ်အိုဟေးကင်တားနားသည် ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် လူထုအခြေပြုအဖွဲ့အစည်း(CBO)များနှင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ကွင်းပဲလေ့စ်(Queen Palace) ဟိုတယ် တွင် ဖေဖော်ဝါရီလ ၁ဝရက်နေ့က သုံးနာရီကြာ တွေ့ဆုံခဲ့ကြောင်း သိရသည်။
မစ္စတာကင်တားနားသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ...
ကရင်အမျိုးသားနေ့ ကြွေးကြော်သံကို အမှတ်ရကြရန် ကေအဲန်ယူ ဒုဥက္ကဌ တိုက်တွန်း
ဖေဖော်ဝါရီ ၁၂ရက်၊ ၂၀၁၄ခုနှစ်။ နန်းထူးထူးစံ
ကရင်အမျိုးသားများအနေဖြင့် ၁၉၄၈ခုနှစ်၊ ဖေဖော်ဝါရီ ၁၁နေ့က ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြသည့် ကရင်တမျိုးသားလုံး၏ လိုလားချက် ၄ချက်ကို အမှတ်ရကြရန် ယမန်နေ့က ကျရောက်သော ၆၆နှစ်မြောက် ကရင်အမျိုးသားနေ့ကို ကရင်အမျိုးသား အစည်းအရုံး(ကေအဲန်ယူ) ဒုဥက္ကဌ ပဒိုနော်စီဖိုးရာစိန်က တိုက်တွန်းပြောကြားလိုက်သည်။
ယမန်နေ့က ကျရောက်သည့် ကရင်အမျိုးသားနေ့ကို...
KNU ရဲတပ်ဖွဲ့ဝင်များ ဥပဒေရေးရာနှင့် မှုခင်းဆိုင်ရာ စုံစမ်းစစ်ဆေးရေး ရက်တိုသင်တန်းဖွင့်လှစ်
ဖေဖော်ဝါရီ ၁၁ရက်၊ ၂၀၁၄ခုနှစ်။ စဖန်းရှောင်း
ကရင်အမျိုးသားအစည်းအရုံး(KNU) ပြည်ထဲရေးနှင့် သာသနာရေးဌာနမှ ဦးစီးပြီး ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF)အတွက် ဥပဒေရေးရာနှင့် မှုခင်းဆိုင်ရာ စုံစမ်းစစ်ဆေးရေး ရက်တိုသင်တန်းတစ်ခုကို ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ ကေအဲန်ယူထိန်း ချုပ်ရာ လေးဝါးစခန်းတွင် ဖေဖော်ဝါရီလ ၁ဝရက်မှ ၂၁ရက်နေ့အထိ သင်တန်းပို့ချပေးလျက်ရှိသည်။
၎င်းရက်တိုသင်တန်း၌ ကရင်အသိုင်းအဝိုင်းအတွင်း တရားဥပဒေစိုးမိုးရေးအတွက်...
DKBA ခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောလားပွယ် ဆေးကုသမှု လေးကြိမ်ပြုလုပ်ရန် လိုအပ်
ဖေဖော်ဝါရီ ၁ဝရက်၊ ၂၀၁၄ခုနှစ်။ စဖန်းရှောင်း
လည်ချောင်းရောဂါဝေဒနာကြောင့် စကင်္ာပူနိုင်ငံသို့ သွားရောက်ဆေးကုသမှုခံယူလျက်ရှိသော ဒီမိုကရေစီအကျိုးပြုကရင့်တပ်မ တော် (DKBA)၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောလားပွယ်၏ ကျန်းမာရေးအခြေအနေမှာ ပြန်လည်ကောင်းမွန်လာလျက်ရှိပြီး ဆေးကုသမှုလေးကြိမ် ခံယူရမည်ဖြစ်ကြောင်း သိရသည်။
DKBA ဗျူဟာမှူး ဗိုလ်မှူးကြီးစောဆန်းအောင်က “ဆရာဝန်တွေရဲ့ ပြောပြချက်အရ ပြန်ကြားရတာ ၇၅ရာခိုင်နှုန်းလောက် ပြန် ကောင်းလာတယ်လို့ပြောတယ်။...
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအပေါ် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ခေါင်းဆောင်များ၏
အမြင်သဘောထား (၂)
ဗိုလ်မှူးချုပ်ရင်နု (စစ်ဖက်ဆိုင်ရာ ထိပ်တန်းကော်မတီဝင် - KNU/KNLA ငြိမ်းချမ်းရေးကောင်စီ)
ကျနော်တို့ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA - PC ရဲ့ သဘောထားကတော့ အပစ်အခတ်ရပ်စဲရေးကို လိုလားတယ်။ အဲဒီ ကနေမှတစ်ဆင့် ကျနော်တို့ နိုင်ငံတော် ငြိမ်းချမ်းသာယာဖို့အတွက် နိုင်ငံရေးဆွေးနွေးပွဲကို တက်လှမ်းသွားမယ်။ ကျနော်တို့ ကရင်အမျိုးသားတစ်ခုတည်းအတွက်...
ဂေဘားမျိုးနွယ်စုကို ကရင်လူမျိုးစုတွင် ပြန်လည်ထည့်သွင်းရန် တောင်းဆို
ဖေဖော်ဝါရီ ၁ဝရက်၊ ၂၀၁၄ခုနှစ်။ စောထွန်းလင်း၊ နန်းဝေဖြိုးဇာ
တိုင်းရင်းသားမျိုးနွယ်စု သတ်မှတ်ခေါ်ဝေါ်ရာတွင် ဂေဘားမျိုးနွယ်စုကို ကယားလူမျိုးစုစာရင်းတွင် ထည့်သွင်းထားခြင်းမှ ကရင် လူမျိုးစုစာရင်းတွင် မှန်ကန်စွာ ပြန်လည်ထည့်သွင်းဖော်ပြပေးရန် ဂေဘားမျိုးနွယ်စုများက ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့နယ်ခွဲ မြသာကုန်းကျေးရွာရှိ ဝေထူးနှစ်ခြင်းအသင်းတော်ခမ်းမတွင် ဖေဖော်ဝါရီလ ၇ရက်နေ့က တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး သဘောထားထုတ်ပြန်...













