KIC News
ညောင်လေးပင်၌ စကောကရင်စာ အတန်းတင်စာမေးပွဲ မတ် ၁ရက်နေ့ စစ်ဆေးမည်
ဖေဖေါ်ဝါရီ ၁၉ရက်၊ ၂၀၁၄ခုနှစ်။ စောထွန်းလင်း
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်ရှိ စာသင်ကျောင်း ၂၆ကျောင်းတွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်၏ စကောကရင်ဘာ သာရပ် အတန်းတင်စာမေးပွဲကို မတ်လ ၁ရက်နေ့၌ တစ်ပြိုင်နက် စစ်ဆေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဆရာမကြီး နော်ချစ်မေက ကေအိုင်စီသို့ ပြောသည်။
ယခုအချိန်တွင် စကောကရင်ဘာသာရပ် မေးခွန်းပုံစံ ပြုစုလျှက်ရှိပြီး...
ပူးပေါင်းလုပ်ဆောင်မှု အားကောင်းရန် ကရင်လူထုအခြေပြုအဖွဲ့များ ဆွေးနွေးခဲ့
ဖေဖော်ဝါရီ ၁၈ရက်၊ ၂၀၁၄ခုနှစ်။ စောခါးစူးညား
ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ကရင်လူထုအခြေပြုအဖွဲ့အစည်း(KCBO)များက ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းများ ပိုမို အားကောင်းလာရန် ရည်ရွယ်၍ ဖေဖော်ဝါရီ ၁၇ရက်(ယမန်နေ့)က ထိုင်း-မြန်မာနယ်စပ်တွင် တစ်ရက်တာ အစည်းအဝေး ပြု လုပ်ခဲ့ပြီး ရည်ရွယ်ချက်(၄)ချက် ချမှတ်ခဲ့ကြသည်။
၎င်းဆုံးဖြတ်ချက်များထဲတွင် KCBO အဖွဲ့များအကြား ပူးပေါင်းဆက်သွယ်မှု အားကောင်းစေရန်၊...
သံလွင်မြစ် ရေကာတာစီမံကိန်းများ ရပ်တန့်ရန် KRW မှ လက်မှတ်တစ်သိန်းကျော် ကောက်ခံနေ
ဖေဖေါ်ဝါရီ ၁၈ရက်၊ ၂၀၁၄ခုနှစ်။ စောထွန်းလင်း
သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာစီမံကိန်းများ ရပ်တန့်ရေးအတွက် ပြည်တွင်း၌ အများပြည်သူ၏ သဘောတူ လက်မှတ်တစ်သိန်းကျော်ကို ဖေဖေါ်ဝါရီလဆန်းပိုင်းမှစ၍ မတ်လ ၁၄ရက်အထိ ကောက်ခံလျှက်ရှိသည်ဟု ကရင်မြစ်ချောင်း များစောင့်ကြည့်ရေးအဖွဲ့(KRW)က ပြောသည်။
ယင်းသို့ကောက်ခံရရှိသည့် လက်မှတ်များကို အသုံးပြု၍ မြန်မာ၊ တရုတ်နှင့် ထိုင်းကုမ္ပဏီများ၊ စီမံကိန်းအတွက်...
နော်ဝေးနိုင်ငံ ကရင်လူမှုအဖွဲ့အစည်းများကို KPP သွားရောက်တွေ့ဆုံမည်
ဖေဖော်ဝါရီ ၁၈ရက်၊ ၂၀၁၄ခုနှစ်။ စဖန်းရှောင်း
ကရင်ပြည်သူ့ပါတီ(KPP)၏ ပါတီလူငယ်ဥက္ကဌ စောဝင်းကျော်က ပထမဆုံးခရီးစဉ်အဖြစ် ဖေဖော်ဝါရီလ ၁၉ရက်နေ့တွင် နော်ဝေး နိုင်ငံသို့ သွားရောက်ရန်ရှိပြီး ခရီးစဉ်အတွင်း နော်ဝေးနိုင်ငံ အခြေစိုက် ကရင်လူ့အဖွဲ့အစည်း(CBO)များနှင့် တွေ့ဆုံမည်ဖြစ် ကြောင်း သိရသည်။
၎င်းခရီးစဉ်တွင် နော်ဝေးနိုင်ငံရှိ ကရင်များနှင့်တွေ့ဆုံသည့်အခါ ကရင်ပြည်သူ့ပါတီ၏ လုပ်ငန်းလမ်းစဉ်များနှင့်ပတ်သက်ပြီး ချပြ...
မယ်ရာမိုနှင့် မယ်လအူးစခန်းများတွင် MFLF က ဒုက္ခသည်များထံမှ စစ်တမ်းကောက်ယူနေ
ဖေဖော်ဝါရီ ၁၇ရက်၊ ၂၀၁၄ခုနှစ်။ စောခါးစူးညား
ထိုင်းဘုရင်မျိုးနွယ်နှင့်သက်ဆိုင်သော ထောက်ပံ့မှုအဖွဲ့အစည်းဖြစ်သည့် Mae Fah Laung foundation-MFLF (မက်ဖါးလွန်)သည် ထိုင်း-မြန် မာနယ်စပ် မယ်ဟောင်ဆောင်အတွင်းရှိ မယ်ရာမိုနှင့် မယ်လအူးဒုက္ခသည်စခန်းများတွင် ဒုက္ခသည်များ နေရပ်ပြန်လည် အခြေချရေးဆိုင်ရာ စစ်တမ်းကောက် ယူမှုကို ဖေဖော်ဝါရီ ၃ရက်နေ့မှစ၍ ပြုလုပ်လျှက်ရှိသည်။
အဆိုပါဒုက္ခသည်စခန်းနှစ်ခုမှ...
အိုးအိမ်မဲ့ သမီးကလေးကျေးရွာသားများအား ဒီကေဘီအေနယ်မြေတွင် လက်ခံနိုင်ဟုဆို
ဖေဖော်ဝါရီ ၁၅ရက်၊ ၂၀၁၄ခုနှစ်။ စဖန်းရှောင်း
ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(ဒီကေဘီအေ)က ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်အတွင်းရှိ ဖျက်ဆီးခံခဲ့ရသော သမီး ကလေးကျေးရွာမှ ဒုက္ခရောက်နေသူများအား မြဝတီခရိုင်အတွင်းရှိ ဒီကေဘီအေနယ်မြေအတွင်း နေထိုင်လိုသူများကို လက်ခံခွင့်ပြုသွားမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးစောဆန်းအောင်က ပြောသည်။
ဗိုလ်မှူးကြီးစောဆန်းအောင် ဦးဆောင်သော ကလို့ထူးဘော ဒီကေဘီအေအဖွဲ့သည် ဖေဖော်ဝါရီလ ၁၅ရက်မနက်ပိုင်းက သမီး ကလေးကျေးရွာသို့ သွားရောက်ခဲ့ပြီး...
ဧရာဝတီတိုင်း သန်းခေါင်စာရင်းတွင် ပိုးနှင့်စကောကရင် နှစ်မျိုးတည်းသာ ထည့်သွင်းရန် ဆုံးဖြတ်
ဖေဖေါ်ဝါရီ ၁၅ရက်၊ ၂၀၁၄ခုနှစ်။ နန်းဝေဖြိုးဇာ
ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရာတွင် ကရင်လူမျိုးများအတွက် ပိုးနှင့် စကော ကရင် နှစ်မျိုးတည်းသာ ထည့်သွင်းရန် ဆုံးဖြတ်ထားကြောင်း ကရင်အမျိုးသားငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ (KUPC) ဝင် နန့်ခင်အေးဦးက ပြောကြားသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ရက်နေ့က ပုသိမ်မြို့၊...
ပဒိုမန်းရှာလားဖန်း အောက်မေ့ဖွယ်ဆုတောင်းပွဲ ရန်ကုန်တွင် ပထမဦးဆုံးအကြိမ် ကျင်းပ
ဖေဖေါ်ဝါရီ ၁၄ရက်၊ ၂၀၁၄ခုနှစ်။ စောထွန်းလင်း
ယနေ့ ဖေဖေါ်ဝါရီ၁၄ရက်နေ့တွင် ကျရောက်သော ကရင်အမျိုးသားအစည်းအရုံး(KNU)၏ အထွေထွေ အတွင်းရေးမှူးချုပ် ဟောင်း ပဒိုမန်းရှာလားဖန်း လုပ်ကြံခံရခြင်း (၆)နှစ်ပြည့် အောက်မေ့ဖွယ်ဆုတောင်းပွဲတစ်ရပ်ကို ကရင်လူငယ်များစုစည်း၍ ရန်ကုန်မြို့၊ သမိုင်းလမ်းဆုံအနီးတွင် ပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပခဲ့သည်။
အဆိုပါဆုတောင်းပွဲတွင် ကရင်အမျိုးသား ခေါင်းဆောင်ကြီးများအကြောင်းနှင့် ပတ်သက်၍ ကရင်လူငယ်များသိရှိပြီး လေးစား...
ကျုံဒိုးမီးပုံပွဲတော်တွင် မျိုးဆက်သစ်ကရင်လူငယ်များနှင့် ယခင်နှစ်ထက် ပိုမိုစည်ကား
ဖေဖော်ဝါရီ ၁၄ရက်၊ ၂၀၁၄ခုနှစ်။ စောညွှန့်သောင်း
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့တွင် နှစ်စဉ် ကျင်းပလျှက်ရှိသော ကရင်ရိုးရာမီးပုံပွဲတော်ကို (၁၈၈)ကြိမ်မြောက်အဖြစ် ယခုနှစ်၊ ဖေဖော် ဝါရီ ၁၂ရက်မှစ၍ ကျင်းပခဲ့ရာ မျိုးဆက်သစ်ကရင်လူငယ်များ ပါဝင်မှုပိုမိုများလာသဖြင့် ယခင်နှစ်များကထက် ပိုမိုစည်ကားလာ သည်ဟု ပွဲဆင်နွဲသူများက ပြောသည်။
ဖေဖော်ဝါရီလ ၁၅ရက်နေ့အထိ လေးရက်ကြာ ကျင်းပသည့်...
ကေအဲန်ယူနှင့် ကျေးရွာဥက္ကဌများ သန်းခေါင်စာရင်းကိစ္စ ဆွေးနွေးခဲ့
ဖေဖေါ်ဝါရီ ၁၄ရက်၊ ၂၀၁၄ခုနှစ်။ နန်းချောင်ဖော့
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)သည် သန်းခေါင်းစာရင်းကောက်ယူရှေးနှင့် ပတ်သက်၍ ကရင်ပြည်နယ်၊ ကော့က ရိတ်မြို့နယ်ရှိ ကျေးရွာဥက္ကဌများနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရုံး၌ ဖေဖေါ်ဝါရီ ၁ဝရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း ကေအဲန်ယူ ကော့ကရိတ်မြို့နယ် ဥက္ကဌ ပဒိုစောမောထူးက ကေအိုင်စီသို့ ပြောသည်။
“ကျနော်တို့က ကျေးရွာလူကြီးတွေကိုခေါ်ပြီးတော့ ဒီသန်းခေါင်စာရင်း မေးခွန်းမေးတဲ့အခါမှာ...














