Home သတင်း ငြိမ်းချမ်း‌ရေးဖြစ်စဉ် မ‌ပြောဆိုရန် လူမှုအဖွဲ့အစည်းအချို့ သတိ‌ပေးခံရ

ငြိမ်းချမ်း‌ရေးဖြစ်စဉ် မ‌ပြောဆိုရန် လူမှုအဖွဲ့အစည်းအချို့ သတိ‌ပေးခံရ

1278

ဇူလိုင် ၈ရက်၊ ၂၀၁၄ ခုနှစ်။ နန်း‌ချောင်‌ဖော့

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ သံလွင်အ‌နောက်ခြမ်းရှိ ဝင်းဒရယ်‌ကျေးရွာအုပ်စု၌ ဇူလိုင် ၆ရက်‌နေ့က ပြုလုပ်သည့် လူမှုအဖွဲ့အစည်း ‌တွေ့ဆုံပွဲတစ်ခုအတွင်း ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် လူထုပါဝင်မှုအခန်းကဏ္ဍနှင့် ပတ်သက်၍ ‌ပြောဆိုခြင်းမပြုရန် ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးက သတိ‌ပေး‌ပြောဆိုခဲ့‌ကြောင်း သိရသည်။

ကရင်ပြည်နယ်အ‌ခြေစိုက် လူမှုအဖွဲ့အစည်းများ ဖြစ်ကြ‌သော ကမ္ဘာ့ကုလသမဂ္ဂဖွံ့ဖြိုး‌ရေး အစီအစဉ် (UNDP)၊ ငြိမ်း‌ဖောင်‌ဒေးရှင်း၊ လူငယ်အဖွဲ့ဝင်များနှင့် သံလွင်အ‌နောက်ခြမ်းရှိ ဝင်းဒရယ်၊ ကြာအင်းကြီးရွာ၊ ပျဉ်းကတုံး ကုန်း၊ ရွာသစ်ကုန်း၊ ‌ကော့ရင်း‌အောက်ရွာ အပါအဝင် ‌ကျေးရွာ‌ပေါင်း (၈)ရွာတို့ရှိ ‌ကျေးရွာလူမှု အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၂၄ ဦး တက်‌ရောက်သည့် ယင်း‌တွေ့ဆုံပွဲတွင် ဝင်းဒရယ်‌ကျေးရွာ အုပ်ချုပ်‌ရေးမှူး ‌စော‌မောင်အယ်က ထိုသို့ ‌ပြောဆိုခဲ့ခြင်း ဖြစ်သည်။

‌တွေ့ဆုံပွဲဖြစ်‌မြောက်‌ရေး စီစဉ်သည့် UNDP အဖွဲ့ဝင်တစ်ဦးဖြစ်သူ ‌စော‌အောင်‌ကျော်ဦးက “ကျ‌နော်တို့က ‌မွေးမြူ‌ရေးနှင့် ကုသ‌ရေးဦးစီးဌာန (UNDP) က‌နေပြီး ‌ခြောက်လတစ်ကြိမ် အစည်းအ‌ဝေးလုပ်တယ်။ ဒီငြိမ်းချမ်း‌ရေး ဖြစ်စဉ်နဲ့ပတ်သက်ပြီး လုပ်မယ်ဆိုတာ သူတို့(‌ကျေးရွာအုပ်ချုပ်‌ရေးမှူး)ကို ကြိုတင်အ‌ကြောင်း မကြားလို့တဲ့။ တစ်ရွာတည်းဆိုရင် ကျ‌နော်တို့ လုပ်လို့ ရတာ‌ပေါ့‌နော်။ အခုက တခြားရွာ‌တွေပါလို့ ‌ပြောခွင့် မ‌ပေးဘူးတဲ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ငြိမ်းချမ်‌ရေးဖြစ်စဉ်‌ဟော‌ပြောပွဲနှင့် ပတ်သက်၍ ‌ဆွေး‌နွေး‌ပြောဆိုမှုများ ပြုလုပ်မည်ဆိုပါက အုပ်ချုပ်‌ရေးမှူး နှင့် ကြိုတင်ညှိနှိုင်းမှုများ လာ‌ရောက်ပြုလုပ်ရန်နှင့် လူကိုယ်တိုင် သို့မဟုတ် ဖုန်းဖြင့် ကြိုတင်အ‌ကြောင်း ကြားကာ ခွင့်ပြုချက်ရမှသာ လုပ်‌ဆောင်ရန် အုပ်ချုပ်‌ရေးမှူးမှ ‌ပြော‌ကြောင်း ‌စော‌အောင်‌ကျော်ဦးက ဆက်လက်‌ပြောဆိုသည်။

သို့‌သော် ယင်း‌တွေ့ဆုံပွဲတွင် ‌ပြောဆိုခြင်းမပြုရန် သတိ‌ပေးခံထားရ‌သော ငြိမ်းချမ်‌ရေးဖြစ်စဉ်အ‌ကြောင်း အပါအဝင် အိမ်‌မွေးတိရိစာ္ဆန်ကုသ‌ရေးနှင့် ကာကွယ်‌ဆေးကို ထုတ်‌ပေးခြင်း၊ အိမ်‌မွေးတိရိစာ္ဆန်အ‌ကြောင်း ကုသ‌ရေးနှင့် ကာကွယ်‌ရေး၊ လူငယ်နှင့် မူးယစ်‌ဆေးဝါး ပညာ‌ပေး‌ရေး စသည့် အ‌ကြောင်းအရာများကိုလည်း ‌ဆွေး‌နွေး‌ပြောဆိုခဲ့သည်ဟု သိရသည်။

‌တွေ့ဆုံပွဲတွင် ငြိမ်းချမ်း‌ရေးဖြစ်စဉ်နှင့်ပတ်သက်၍ အဓိက ‌ပြောဆို‌ဆွေး‌နွေးခဲ့သည့် ဖားအံအ‌ခြေစိုက် ငြိမ်း ‌ဖောင်‌ဒေးရှင်း တာဝန်ခံ ‌နော်အယ်‌ဖောဝါးက “ကျမအခမ်းအနားက ၁ဝနာရီမှာစမယ်။ ‌ကျေးရွာအုပ်ချုပ်‌ရေး မှူးက‌နေပြီး‌တော့ ‌ခေါ်‌တွေ့‌တော့ ၁ဝ နာရီမှာမစဖြစ်ဘူး။ ‌ဟော‌ပြောပွဲကို စီစဉ်တဲ့သူကို ‌ခေါ်‌တွေ့ပြီး‌တော့ လုပ်ခွင့်‌တောင်မ‌ပေးတဲ့ ပုံစံမျိုး ကျမက‌တော့ ရ‌အောင်လုပ်မယ်။ ပြီးရင်ကျမရှင်းမယ်။ အဲဒါနဲ့ ‌ဟော‌ပြောပွဲကို လုပ်ဖြစ်သွားတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ငြိမ်းချမ်း‌ရေးဖြစ်စဉ်နှင့် ပတ်သက်၍ ကြိုးပမ်း‌ဆောင်ရွက်‌နေသည့် ကာလအတွင်း ယခုလို ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးမှ သတိ‌ပေး‌ပြောဆိုမှုရှိလာသည့်အ‌ပေါ် မဖြစ်သင့်‌ကြောင်း ယင်း‌တွေ့ဆုံပွဲတွင် ပါဝင်သည့် လူမှုအဖွဲ့အစည်းများက ဆိုသည်။

ဖားအံမြို့နယ်၊ သံလွင်မြစ်အ‌နောက်ဘက်ခြမ်း ဝင်းဒရယ်၌ ပြုလုပ်သည့် ‌တွေ့ဆုံပွဲသည် ကရင်ပြည်နယ် အ‌ခြေစိုက် UNDP မှ ဦး‌ဆောင်ခဲ့ပြီး သံလွင်မြစ်အ‌နောက်ဘက်ခြမ်းဂွင်တွင် ‌ကျေးရွာ‌ပေါင်း ၁၀ဝ ‌ကျော်ရှိသည်ဟု သိရသည်။