Home သတင်း KNU တပ်မဟာ(၇)တွင် (၆၅) နှစ်‌မြောက် KNLA ‌နေ့ ကျင်းပခဲ့

KNU တပ်မဟာ(၇)တွင် (၆၅) နှစ်‌မြောက် KNLA ‌နေ့ ကျင်းပခဲ့

2296

ဇူလိုင် ၇ရက်၊ ၂၀၁၄ ခုနှစ်။ စဖန်း‌ရှောင်း

ဇူလိုင်လ ၅ရက်‌နေ့တွင် ကျ‌ရောက်‌သော (၆၅)နှစ်‌မြောက် ကရင့်အမျိုးသား လွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA)‌နေ့ ဂုဏ်ပြု အခမ်းအနားကို ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ဖားအံခရိုင် တပ်မဟာ(၇) ရှိ KNLA ဗဟိုစစ်ဦးစီးဌာနချုပ်တွင် ကျင်းပခဲ့ သည်။

အဆိုပါ အခမ်းအနားသို့ KNU အတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်း၊ ဗဟိုစည်းရုံး‌ရေးနှင့် ပြန်ကြား‌ရေးဌာနမှူး ပဒို‌စောလှထွန်း၊ ဗဟိုစစ်ဦးစီးဌာနချုပ် ‌ဆေးဌာနတာဝန်ခံ ဗိုလ်မှူးကြီး ‌နော်‌စေး‌ဒေးကဲ အပါအဝင် ခရိုင်အရပ်ဖက် အုပ်ချုပ်‌ရေးအကြီးအကဲများ၊ စစ်ဖက်အရာရှိကြီးများ အပါအဝင် လူဦး‌ရေ ၁၅ဝ ‌ကျော်တက်‌ရောက်ခဲ့ကြသည်။

အခမ်းအနားတက်‌ရောက်ခဲ့သည့် KNU အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ပဒိုကွယ်ထူးဝင်းက လက်ရှိ မြန်မာအစိုးရနှင့် ‌ဖော်‌ဆောင်‌နေ ‌သော ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များနှင့်အတူ အနာဂတ် ကရင်အမျိုးသား လွတ်‌မြောက်‌ရေး တပ်မ‌တော်၏ အခန်းကဏ္ဍအ‌ပေါ် ယခုလို ‌ပြောကြားခဲ့သည်။

“ကရင်လက်နက်ကိုင်တပ်‌တွေ ဖွဲ့စည်းရတာက‌တော့ ကိုယ်ပြည်သူလူထုနဲ့အမျိုးသား‌ရေး၊ KNU ရဲ့နိုင်ငံ‌ရေး ရည်မှန်းချက်‌တွေကို ဖြည့်စွမ်းပြီး အကာအကွယ်‌ပေးဖို့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ တကယ်လို့နိုင်ငံ‌ရေး ‌တွေ့ဆုံ‌ဆွေး‌နွေးမှုဖြစ်လာပြီး နိုင်ငံ‌တော် ဖွဲ့စည်းပုံနှင့်အညီ လက်နက်ကိုင် တပ်ဖွဲ့‌တွေပြန်လည်ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။ ဘယ်လိုပုံစံနဲ့ရပ်တည်မလဲဆိုတာ ဖွဲ့စည်းပုံ‌ပေါ်မှာ မူတည်ပြီး‌တော့ ကျ‌နော်တို့ပြန်လုပ်ရမှာ ဖြစ်ပါတယ်”ဟု ပဒို‌စောကွယ်ထူးဝင်းက ‌ပြောသည်။

နံနက် ၁ဝနာရီမှ မွန်းလွဲ ၁နာရီအထိကျင်းပခဲ့သည့် KNLA ‌နေ့ အခမ်းအနားတွင် ကရင်အမျိုးသားအလံ‌တော်နှင့် ကရင့်အမျိုး သားလွတ်‌မြောက်‌ရေးတပ်မ‌တော်အလံကို အ‌လေးပြုခြင်း၊ ကရင်အမျိုးသမီးအစည်းအရုံး (KWO)‌ပေးပို့‌သော သဝဏ်လွှာနှင့် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုးမှ ‌ပေးပို့‌သော မိန့်ခွန်းလွှာ ဖတ်ကြားခြင်း အစီအစဉ်များ ပြုလုပ်ခဲ့သည်။

KNU ဥက္ကဌ ဗိုလ်ချုပ်ကြီးမူတူး‌စေးဖိုး၏ မိန့်ခွန်းတွင် “တနိုင်ငံလုံးအပစ်အခတ်ရပ်စဲ‌ရေးဆိုင်ရာ သ‌ဘောတူစာချုပ်များ ချုပ်ဆိုနိုင် ရန် ကြိုးပမ်း‌နေပြီဖြစ်‌သော်လည်း ‌ကျော်ဖြတ်လာရသည့် အ‌တွေ့အကြုံများအရ တိုင်းရင်းသားလူမျိုးစုများ လိမ္မာပါးနပ်စွာနှင့် သတိဝီရိယရှိရှိ လုပ်‌ဆောင်ရန် လိုအပ်‌ကြောင်း” ‌ပြောဆိုထားသည်။

စစ်မှန်သည့် နိုင်ငံ‌ရေးစနစ် မရှိလျှင် နိုင်ငံ‌ရေးလည်း တည်ငြိမ်မည်မဟုတ်‌ကြောင်းနှင့် နိုင်ငံ‌ရေး မတည်ငြိမ်လျှင် ပြည်တွင်းငြိမ်း ချမ်း‌ရေး ရှိလာမှာ မဟုတ်ဘဲ ငြိမ်းချမ်းမှု မရှိရင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု မည်သို့မျှ ဖြစ်လာနိုင်မည် မဟုတ်‌ကြောင်းလည်း ယင်းမိန့် ခွန်းလွှာတွင် ပါရှိသည်။

၎င်းအပြင် အခမ်းအနားတွင် KNLA တပ်မ‌တော်‌နေ့ကို ဂုဏ်ပြု‌သောအားဖြင့် တက်‌ရောက်လာသည့် KNU ‌ခေါင်း‌ဆောင်များ သည် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်ဖြစ်‌ပေါ်လာပုံနှင့် ဖြစ်‌ပေါ်လာရသည့် အ‌ကြောင်းရင်းများ၊ ‌လေးစားလိုက်နာ သင့်သည်များ၊ ထားရှိရမည့်သ‌ဘောထားများကို ‌ဟော‌ပြောခဲ့ကြသည်။

အလားတူ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်‌နေ့ အခမ်းအနားကို KNU ၏ သက်ဆိုင်ခရိုင်အသီးသီးမှ တပ်မဟာအ လိုက် နှစ်စဉ်ကျင်းပလျှက်ရှိပြီး KNLA ကို ၁၉၄၉ခုနှစ်၌ ဖွဲ့စည်းခဲ့ပြီး ၁၉၅၆ခုနှစ်တွင် အတည်ပြုခဲ့‌ကြောင်း သိရသည်။