Home သတင်း ပြည်တွင်းဒီမိုအင်အားစုများနှင့် UNFC တို့ သ‌ဘောထားတူညီမှု ၆ချက် ထုတ်ပြန်

ပြည်တွင်းဒီမိုအင်အားစုများနှင့် UNFC တို့ သ‌ဘောထားတူညီမှု ၆ချက် ထုတ်ပြန်

1472

ဇူလိုင် ၅ရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

ညီညွတ်‌သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ(UNFC) နှင့် ပြည်တွင်းဒီမိုက‌ရေစီ အင်အားစု ၅ဖွဲ့မှ ကိုယ်စားလှယ် များသည် ဇူလိုင် ၃ရက်မှ ၄ရက်‌နေ့အထိ ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့တွင် ‌ဆွေး‌နွေးပွဲတစ်ရပ် ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ၏ ဒီမိုက‌ရေစီအ‌ရေးနှင့် ပတ်သက်၍ ‌ရှေ့ဆက်လုပ်‌ဆောင်သွားရန် အချက် ၆ချက်ပါ သ‌ဘောတူညီချက်ကို ယမန်‌နေ့က ထုတ်ပြန်ခဲ့ သည်။

၎င်းထုတ်ပြန်ချက်ထဲတွင် မကြာမီ ‌တွေ့ဆုံမည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ အစည်းအ‌ဝေးကို ‌ထောက်ခံ‌ကြောင်း၊ ယင်းအစည်းအ‌ဝေးတွင် တိကျသည့် ဆုံးဖြတ်ချက်ထွက်‌ပေါ်လာရန် ‌မျှော်လင့်‌ကြောင်း၊ တိုင်းရင်းသား‌ခေါင်း‌ဆောင်များ ညီညွှတ် မှုကို အ‌ခြေခံပြီး တစ်ပြည်လုံး အပစ်ရပ်‌ရေး ဆုံးဖြတ်ကြရန် အကြံပြု‌ကြောင်း၊ အားလုံးပါဝင်သည့် ပြည်‌ထောင်စုညီလာခံတစ်ရပ် ကျင်းပရန်၊ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်‌ရေးနှင့်အတူ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်‌ထောင်စု ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ ‌ပေါ်‌ပေါက်‌ရေး အတွက် ကြိုးပမ်းသွားရန်နှင့် ‌ရှေ့ဆက် နိုင်ငံ‌ရေးဖြစ်စဉ်များတွင် ပူး‌ပေါင်း‌ဆောင်ရွက်သွားကြရန်တို့ ‌ဖော်ပြထားသည်။

UNFC ‌ပြော‌ရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးခွန်ဥက္ကာက “အစကတည်းက ကျ‌နော်တို့ လက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်း‌တွေနဲ့ အစိုးရ‌ဆွေး‌နွေးတဲ့အခါမှာ ကျ‌နော်တို့ချည်းပဲ လုပ်လို့ မရဘူး။ ကျ‌နော်တို့ ရပ်တည်ချက်၊ စဉ်းစားချက်‌တွေကို အခြားအင်အားစု ‌တွေ လက်ခံသ‌ဘော‌ပေါက်ဖို့ လည်း လိုပါတယ်။ ဒီ‌တွေ့ဆုံက‌နေရတဲ့ ရလဒ်‌တွေ အများကြီး အကျိုးရှိပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။
DSC05065
၎င်းအပြင် ၎င်း‌တွေ့ဆုံပွဲတွင် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များ၌ ပြည်သူလူထုပါဝင်မှုကို ပိုမို မြှင့်တင်‌ဆောင်ရွက်သွားရန်နှင့် လွှတ် ‌တော်အတွင်းနှင့် လွှတ်‌တော်ပြင်ပ ဆက်စပ်‌ဆောင်ရွက်သွားရန် စသည့်အချက်များကိုလည်း ‌ဆွေး‌နွေးခဲ့ကြသည်ဟု သိရသည်။

‌ဆွေး‌နွေးပွဲတက်‌ရောက်သည့် မျိုးဆက် ငြိမ်းချမ်း‌ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ဦးကိုကိုကြီးက “အခုလို ‌တွေ့ဆုံမှုဟာ ပြည်တွင်းဒီမိုက‌ရေစီအင်အားစုအားလုံးလို့ ‌ပြောနိုင်တဲ့ အ‌ခြေအ‌နေ မရှိ‌သေးပါဘူး။ ဒါ‌ကြောင့် ဒီလို‌တွေ့ ဆုံမှု‌တွေက‌နေတဆင့် အ‌ကြောင်းပြုပြီး ဒီထက်ကျယ်ပြန့်တဲ့ ‌တွေ့ဆုံမှုမျိုးအတွက်ကို ကျ‌နော်တို့ ရည်ရွယ်ပါတယ်”ဟု‌ပြောသည်။

‌ဆွေး‌နွေးပွဲတွင် UNFC ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ၊ ဒုဥက္ကဌ(၂) ပဒို‌စော‌ဒေးဗစ်သက‌ဘော၊ ပဒိုမန်းမန်းမန်း၊ ၈၈ ငြိမ်းချမ်း‌ရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီး၊ ကို‌ဌေးကြွယ်၊ ၁၉၉ဝ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ်များအဖွဲ့မှ ဦး‌ဒေးဗစ်လှမြင့်၊ ‌ဒေါက်တာကြည်မင်း၊ ဦးပီတာလင်းပင်၊ အမျိုးသား ဒီမိုက‌ရေစီအဖွဲ့ချုပ် တိုင်းရင်းသား‌ရေးရာ‌ကော်မတီ၊ NLD(LA)၊ ညီညွတ်‌သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့(UNA) ကိုယ်စားလှယ်များအဖြစ် ဦးစိုင်းညွန့်လွင်၊ ရှစ်‌လေးလုံး‌ငွေရတုဆုံးဖြတ်ချက်များ ‌ဖော်‌ဆောင်‌ရေး ဦး‌ဆောင်‌ကော်မတီမှ ကိုမြင့်‌အောင်၊ ကိုသန့်ဇင်၊ ဦးညီပု၊ ကိုမျိုးထိုက်၊ တသီးပုဂ္ဂလအဖြစ် ‌နော်အုန်းလှ အပါအ ဝင် စုစု‌ပေါင်း ၄၂ဦး တက်‌ရောက်‌ဆွေး‌နွေးခဲ့ကြသည်။

UNFC ၏ ဖိတ်ကြားမှုဖြင့် ပြည်တွင်း ဒီမိုက‌ရေစီအင်အားစုအချို့သည် ယခုလို ထိုင်း-မြန်မာနယ်စပ်အထိ လာ‌ရောက်‌ဆွေး‌နွေး ခြင်းမှာ ပထမဦးဆုံးအကြိမ်ဖြစ်ပြီး ‌ရှေ့ဆက် အလားတူ ‌တွေ့ဆုံ‌ဆွေး‌နွေးနိုင်ရန်လည်း ကြိုးပမ်းသွားကြမည်ဟု သိရသည်။